Maung YuGhan SDYDecember 31, 20111min832
မကြာမီအချိန်လေးမှာဘဲနှစ်သစ်ကူးပါတော့မယ် လူတိုင်းမှာနှစ်သစ်ကူးဆန္ဒလေးတွေရှိကြမှာပါ ဆုတွေလဲ အမျိုးမျိုးတောင်းကြပေါ့၊ကျွန်တော့်မှာလဲရင်ထဲကတောင်းနေမိတဲ့ဆုတောင်းလေးတွေ ဆန္ဒလေးတွေရှိပါတယ်ပထမဦးစွာ မန္တလေးဂေဇက် မိသားစုဝင်တွေအားလုံး ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ဗျာ၊ ဪ ကျွန်တော့်ဆန္ဒလေးပြောရဦးမယ်  ကျွန်တော်တို့မြန်မာပြည် အေးချမ်းပါစေလို့ဆုတောင်းတယ်  ဒါမှကျွန်တော်တို့တိုင်းပြည်တိုးတက်မယ်  ဒီလိုအေးချမ်းပြီးတိုးတက်လာတဲ့အခါ ကျွန်တော်တစ်ဦးချင်းဆိမှရှိတဲ့ ပရဟိတစိတ်တွေဆီကနေ တကယ်လက်တွေ့ကြကြ လွတ်လွတ်လပ်လပ် အလုပ်တွေလုပ်လို့ရကြမှာ   အရင်နှစ်တွေကဆို ကိုယ့်ဟာကို ကင်းကင်းရှင်းရှင်း လုပ်တာတောင် စုန်းပြူးတွေက နိုင်ငံရေးပါတီ မြေအောက်လိုလို မိုးပျံလိုလိုတောင်တယ်ဆိုပြီး တိုင်ခံရလို့ အားကစားလုပ်တာတောင် အပိတ်ခံရတယ်၊ အခုကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေးကိုဦးဆောင်ကြတဲ့ ခေါင်းဆောင်တွေကလဲ ချစ်ချစ်ခင်ခင်နဲ့ စေတနာအပြည့်နဲ့လုပ်နေကြပြီ၊ ကျွန်တော်တို့လိုသေးမွှားတဲ့ပရဟိတလုပ်ငန်းကနေ ကြီးကျယ်တဲ့လုပ်ငန်းတွေကိုလုပ်ဆောင်နေသူတွေပါ လွတ်လပ်စွာလုပ်လို့ရတော့မယ်လို့ကျွန်တော်ယူဆမိပါတယ်ဒါကြောင့်မို့လို့ အေးချမ်းပါစေဆုတောင်းတာပါ၊ ဒီနှစ်အတွက် ကျွန်တော်အားကစားကိစ္စကို  ပြောရမယ်ဆိုရင်တော့  2011 တိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဦးရခိုင်ပြည်နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အမျိုးသားအားကစားသမား7 ဦး အမျိုးသမီးကစားသမား7ဦးလုံးဟာ ကျွန်တော်ကိုယ်တိုင်သင်ထားတဲ့ ရခိုင်ပြည်နယ်တွင်းနေထိုင်သူတွေပါ၊ တခြားအသင်းတွေကတော့ ရန်ကုန်က ကစားသမားတွေငှားကစားကြပါတယ်၊ ကျွန်တော်တို့ရခိုင်အသင်းဟာ […]