zaw mgFebruary 15, 20111min620
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖေဖော်ဝါရီ ၁၈ မှာ နေအိမ်သစ်ပြောင်းမည် ဟုဆို မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လာမဲ့သီတင်းပတ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကစလို့ ကာကွယ်ရေးဝန်ကြီးဌာနဝင်း အပြင်ဖက်က နေအိမ်သစ်မှာ ပြောင်းရွှေ့ နေထိုင်တော့မည်ဟု အင်တနက် သတင်းစာမျက်နှာများတွင်ရေးသားဖေါ်ပြနေကြကြောင်းသိရသည်။ ဗိုလ်ချုပ်မှူးကြီးနဲ့ မိသားစုဟာ လက်ရှိနေထိုင်တဲ့ နေပြည်တော် စစ်ရုံးချုပ်ဝင်းအတွင်းနေအိမ်ကနေ နေပြည်တော် မြို့လယ် ပုဗ္ဗာသီရိမြို့ ဟိုတယ်ဇုံအနီး တည်ဆောက်ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့မှာ ဖြစ်ပြီး ပြောင်းရွှေ့ ရန် အတွက် နေ့ကောင်းရက်သာ ရွေးချယ်နေခြင်းဖြစ်ကြောင်းသိရသည်။ “အဲဒီ ဝင်းထဲမှာ ဒီ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိမ်ရှိတယ်၊ သူ့အိမ်က ဒီအိမ်ရှေ့မှာလည်း အဝိုင်းကြီး ရှိတယ်ပေါ့နော်။ ပြီးတော့ ရေကူးကန်တို့၊ အိမ်ကြီးရဲ့ ဘေးမှာလည်းပဲ […]