zaw mgFebruary 23, 20111min1176
ဦးတေဇ ကယ်ရန် ထိုင်းက ရဟတ်ယာဉ်ငှား Wednesday, 23 February 2011 15:15  ကချင်ပြည်နယ် ရေခဲတောင်ပေါ်တွင် ပိတ်မိနေသည့် ဦးတေဇကို ကယ်နိုင်ရန် ထိုင်းနိုင်ငံမှ ငှားရမ်းထားသည့် ရဟတ်ယာဉ်တစီး ချင်းမိုင်မြို့မှနေ၍ မန္တလေးမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ အမြင့်ပေ ၁၂၀၀ဝ အထိ ပျံသန်းနိုင်သည့် ရဟတ်ယာဉ် ဖြစ်သည်ဟု ဆိုသည်။ မြန်မာ့တပ်မတော် (လေ) ရှိ ရုရှားလုပ် ရဟတ်ယာဉ်များသည် အမြင့်ပေ ၁၀၀၀ဝ ခန့်သာ ပျံသန်းနိုင်သည်ဟု သိရသည်။ ကယ်ဆယ်ပြီးပါကလည်း ဦးတေဇနှင့် အဖွဲ့သည် ယနေ့ညနေတွင် ရန်ကုန်မြို့သို့ ရောက်ရှိနိုင်မည် မဟုတ်ဘဲ ပူတာအိုမြို့သို့သာ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း တပ်မတော် (လေ) အသိုင်းအဝိုင်းက ပြောသည်။