…..လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မဂ္ဂဇင်းထဲမှာ နိုင်ငံကျော် အမျုးိသမီး အဆိုတော်တစ်ဦးဟာ သူ့ဘဝဇတ်ကြောင်း အတ္ထုပ္ပတ္တိလေးတွေကို လစဉ်အခန်းဆက် ရေးခဲ့ပါတယ်။ တိုင်းသိပြည်ကျော် လူချမ်းသာစာရင်းဝင်တွေ ဆိုတော့ လူစိတ်ဝင်စားမှုလည်း များခဲ့တယ်။ အသက်ကွာဟမှုကြောင့်  မိဘတွေ သဘောမတူတဲ့အကြောင်း၊ ဆံပင်ရှည်ကြီးဖားလျားနဲ့ ခိုးရာလိုက်ပြေးခဲ့ရတဲ့အကြောင်း၊ ချွေးမတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံတွေ စသည်ဖြင့် မိမိမိသားစု၊ ယောက္ခမမိသားစုကို ကြွားရာမကျစေဘဲ မသိမသာလေး ဗန်းတင်ပြီး ရေးပြသွားခဲ့တယ်။ မိမိမိသားစု၊ မိမိလင်သားကို ဗန်းတင်ပြီးရေးရင်းနဲ့ မိမိကိုယ်တိုင်ကလည်း သူတို့နဲ့ တစ်ပါတည်း ရေမြင့်တော့ ကြာတင့်သွားခဲ့တယ်။ ဒါဟာ ဘာကိုပြဆိုသလဲဆိုတော့ မြန်မာအမျိုးသမီးတွေရဲ့ စံနှုန်း၊ အမျိုးသမီးတွေရဲ့ ဘဝ။ (စာရေးဆရာနဲ့ သူ့စာကို ဝေဖန်လိုရင်း မဟုတ်ပါ) …..တချို့ အမျိုး သမီးတွေကလည်း မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့မာန (မိန်းမမာန) ကို အလေးပေးရေးသားရင်း […]