မြို့တော်ခန်းမ၏ နာရီကြီး ခြောက်နာရီ ဒင်ခနဲထိုးသည်နှင့် ရော်ဂျာသည် ဒေါက်တာ့ဂီလီ့ရုံးခန်းထဲ ရောက်လာခဲ့သည်။ ကောင်ကလေး၏ ထိုးထွက်နေသော အရပ်ကြီးကြောင့် ဒေါက်တာ့ခမျာ တအံ့တဩ။ ကောင်ကလေး၏ အဝတ်အစား နွမ်းပါး လွန်း၍လည်း ဒေါက်တာအံ့ဩရသည်။ အက်ရှ်လေတို့သည် နည်းပါးသောလစာပေါ်တွင် ရောင့်ရဲတင်းတိမ်မှု ကြွယ်ဝစွာဖြင့် တစ်သက်လုံး နေထိုင်ခဲ့ကြသည်။ အိမ်ချုပ်များဖြစ်သော ကောင်ကလေး၏ အဝတ်အစားသည် သပ်သပ်ရပ်ရပ်နှင့် သန့်ပြန့်နေ သည်။ အကျႌလက်များက လက်ကောက်ဝတ်ထိ မရောက်။ ဘောင်းဘီက ခြေချင်းဝတ်ဆီ မမီ။ တောဂိုက်ဖြစ်၏။ သူတစ်ပါး၏ အထင်အမြင်ကို ဂရုမစိုက်တတ်ခြင်းသည် အက်ရှ်လေတို့၏ ကြွယ်ဝခြင်းအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ရော်ဂျာသည် အတန်း ထဲတွင် အတော်ဆုံးကျောင်းသား၊ ဘေ့စ်ဘောအသင်း ခေါင်းဆောင်။ သူ့အဖေလိုပင် မြို့သေးသေးလေးထဲမှ ဘုရင်ကလေး တစ်ဆူ။ ကြံ့ခိုင်သည်၊ တည်ငြိမ်သည်၊ နှုတ်နည်းသည်။ […]


အက်ရှ်လေကို ဆင့်ခေါ်ခြင်းမှာ ရေတိုကိစ္စအတွက် ဖြစ်သည်။ အပြိုအပျက်ဧရာမကြီးကို ဟိုနည်းနည်း သည်နည်းနည်း ဖာရန် ထေးရန် ခံခုပေးရန် အက်ရှ်လေကို ခေါ်ခြင်းဖြစ်သည်။ အက်ရှ်လေသည် ပထမနှစ်လတွင် ပါးစပ်ပိတ်ထားသည်။ ကြည့်ရှုသည်။ နားထောင်သည်။ နဖူးတွင် ဓာတ်မီးဆင်ပြီး ဥမင်ထဲ နေ့ဝက်ခန့် ဝင်လေ့လာသည်။ သတ္တုတွင်းသုံး လှောင် ချိုင့်များသည် ခေတ်ဟောင်းပုံစံအတိုင်း ကြိုးများ ပူလီများဖြင့် သက်ချည်တက်ချည် သွားရသည်။ ဦးစီးများသည် ထက်ထက်မြက်မြက် မရှိကြ။ ပွေးသတ္တဝါများလို ကျင်းထဲ အနေကြာခဲ့ကြပြီဖြစ်၍ အစွမ်းအစများလည်း ပျောက်ဆုံးကုန်သည်။ သူတို့၏ ပြဿနာကို အက်ရှ်လေအား တင်ပြကြမှ အစွမ်းအစများလည်း ပြန်ပေါ်လာကြသည်။ မည်သည့်အလွှာက အန္တရာယ်ရှိသည်ကို မြင်လာကြသည်။ အက်ရှ်လေသည် အန္တရာယ်ကို နေရာတိုင်းတွင် တွေ့သိနေသည်။ နေလက်စအခြေအနေကြောင့် ထုံထိုင်းတွေဝေနေသော အလုပ်သမားများသည် သတ္တုတွင်းများ၏ […]


အပိုုင်း(၁) မြိုင်ဂေဟာ ၁၈၈၅ – ၁၉ဝ၅ ကျောက်မီးသွေးမြို့ကလေးတွင် ‘မြိုင်ဂေဟာ’ ဟူသည် ဒုတိယအသားနားဆုံး အိမ်ကြီးရခိုင်တစ်လုံး ဖြစ်သည်။ ထိုအိမ်ကြီးကို ဆောက်ခဲ့သူကား ‘မက်ဂရေဂေါ’။ ထိုစဉ်က ကျောက်မီးသွေးတွင်းများ အနေဖြင့် ပစ္စဘာ့ဂ်မှ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့အပေါ် အလွန်အမင်း မှီခိုအားထားနေစရာ မလိုခဲ့သလို ဒေသခံကြီးကြပ်သူများ ငွေရွှင်နေကြချိန်လည်း ဖြစ်ရာ မြိုင်ဂေဟာပိုင်ရှင် မက်ဂရေဂေါသည် ‘ခေါင်းလောင်းပြာ’ နှင့် ‘ဟန်ရီတာ ဘီ မက်ဂရေဂေါ’ တွင်းများကို တူး၍ ကြွယ်ဝချမ်းသာလာခဲ့သည်။ ဂျွန်အက်ရှ်လေတစ်ယောက် ထိုမြိုင်ဂေဟာကို ဝယ်နိုင်ရန် ဘယ်တုန်းကမှ မတတ်နိုင်ခဲ့ချေ။ ကျောက်မီးသွေးတွင်းများ အခြေမလှတော့သည့် အချိန်မှ ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာအဖြစ် ဤမြို့ကလေးသို့ ဂျွန်အက်ရှ်လေ ရောက်လာခဲ့သည်။ သူ၏တာဝန်ကား မစို့မပို့ငွေကလေးဖြင့် တစ်စစီယိုယွင်းနေသော အစိတ်အပိုင်းများကို ပြုပြင်ရခြင်းသာ။ မဖြစ်စလောက် […]


အချီး ၁၉ဝ၂ခု၊ နွေရာသီ အစောပိုင်းတွင် အီလီနွိုက်စ်တောင်ပိုင်း သတ္တုတွင်းမြို့ကလေးဖြစ်သော ကျောက်မီးသွေးမြို့မှ ဂျွန် ဘာရင်တန် အက်ရှ်လေသည် သူ၏အထက်အရာရှိ ဘရက်ကင်ရချ် လင်စင်းကို သတ်မှုဖြင့် အဖမ်းခံခဲ့ရသည်။ အက်ရှ်လေသည် ပြစ်မှုထင် ရှား၍ သေမိန့်ကျခဲ့သည်။ သေမိန့်ချပြီး ငါးရက်အကြာ ဇူလိုင်လ ၂၂ရက်၊ အင်္ဂါနေ့၊ တရားခံအား ကွပ်မျက်ရန်အသွား၊ ရထား ပေါ်တွင် အစောင့်များကြားမှ တရားခံသည် ဝင်ကယ်ထုတ်ခြင်း ခံရသည်။ အီလီနွိုက်စ်တောင်ပိုင်း မထင်မရှားမြို့ကလေးမှ သိပ်အရေးမပါသော ထိုဖြစ်ရပ်သည် တရားခံကို ထူးဆန်းစွာ ဝင်ကယ် ထုတ်ခြင်း မရှိခဲ့ပါက ဤမျှအမှတ်ထင်ထင် ဖြစ်ကျန်ရစ်မည် မဟုတ်ချေ။ တရားခံ အက်ရှ်လေသည် တစ်စုံတစ်ရာ ကြိုးပမ်း အားထုတ်ခြင်း မရှိပါဘဲ ဝင်ကယ်ထုတ်ခြင်းကို ခံခဲ့ရသည်။ အထမ်းသမားဝတ်စုံ ဝတ်ထားသော လူခြောက်ဦးသည် […]