kaiAugust 16, 201014min1251
သတင်းဆောင်းပါးလေး ဒီအတိုင်းပဲကူးတင်ပေးလိုက်ပါတယ်။ တချိန်ချိန်တော့ မြန်မာပြည်ရဲ့အကောင်းဆုံး တံဆိပ်တွေကိုလည်း မှတ်တမ်းတင်နိုင်မယ် မျှော်လင့်မိပါတယ်။ ကြက်ဆင်တံဆိပ်ဖဲထီးတို့။ ရွှေကျီးနိုင်လွန်တို့။ မောင့်ကြက်သရေခေါင်းပေါင်းတို့ ၊ နိုင်ငံခြားကလာဖွင့်တဲ့ ရိုးကုန်တိုက်တို့၊ ဆေးဝယ်ရင်စိတ်ချရတယ်ဆိုတဲ့ ဒီဇူစာတို့…စသဖြင့်ပေါ့။  မြန်မာပြည်ဟာ ၁၉၆၂ စစ်တပ်ကအာဏာသိမ်းအုပ်ချုပ်ပြီးသကာလ အားလုံးတရားဝင်လေးဖြစ်သွားအောင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ချီတက်ပေးလိုက်တာမို့ အကုန်လုံးကတော့အခုအချိန်မှာ အမြစ်တောင်မကျန်ပြုတ်ကုန်ပါပြီ။ ရှေးရှေးတုံးကပေါ့နော်.။အဲဒါတွေ မှတ်မိသူတွေ ချရေးပေးကြပါဦး..။ အခုတော့ ယူအက်စ်နဲ့ပဲကျေနပ်ပေါ့။ ဒီနေ့မှာပဲ တရုတ်ပြည်စီးပွားရေးဟာ ကမ်ဘာ့ဒုတိယနေရာရောက်လာတဲ့အကြောင်း သတင်းဖတ်လိုက်ရတယ်။ ၂၀၃ဝမှာ အမေရိကကျော်နိုင်တယ်လည်း ဆိုကြလေရဲ့။ နောက်တော့သတင်းထဲ အလွမ်းပြေ ဒီတံဆိပ်လေးတွေအကြောင်း ဖတ်မိတာမို ့…အားလုံးကိုမျှဝေလိုက်တာပါ။ ရာစုနှစ် ၂ခုစာလောက် ပြုစုပျိုးထောင်ထားတဲ့ ဒီတံဆိပ်တွေနဲ့ ကုမ်မဏီတွေက စကားတွေအများကြီးပြောနေမှာပါ။ အဲဒီအသံကို အမိအရဖမ်းကြပေါ့နော..။ စိတ်ဝင်စားတဲ့သူတွေလည်း ဆွေးနွေးကြပေါ့။ ကိုယ်သိတာလေးတွေလည်း ဝေမျှကြပါလို့…။ The Greatest […]