kaiMay 2, 20102min964
ဒီနေ့ စာတိုက်မှာရောက်နေတဲ့ တိုင်းမဂ္ဂဇင်းလေးတွေ့တော့ ..ဒီတပါတ်ထူသားပဲဆိုပြိး အဖုံးကြည့်မိပါတယ်။ အဖုံးက ဒရော့ဘာ၊ လေဒီဂါဂါနဲ့ ကလင်တန်ပုံ.. တွေပါပြီး (the 100 most influential people in the world )ရေးထားတော့.. ထုံးစံအတိုင်း ဒေါ်စုတယောက်တော့ ပါဥိးမှာပါဆိုပြီး လှန်လှောကြည့်ပါတယ်။ မတွေ့ဘူးဗျ.။ အဲဒါနဲ့..သေသေချာချာ ထပ်ကြည့်တော့ .. စာမျက်နှာ ၁၄၄ မှာ Heroes ဆိုပြီး အောက်ဆုံးကအတိုင်း(မူရင်း)ရေးထားတာလေး တွေ့ပါတယ်။ တိုင်မ်းမဂ္ဂဇင်းဆိုတာ ကမ္ဘာတည်သရွေ ့ရှိသွားမဲ့ ကမ္ဘာကျော်မဂ္ဂဇင်းကြီးပါ။ အဲဒီမှာ ဟီးရိုးအနေနဲ့ ကလင်တန်နဲ့တွဲပြီး ခေါင်းစဉ်တူအောက်မှာ ဗမာလူငယ် နေဘုန်းလတ် အမည်ပါတယ်ဆိုတော့..။ အင်း.. ဒို့ဗမာတွေ… ဂုဏ်ယူစရာတခုတိုးပြန်ပြီပေါ့။ ဗမာလူငယ်ဆိုတာ….အဲဒီလိုမှ..ပေါ့နော။ အဲဒီလိုလူတွေနေတဲ့ တိုင်းပြည်(အမိမြန်မာပြည်) တနေ့နေ့တချိန်ချိန်မှာ ကမ္ဘာ့ထိပ်တန်းရောက်လာမယ်လို့..ထင်မိပါတယ်။ Nay Phone […]