ကြောင်လေးApril 16, 20121min941
သင်္ကြန်အတက်နေ့ ညဖက်ထိရေကစားခွင့်ရနိုင်ဖွယ်ရှိ သိကြားမင်းစီးနင်းလိုက်ပါမည့် လူ့ပြည်၊နတ်ပြည်၊ ဗြမ္မာ့ပြည် ပျံသန်းမည့်ရထားပျံကြီးအား၊ ဗြမ္မာကြီး၏မြေးမောင်ငွေဝန်းပြည့် လိုက်ပါမည်ဖြစ်သဖြင့် ထိုပုဂ္ဂိုလ် မရောက်မခြင်း စောင့်ဆိုင်းနေရမည်ဟုညွှန်ကြားထားကြောင်းသိရှိရသည်။ ထို့ကြောင့် သကြားမင်းသည်လူ့ပြည်မှ ပြန်လည်ထွက်ခွာချိန်နောက်ကျ နိုင်ဖွယ်ရှိပြီး လူ့ပြည်တွင် ယခုနှစ် ရေကစားခြင်းများအား ညဖက်ထိ ကျင်းပခွင့်ရနိုင်ဖွယ်ရှိကြောင်း တာဝတိ ံသာနတ်များခန့်မှန်းပြောဆိုနေကြောင်းသတင်းရရှိပါသည်။ ကြောင်လေး: တာဝတိ ံသာ ဂျာနယ်လစ်(TJ)


ကြောင်လေးApril 15, 20121min1096
လျှို့ဝှက် သတင်းပေါက်ကြားမှု ကြောင့် သင်္ကြန်တွင်းလူငယ်များအရက်သေစာသောက်စားမှုများပြားလာ   လူ့ပြည်တွင် ခွေးသားများအား ဆတ်သားခြောက်အဖြစ်ပြုလုပ်ရောင်းချမှုများပြားနေသည့်အတွက် ခွေးများရှားပါးလာပြီး  တာဝတိ ံသာသို့ခွေးတင်ပို့မှုနည်းပါးလာကာ ခွေးသားရေ ထုတ်လုပ်မှုလျော့ကျလျှက်ရှိနေကြောင်းသိရှိရပါသည်။ ထို့ကြောင့်သိကြားမင်းကြီး လူ့ပြည်သို့ဆင်း၍လူဆိုးလူမိုက်များစာရင်းကိုရေးမှတ်ရန် ခွေးသားရေ အလုံအလောက်ပါရှိမသွား ကြောင်းလည်းလျှိ့ဝှက်သတင်းများထွက်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။ ထိုလျှို့ဝှက်သတင်းအား (မြန်မာနိုင်ငံ၏ထုံးစံအတိုင်း အထူးလျှို့ဝှက်သတင်းများကို အချို့ဌာနအရာရှိများမသိသော်လည်း ဒေါ်အာကျယ်ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ပဲပြုတ်သည်များသမဂ္ဂ  အဖွဲ့ဝင်များ၏သတင်းဖွမှုကြောင့် တတိုင်းပြည်လုံးသိရှိကြရသည့်နည်းတူ) ယနေ့လူငယ်များ သတင်းရရှိသွားပြီး လူ့ပြည်တွင် သိကြားမင်းကြီး ရှိနေသည့် အချိန်မှာပင် အရက်သေစာများကို ယောက်ျားလေးများပါမက  မိန်းကလေးများပါရဲရဲတင်းတင်းသောက်စားမူးယစ်လျှက် အတာသင်္ကြန်ပွဲအား ဆင်နွှဲလျှက်ရှိနေကြောင်း တာဝတိ ံသာ နတ်သားများကြားတွင် ပြောဆိုဝေဖန်မှုများ ရှိနေသည်ကိုကြားသိရပါသည်။   ကြောင်လေး : တာဝတိ ံသာ ဂျာနယ်လစ်(TJ)


ကြောင်လေးApril 14, 20121min1097
ယခုရက်ပို်င်းအတွင်း မြန်မာနိုင်ငံသို့ရောက်ရှိလာသော နိုင်ငံခြားတိုင်းပြည်များမှ ခေါင်းဆောင်များ သံတမံများသည် NLD  ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား  မဖြစ်မနေလာရောက်တွေ့ဆုံလျှက်ရှိကြသည်။ နတ်မျက်စေ့ပုလင်းကွဲကို အတင်းဖြဲကြည့်သည့်အတွက် ထိုကိစ္စအား သိရှိသွားသောတာဝတိ ံသာ၏ခေါင်းဆောင် မစ္စတာ မာဃ သည်လည်း လူ့ပြည်ရောက်လျှင် NLD  ပါတီဥက္ကဌ နှင့် မဖြစ်မနေ တွေ့သင့်ကြောင်းစဉ်းစားမိရကား၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရက်ချိန်းမရမှာစိုးရိမ်သည့်အတွက် လူ့ပြည်တွင် (လူ့အသက်နှင့်) နှစ်ရက်နေမည်ဖြစ်ကြောင်း လူ့ပြည်သို့ မဆင်းမီ (နတ်သက်နှင့် ) ယနေ့မနက် စောစောကပြုလုပ်သော နတ်သဘင်အစည်းအဝေးတစ်ခုတွင်ထုတ်ဖော်ပြောကြားကြောင်း သတင်းရရှိပါသည်။   မြန်မာနိုင်ငံ ၏ မြန်နှုန်း ညံ့ အင်တာနက် ကွန်နက်ရှင်ကြောင့်  သတင်းနောက်ကျ ဖော်ပြသည့်အတွက်  အနူးအညွတ်တောင်းပန်အပ်ပါကြောင်း ကြောင်လေး : တာဝတိ ံသာ ဂျာနယ်လစ်( TJ)