အရင်က ဂေဇက်ရဲ့ ညာဘက်အခြမ်းက Lastest Comments တွေကို ကြည့်လိုက်တိုင်း စိန်ပေါက်ပေါက် (ပေါက်ဖော်) ဆိုတဲ့ အမည်ကို အများကြီး တွေ့ရပါတယ်။ အခုတော့ မတွေ့ရ …။ မတွေ့ရတာမှ တစ်ပတ်ကျော်ပင် ကြာခဲ့ရပေါ့။ သူ မရှိတော့ ပျင်းခြောက်ခြောက်နဲ့ ….. ။ ဂေဇက်က လူတွေက သူ့ကို ချစ်ခင်ကြတယ်။ သူ့ရဲ့ ကွန်မန့်တွေကလည်း ဟာသဆန်တယ်။ ဖတ်လိုက်တိုင်း ပြုံး၊ ရယ်၊ ဟား စေတယ်။ မွန်းကြပ်နေတဲ့ စိတ်တွေကိုလည်း လွတ်လပ်စေပါတယ် …။ တကယ်လို့ ဂေဇက်ဟာ အငြိမ့်ပွဲတစ်ခု ဖြစ်ခဲ့ရင် သူက ပြောင်မြောက်တဲ့ လူရွှင်တော် တစ်ဦး …။ တကယ်လို့ ဂေဇက်ဟာ ဟင်းတစ်ခွက် ဖြစ်ခဲ့ရင် သူက ဆားကလေးပေါ့။ […]