kaiJanuary 27, 20105min1104
ကားအစင်း ၂.၃သန်းကျော်ကားစီးနေသူတွေထံကပြန်မှာယူပြီး ပြင်လိုက်ရတဲ့ တိုယိုတာဟာ အဂါင်္နေ့ ဇန်နဝါရီ ၂၆မှာ ကားအရောင်းတွေပါရပ်ထားမယ်လို ့ကြေညာပါတယ်။ သတင်းကိုတော့ အောက်က မူရင်းအင်္ဂလိပ်သတင်းမှာကြည့်နိုင်ပါတယ်။ ပြောချင်တာက ဗမာတွေအတွက်ပါ။ တကယ်လို ့တိုယိုတာ ဝယ်စီးနေတယ်၊ သူတို့ထုတ်ပြန်တဲ့ ကားအမျိးအစားမှာပါနေတယ်ဆိုရင် အမြန်သာ ပြေးပြီး ပြုပြင်ကြစေချင်ပါတယ်။ သူတို ့ပြန်ခေါ်နေတဲ့ အဓိကအကြောင်းက လီဗာက ကားကြမ်းအောက်ခင်းခြေသုတ်ဖုံနဲ့ ညပ်ပြီး လီဗာနင်းထားသလိုဖြစ်တတ်တာမို ့ပါ။ အဲဒါဟာ အန္တရာယ်အလွန်ကြီးပြီး ပြီးခဲ့တဲ့ ၂နှစ်လောက်ကစလို့ အသက်တွေပါသေကုန်ကြတဲ့အထိ ပြသနာတွေဖြစ်ကုန်ကြလေရဲ့…။ တကယ်လို့..တကယ်လို ့….။ ကိုယ့်ရဲ့ကား အဲဒီလိုလီဗာကပ်ပြီး ဖရီးဝေးမှာ မိုင်၁၂ဝလောက်အထိ တောက်လျှောက်တက်လာရင်ဘယ်လိုလုပ်မလဲ.. အဲဒီအကြောင်းဆွေးနွေးကြည့်ကြပါစို့..။ လိုအပ်တာတွေရှိဦးမယ်ဆိုရင်လည်း  ကားအကြောင်းနားလည်သူတေံက ဖတ်မိရင်ဖြည့်စွက်ပေးကြစေလိုပါတယ်။ အောက်မှာ ဖြစ်နိုင်ချေနဲ့ လုပ်ရမှာတွေ ချရေးကြည့်ပါမယ်။ တကယ်လို ့ကားဟာ မောင်းနေရင်း အရှိန်တက်လာပြီး […]