mnoeFebruary 14, 20111min21811
အခုတလောမှာ ဟိုမှာ ဒီမှာ မီးလောင်နေတာတွေ မြင်တွေ့နေရတော့ ဟိုတစ်လောက ကျမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကလေးကို မျှဝေချင်ပါတယ်။ ရုံးဖွင့်ရက်မနက်စောစောတစ်ရက်မှာပေါ့။ အသံတစ်သံ။ ရှည်ရှည်လျှားလျှားအော်သံ။ တိတိကျကျပြောရရင် အရေးပေါ် ယာဉ်တစ်စီးစီး ကထွက်လာတဲ့ ဥဩဆွဲသံ။ ဒါပေမဲ့ ဒီလိုအသံတွေက ခပ်များများ။ ဘယ်သူမှန်းမသိတဲ့ လူတွေရှေ့က ပြေးပြေးအော်တဲ့ မော်တော်ပီကယ်သံ၊ လူပါပါမပါပါအော်တတ်ပေမဲ့ ကားတွေသိပ်ကျပ်နေရင် သူလဲရပ်နေရတတ်တဲ့ အရေးပေါ်လူနာတင်ယာဉ်သံ၊ ကြိူးစားအော်ရှာပေမဲ့ နဲနဲအန်းတစ်ဖြစ်နေလို့ အသံဝင်ပြီး ချောင်းဆိုးနေတဲ့ မီးသတ်ကားသံ။ အခုကဘာသံပါလိမ့်။ ငြိမ်ပြီးနားထောင်လိုက်ဦးမယ်။ ဟာ…ဒါ …ဒါ …  အသံဝင်နေတဲ့အသံဆိုတော့ မီးသတ်ကားသံ။ ဘယ်မှာမီးလောင်ပြန်ပြီလဲ။ ဒါပေမဲ့ ဒီတစ်ခါ အသံတွေက အရမ်း ကျယ်လွန်းနေပါလား။ အနား ကပ်အော်နေသလိုပဲ။ နေဦးအသံက ဘယ်ကိုသွားသလဲ နားထောင်။ ဟင်..အသံက ငါတို့နားမှာ ရပ်သွားပါလား။ […]