True AnswerAugust 16, 20111min1405
စာရေးဆရာကြီး နန္ဒသိန်းဇံ (အသက် ၆၅ နှစ်) သည် ဩဂုတ်လ ၁၄ရက် တနင်္ဂနွေနေ့ ည ရ နာရီ ၁၅ မိနစ်တွင်ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်အထိ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့သူ ဆရာကြီး၏ ရုပ်အလောင်းအား ရေဝေးသုဿာန်တွင် ကြာသာပတေးနေ့၌ ဂူသွင်း သဂြိုင်္ဟ်မည်ဖြစ်သည်။ မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းကိုု ”ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာ” အမည်ဖြင့် ၁၉၆၉ ခုုနှစ်တွင် လုုံးချင်းအဖြစ် ထုုတ်ဝေခဲ့သည်။ ဘဝဒဿနများနှင့် ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို ကွယ်လွန်ချိန်အထိ ရေးသားခဲ့သည်။ ကွယ်လွန်ချိန်အထိ စာအုပ် နှစ်ဆယ်ခန့် ရေးသားခဲ့ကာ ဆောင်းပါးရာနှင့်ချီ၍ ရေးသားခဲ့ကာ ယင်းတို့ထဲမှ “ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာ”၊ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း”၊ “မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွား […]