ပထမပုံက ကိုကြောင်ဝယ်ပေးတဲ့ စာအုပ်ပါ။ ဒုတိယပုံကတော့ ကျမဘာသာပြန်ထားတဲ့ စာအုပ်အဟောင်းပါ။ ခြ ကိုက်သွားပေမယ့် နှမျောလို့ ဆက်သိမ်းထားမိနေတုန်းပဲ။ စာအုပ်မျက်နှာဖုံးက နာမည်ကျော် ပန်းချီကားတစ်ကား။ လူတစ်ဦးချင်းစီရဲ့ အသွင်သဏ္ဍာန်ကို ဖျောက်ထားတဲ့ လှေကားအတက်အဆင်းခရီးသည်တွေပုံပါ။ —– ကျမ ဘာသာပြန်ပြီးသား မူရင်းစာအုပ်တွေနဲ့  လက်ရေးမူတွေကို မအူပင်အိမ် မကောင်းတော့ ရန်ကုန်က အမေ့အိမ် ပို့ထားတတ်တယ်။ အမေ့အိမ်ကလည်း စာအုပ်ဂိုဒေါင်ကြီးလို ဖြစ်နေတယ်။ အဲဒါနဲ့ အရေးကြီး မူရင်းစာအုပ်ဖြစ်တဲ့  Two  Solitudes စာအုပ် ခြ ကိုက်ခံရပါလေရော။ စာအုပ် မထိန်းသိမ်းနိုင်တဲ့ ကိစ္စက အိမ်ရဲ့ ထာဝရ ပြဿ      နာပါ။ —– ကျမ သဘောက တန်ဖိုးမရှိတဲ့ အဟောင်းအမြင်းတွေကို စွန့်ထုတ်ပစ်လိုက်မှ  တန်ဖိုးရှိစာအုပ်တွေကို ထိန်းသိမ်းနိုင်မယ်။ […]