kaiMarch 24, 20101min33413
အောက်က ဆောင်းပါးကို ခေတ်ြိပိုင်က ကူးယူပါတယ်။ သူ့ရဲ့လင့်ခ်က ( http://khitpyaing.org/articles/2010/March/23310.php) ဖြစ်ပါတယ်။ ဗမာတွေဖတ်စေချင်လို ့ပါ။ အထူးသဖြင့် မြန်မာပြည်ပြင်ပရောက်ပြီး ဒီမိုကရေစီနိုင်ငံတွေမှာ နေထိုင်ကြတဲ့ ဗမာတွေကို ဖတ်စေချင်လို့ပါ။ ပိုပြီး အထူးပြုပြီး ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ ဗမာတွေဖတ်စေချင်တာပါ။ ခုတလောက အင်တာနက်သူရဲကောင်းတွေ လေလှိုင်းတွေစီးပြီးသူများအယူဝါဒတွေကို အကြီးအကျယ် ပုတ်ခတ်ရှုံချနေကြတာတွေများတော့ အဲဒီ သူရဲကောင်းတွေကိုလည်း သိစေချင်မိတာပါ။ ကိုယ်ကိုးကွယ်တဲ့ ဘာသာမှအမှန်၊ ကိုယ့်ဂိုဏ်းကအမှန်။ ကိုယ့်နည်းကအမှန် ဆိုတဲ့သူတွေကိုလည်း ရေးချင်တာ ပြောချင်တာတွေအများကြီးပါပဲ..။ ငယ်ငယ်က ကြားဖူးခဲ့တဲ့ “လူသားစားတဲ့ ဦးလာဘ” ဆိုတာကို အခုဆောင်းပါးမှာ ဦးအောင်ခင်ဖွင့်ချတော့ “လုပ်ကြံစွပ်စွဲလိုက်တာ” ဆိုပါတယ်။ အလွန်အံ ့ဩမိတာပါပဲ။ အဲဒီဆောင်းပါးတခုလုံးမှာ…စိတ်ကိုထိထိခိုက်ခိုက်ဖြစ်စေတာ အဲဒီစာကြောင်းလေးမို ့ခေါင်းစဉ်အဖြစ်တင်ပေးလိုက်ပါတယ်။ ထပ်ပြီးမှတ်မိနေသေးတာက တိရိစ္ဆာန်ရုံမှာ “ဦးလာဘ ကိုကျားစာကျွေးတယ်ဆိုပါတယ်” တကယ်မဖြစ်နိုင်ပေမဲ့ […]