kaiJanuary 31, 20101min1867
သတင်းတွေဖတ်မိနေရတယ်ဗျ။ အောက်မှာ ဗွိုက်စ်ကသတင်း မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်။ သတင်းထဲမှာ စိတ်ဝင်စားတာက “အဆိုပါနေအိမ်၌ပင် နှစ်ပေါင်း ၂၁ နှစ် ကျော်နေထိုင်လျက်ရှိကြောင်း” ဆိုတာလေးပါ။..အင်း..အဲဒီနိုင်ငံမှာမွေးပြီး ..အဲဒီနိုင်ငံမှာပဲ ၂၁နှစ်တောက်လျှောက်နေခဲ့ပြီပဲ…။ ထားပါတော့..။ ဦးအောင်ဆန်းဦးက မြန်မာ-အမေရိကန်ဖြစ်လေတော့ သူ့အကြောင်း သတင်းမှတ်ချက် သုံးသပ်ချက်ကလေးများရေးမလားရယ်ပေါ့။ ကျုပ်တို့က အမေရိက အခြေစိုက်သတင်းစာ လုပ်နေတာကိုး..။ ဒီတော့ ဆန်ဒီယေးဂိုဖက်ဆင်းရမလား၊ သတင်းထောက်လက်မှတ်ပြပြီး ဆိုင်ရာမြို ့နယ်ထဲပဲ ဝင်အချက်အလက်ယူစုံစမ်းရမလားရယ်ပေါ့။ ဒီတော့ …သတင်းသမားတချို ့နဲ့ နည်းနည်းတိုင်ပင်ကြည့်ပါတယ်။ သူက အမေရိကန်ကြီးပါ။ အသက်အရဆို ပင်စင်တောင်ယူနေလောက်ပါပြီ။ စီနီယာစစ်ဒဇင်ပေါ့။ ဆိုတော့..။ အမေရိကန်ပြည်ထောင်စုရဲ့ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေးတွေနဲ့ပဲကြည့်ကြည့်။ အခြေခံနိုင်ငံသားအခွင့်အရေးတွေနဲ့ပဲတွက်တွက်… ဘယ်လိုမှ ထိတို့လို့မရတာတွေချည်းတွေ့ရတာပါပဲ။ သူက သူပိုင်ဆိုင်ခွင့်ရှိတယ်ထင်တဲ့ အိမ်မြေ အစိတ်အပိုင်းတွေ ခံစားခွင့်ရဖို ့မြန်မာတရားဥပဒေအရ ရုံးတော်ကိုဦးတိုက်လျှောက်ထားတယ်။ ဒါကိုသူ့ရဲ့ညီမ အရင်းခေါက်ခေါက်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း […]