ဂ်စ္စူDecember 6, 20103min21215
မကျနော်က အင်တာနက်အသုံးပြု၍ ကုသိုလ်ယူလိုက်ပါတယ်ဗျာ။ မြန်မာတွေကူညီကြမည်ဟုလဲ ယုံကြည်၍ ဖော်ပြအပ်ပါသည်ခင်ဗျား။ အမြင်အာရုံများစူးရှထက်မြက်စေရန်၊ အမြင်အာရုံများ ကြည်လင်ပြတ်သားလာစေရန်၊ အမြင်အာရုံများအေးမြတောက်ပလာစေရန် ရည်ရွယ်၍ စက္ခုအလင်း မှုန်ဝါးခြင်း၊ တိမ်စွဲခြင်းတို့ကို ကျွန်တော်တို့ နိုင်သလောက် စွမ်းဆောင်ဖေးမကုသပေးခဲ့သည်မှာ (၂၀၀၇) ခုနှစ် မတ်လမှစ၍ ယနေ့အချိန်ထိ မျက်စိဝေဒနာရှင်ပေါင်း (၁၂၀၀၀) ယောက် ကျော်တို့အားကုသခွဲစိပ် ပေးခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိသုခကုသိုလ်ဖြစ်ဆေးခန်းတွင် လာရောက်ပြီးကုသ ပြသကြသော မျက်စိဝေဒနာရှင်များကို စေတနာရှင် မျက်စိအထူးကုဆရာဝန်ကြီးများ၏ အကူအညီဖြင့် စစ်ဆေးစမ်းသပ်၍ ခွဲစိတ်မှုလိုအပ်ပါကသက်ဆိုင်ရာဆေးခန်း၊ ဆေးရုံများသို့ ပို့ဆောင်ခွဲစိတ် ကုသမှုများဆောင်ရွက်ခဲ့ပါသည်။ ခွဲစိတ်ခန်းစရိတ်များကိုသုခကုသိုလ်ဖြစ်ဆေးခန်းမှ အကုန်အကျခံပေးအပ်ခဲ့ပါသည်။ သို့ရာတွင် … လူနာများအနေနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသရသောလမ်းစရိတ်၊ ခွဲစိတ်ရမည်ဆိုပါကသက်ဆိုင်ရာဆေးခန်းဆေးရုံများသို့ သွားရောက်ရသည့် လမ်းစရိတ်၊ စားစရိတ် စသဖြင့် အချိန်ကုန် ငွေကုန် လူပန်းဖြစ်နေရသည်။ ထို့ကြောင့် […]