kaiNovember 3, 20101min19214
ကယ်လီဖိုးနီးယားက လူတွေ ဆေးခြောက်တရားဝင်ပေးသုံးခွင့်တော့ ပိတ်လိုက်ပြီဗျိုု ့..ရှုံးသွားပါတယ်.။ အများပြည်သူ သဘောတူရင် ဆေးခြောက်တရားဝင်ချခွင့်တောင် ဥပဒေပြုလို့ရတယ် ဆိုတာပြတာပဲ..။ အများသဘောမတူတော့ မပြုနိုင်ဘူးပေါ့..။ နောက်နှစ်လောက်ဆိုတော့ နိုင်လောက်ပါပြီ။ ကျန်တာတွေကတော့ တရက်ကြိုမှန်းတာ အကုန်မှန်သွားပါတယ်..။ စာရေးပြီး သူတို့ပါတီကန်င်ပိန်းဌာနတွေပါ စာပို ့ထားလိုက်တာ မြန်မာမီဒီယာအနေနဲ့တောင် အမှတ်ရသွားပါတယ်..။ ဆိုတော့… အမေရိကနိုင်ငံရေးဟာ.. ၁။ စီးနိတ်က ဒီမိုကရက်လက်ထဲမှာပဲရှိပါတယ်..။ ၂၊ ဟောက်စ်က ရိပါ့ဗလစ်ကန်င်လက်ထဲရောက်ပါတယ်..။ ၃။ ဘာဘရာဘောက်ဆာနဲ့ ဘရောင်းနိုင်ပါတယ်။ အာနိုးကြီးနေရာ ဘရောင်းဝင်မှာပါ။ တချို့နေရာတွေမှာ လူ(မဲ)ထောင်ဂဏန်းလောက်နဲ့ မဲနိုင်သွားကြတာပါ..။ ကြည့်ရတာ… မြန်မာပြည်နဲ့ပါတ်သက်ပြီး ပေါ်လစီ ဘာမှသိပ်ပြောင်းမယ်မထင်ပါ။ နောက် ၂နှစ် သမ္မတရွေးပွဲမှာ ဗမာ-အမေရိကန်တွေ ဝင်ပြော၊ကူညီပါမှ ဖြစ်မဲ့ပုံပါပဲ..။ ယူအက်စ်မှာ မြန်မာ၁သိန်းကျော်ရှိနေတာမို ့.. လူညီရင် မြန်မာပြည်နဲ့ပတ်သက်တဲ့ပေါ်လစီပိုင်း အသာလေးကိုင်တွယ်နိုင်ပါတယ်..။ […]