kaiNovember 2, 20101min1255
ယူအက်စ်နေမြန်မာတွေ … မနက်ဖြန် မဖြစ်မနေ သွားဗုတ်ကြပါ။ ဒီနှစ်ကအရေးကြိးပါတယ်။ ယူအက်စ်မှာ သမိုင်းတွင်အောင် သန်း၉ဝ မဲထွက်ပေးကြတာပါ။ ဒီမိုကရက်က ပြီးခဲ့တဲ့၂နှစ်လုံး သမ္မတအိမ်ဖြူတော်၊စီနိတ်နဲ့ ဟောက်စ် အကုန်လုံးထိမ်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ ပါဝါညီမျှသွားအောင် ရိပါ့ဗလစ်ကန်င်ပါတီ အမတ်တွေကို ဗုတ်ကြတဲ့သူများမယ် မှန်းရပါတယ်။ ဒါပေမဲ့ ရိပါ့ဗလစ်ကန်နိုင်ရင် အစိုးရယန္တယားက နောက် ၂နှစ်အထိ ရပ်သလောက်ဖြစ်နေဖို့လည်းများပါတယ်။ ဆိုလိုတာက အင်မီဂရှေးင်းကိစ္စတွေ ဘာမှလုပ်တော့မယ်မထင်ပါ။ ဒီကြားထဲအစဉ်အပြေဆုံး ကိုယ်သန်ရာဖက်က စဉ်းစားရွေးကြဖိ်ု ့ပါပဲ..။ ကယ်လီဖိုးနီးယားကတော့ ရွေးပြီးသလောက်ပါ။ ဂါဗနာBrown နဲ့.. စိနိတ်တာ Barbara Boxer ပဲဖြစ်ပါလိမ့်မယ်..။ သာမန်အတိုင်းသွားရင် စိနိတ်မှာ ဒီမိုကရက်တွေအသာရနိုင်ခြေရှိပြီး ဟောက်စ်မှာတော့ ရှုံးပါမယ်..။ မြန်မာတွေ ကိုယ်သန်ရာသန်ရာတွေမှာ လက်စွမ်းပြလိုက်ကြပါဦး။ မြန်မာပြည် လည်လည်သွားသွားနေတဲ့ ဂျင်မ်ဝက်ဘ်က ဒီနှစ်ထဲယှဉ်ရွေးဖို ့မလိုပါဘူး. သူကနကိုအတိုင်းရှိနေမှာပါ။ […]