လူတိုင်းမှာ အလင်းရောင်ဆိုတာ ကိုယ်စီရှိတတ်ကြပေမယ့် တစ်ချို့တစ်ချို့သော ဘဝတွေမှာတော့ဖြင့် ကံဇာတ်ဆရာ၏ လှည့်ကွက်များအောက်မှာ ဘဝတွေ ခါးသီးလှစွာ ဘဝအမှောင်ကျနေကြပါတယ်။ ပန်းကလေးတွေလှသလို လူ့ဘဝသည်လည်း လှပါတယ်။ ပန်းကလေးတွေမွှေးသလို လူ့ဘဝသည်လည်း မွှေးပါတယ်။ တစ်ချို့တွေမှာတော့ မလှခင် မမွှေးခင်မှာပဲ အကျည်းတန်စွာ ဘဝကို ရုန်းကန်နေကြရတယ်။ မမွှေးခင် မလှခင်မှာပဲ ကြွေကျရရှာတယ်။ ဒီတရားတွေ အားလုံးဟာ ဘဝဖန်တီးရှင် ကံတရားအတိုင်း လည်ပတ်နေကြရသော်ငြားလည်း လက်ရှိ မှောင်မိုက်နေသော ဘဝလေးတွေကို ကိုယ်စွမ်းအားရှိသော အလင်းဓါတ်တွေ ပေးစွမ်းသင့်လှပါတယ်။ မေတ္တာလက်များဖြင့် ကရုဏာလက်များဖြင့် နွေးထွေးစွာ ဖေးကူသင့်လှပါတယ်။ ဒီလို မေတ္တာ၊ ကရုဏာတရားတွေနဲ့အတူ အနာဂတ်အတွက် တပိုင်တနိုင် ကူညီဖေးမသူများမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပရဟိတကျောင်းများ၊ မိဘမဲ့ဂေဟာများပင်ဖြစ်ပါတယ်။ ဘဝဒဏ်ရိုက်ချက်၏ ခံစားရသူများ အဆင်မပြေမှုများကို ကူညီစောင့်ရှောက်ကာ အနာဂတ်နိုင်ငံတော် အနာဂတ် […]