image-3-533x800.jpeg

warsojulyJuly 16, 20161min44318
နာဂိုရာမှာ နွေဘက်ရောက်ပြီဆိုတော့ အကောင်ပလောင်လေးတွေထွက်ချိန်ပေါ့ အလုပ်ပိတ်ရက်စနေတနင်္ဂနွေနဲ့ နေသာတဲ့ရက်နဲ့ကိုက်တဲ့အခါ….   (အမဲလိုက်အက…စင်မြင့်ထက်က…) (ရှုံးတဲ့သူ…လဲကျမယ်…)   အမဲလိုက်တော်တဲ့ မုဆိုးကြီး Robber Flyကြီးတွေရတတ်တယ်ဗျ..   အကောင်ပလောင်ရိုက်တာအမှတ်တရဖြစ်အောင်နှစ်တိုင်းအဲဒီအကောင်ကိုရအောင်ရိုက်ဖြစ်တယ် မျက်လုံးအရောင်ကတော့စိတ်ဝင်စားစရာအကောင်းဆုံးပဲ….ရောင်ပြေးရောင်ပြန်….   တစ်ခါတစ်လေကံကောင်းချင်ရင်..Bokehလေးတွေနဲ့တွဲပြီးရရင်ပျော်သည်ပေါ့   လူတော့သိပ်အကပ်မခံတာများတယ်ဗျ.. ခြေသံလုံ..အသက်အောင့်ပြီးဖြည်းဖြည်းချဉ်းကပ်ယူရတယ် ဒူးပွန်း..အပင်တွေကယား. အပင်ရိုင်းတွေ မြက်ပင်ရှည်တွေနားမှာရှိတတ်တယ်(ပုံသေတော့မဟုတ် ကျနော်တွေ့ဖူးသမျှ) သူ့စကေးကြမ်းချက်ကတော့ပျံနေရင်းနဲ့တခြားပျံနေတဲ့သူရဲ့အစာကိုသုတ်တာပဲ… မျက်လုံးအမည်းနဲ့အကောင်လဲရှိတယ် ကျောမှာကုလားအုတ်လို ဘုပါတယ်အကောင်တွေလဲရှိတယ် ဒီရာသီမှာ မနက်၈နာရီလောက်ဆိုထွက်ပြီ အစာရှာတယ် မိတ်လိုက်တယ်(မိတ်လိုက်တဲ့ပုံကတော့မတို့ရသေးလို့နောက်မှကြည့်ကြပါဗျို့)   တော်သေးပြီ.(ပို့စ်တစ်ခုတင်ပြီး.လနဲ့ချီပြန်မပျောက်အောင်ကြိုးစားပြီး..မကြာမကြာဝင်လာခဲ့ပါမယ်ဗျာ)


warsojulyMarch 19, 20161min30017
ဆောင်းတွင်းဘက်ပုံထွက်မရိုက်ဖြစ်တာရယ် ကင်မရာSensorဖုန်တက်နေတာမဆေးရသေးတာရယ်နဲ့ အတော်ကြာဘာမှသိပ်မရိုက်ဖြစ်ဘဲ… ခုရက်ပြန်ရိုက်ဖြစ်တာတွေထဲက. နေမကောင်းလို့ရုံးမတက်ဖြစ်တဲ့တစ်ရက်.. ပျင်းပျင်းနဲ့အိမ်မှာမရှိရှိတာရှာကြံရိုက်မိ   အပေါ်ကဘုရားပန်းပဲ.. စပရေးဘူးထဲကရေလေးနဲနဲဖျန်းကြည့်ပြီးရိုက်   ထွေထွေထူးထူးမရှိ… အဲဒီပန်းကိုနှစ်တိုင်းလိုလိုရိုက်ဖြစ်တယ်.. ဘာရယ်တော့မဟုတ်   ဆာကူရာကိုဘယ်လိုဖမ်းရင်ကောင်းမလဲစဉ်းစားနေတုန်း.. သူရောက်လာတော့သူပါထည့်ဖမ်းပစ်လိုက်တယ်.. Burnသွားတယ်… အဲဒါနဲ့ပဲ…Post-ProcessingမှာပိုBurnအောင်လုပ်တယ်.. (လွယ်တော့မလွယ်ဘူး..စွတ်လုပ်ရတာပေ့ါ.. :D)     ရွာထဲရောက်.ပို့စ်တစ်ခုတင်..လနဲ့ချီပြီးပျောက်သွား.. ဘာမှထွေထွေထူးထူး…အသိနဲ့ပတ်သတ်ပြီးမရေးတတ်ပေမယ့် ကိုယ်သိသလောက်…ရသလေးတွေ..တစ်ခုခုတော့ရမယ်မျှော်လင့်မိ…


warsojulySeptember 11, 20151min42611
မင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်ပါရစေ… ကျွန်တော်မတောက်တခေါက်ရိုက်ခဲ့ဖူးတဲ့ အင်းဆက်ပိုးကောင်ပုံလေးတွေထဲက..လိပ်ပြာလေးတွေပါ… Japan နိုင်ငံ Gunma Perfectureထဲက Gunma Insects World မှာရိုက်ခဲ့တာပါ… Green Houseနဲ့လိပ်ပြာတွေအတော်စုံစုံလင်လင်မွေးထားပါတယ်… အနည်းငယ်ကြီးလာရင်Green Houseအပြင်(Gunma Insects Worldအထဲမှာပဲ)လွှတ်ထားပုံရပါတယ်(ခြံထဲမှာ..လိပ်ပြာဖမ်းဖို့Eventတွေ..ကလေးတွေအပျော်လိုက်ဖမ်းတာတွေရှိလို့ပါ) အတော်လေး ယဉ်ပါးပြီး အကပ်ခံအရိုက်ခံလို့ ဒီလောက်ရခဲ့တာပါ အပြင်မှာလဲ တစ်ခါနှစ်ခါ ရိုက်ဖူးပေမယ့် ပန်းမှာနားနေတာတော့မရခဲ့ပါဘူး… အပေါ်ကလိပ်ပြာနဲ့မျိုးအတူတူပါပဲ ဒေါင်လိုက်နားနေတဲ့ပုံလေးရလိုက်တာပါ     ဒီအကောင်လေးကတော့မျိုးစိတ်ရှာမတွေ့လို့ပါ ကျွန်တော့်မှာရှိတဲ့စာအုပ်ထဲရှာကြည့်တာတော့မတွေ့သေး သိပ်ပြီးရှားပါးတဲ့အမျိုးတော့မဟုတ်လောက်ဘူးဗျ… အပြင်မှာမြင်ဖူးတဲ့အကောင်မျိုးလို့ထင်တာပဲဗျာ…   အဲကောင်လေးတွေရိုက်ရတာ စိတ်အတော်ရှည်ရပြီး နဖူးကချွေး ခြေမရောက်ပါတယ်(Green Houseအထဲကရာသီဥတုကပူပြီးစွတ်စိုတဲ့ရာသီဥတုမျိုးမို့ပါ ဟီး :P) တော်သေးပြီ…                           […]