weiweiFebruary 1, 20121min18414
ကျွန်မက အစိုးရပိုင်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ အလယ်အလတ်အဆင့် ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျွန်မတို့ခေတ်က ဘွဲ့ရတာနောက်ကျတော့ လုပ်ငန်းခွင်ဝင်တာလဲ နောက်ကျနေခဲ့ပါတယ်။ အသက် ၂၅ ကျော်မှ အလုပ်စလုပ်ဖြစ်ကြတယ်။ လုပ်ငန်းခွင်ဝင်ခါစက အသက် ၅ဝ ကျော် ၆ဝ နီးပါး ဆရာသမားများနဲ့ တွေ့ခဲ့ရပါတယ်။ အရမ်းတော်ပြီး စမတ်ကျသော ဆရာသမားများ၊ ပညာရည်ပြည့်ဝကြသော၊ နိုင်ငံတကာအဆင့်မီပညာတတ်များနဲ့ တွေ့ခဲ့ရပါတယ်။ အသက်အရွယ်ချင်း သိပ်ကွာနေကြလို့ သူတို့ဆီက ပညာယူဖို့ သိပ်မလွယ်ခဲ့ပါဘူး။ အနည်းငယ်သာ လေ့လာသင်ကြားခွင့်ရခဲ့ပြီး သူတို့ပင်စင်ယူသွားကြပါတယ်။ ကျန်ခဲ့တဲ့မျိုးဆက် အသက် ၅ဝ ပတ်ဝန်းကျင်များနဲ့ လုပ်ငန်းဆက်လုပ်ခဲ့ကြရပါတယ်။ အဲဒီမှာ ကွာခြားချက်တွေ အများကြီးရှိလာပါတယ်။ ဆယ်စုနှစ်တစ်ခုမှာ အရည်အချင်းတွေ အများကြီး ကွာခြားနေတာ တွေ့ရပါတယ်။ ယခု အသက် ၅ဝ ကျော်တန်းတွေက နိုင်ငံခြားပြန် ခေတ်ပညာတတ်ကြီးများ မဟုတ်ကြပဲ […]


weiweiNovember 16, 20111min1357
သူငယ်ချင်းရေ … ငါတရားစခန်းဝင်စဉ်အတွင်းမှာ ဥပုသ်နေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့နဲ့ကြုံခဲ့ရသေးတယ်။ ရိပ်သာမှာ ဥပုသ်နေ့ကို အထူးအစီအစဉ်အနေနဲ့ သီလပေးနဲ့ ရေစက်ချတရားဟောကြားတယ်နော်။ အပြင်က ဥပုသ်စောင့်ချင်တဲ့ ဧည့်သည်တွေလဲ လာကြတယ်။ မနက် ၉ နာရီမထိုးခင် ယောဂီအားလုံး ဓမ္မာရုံထဲကို စနစ်တကျဝင်ပြီး နေရာယူကြရတယ်။ အားလုံးရောက်လာတော့မှ တစ်ပတ်အတွင်း အလှူရှင်တွေရဲ့ရှေ့မှာ ရေစက်ခွက်တွေ လိုက်ချပေးတယ်။ ငါလဲ နှစ်သောင်းလှူထားလို့ ရေစက်ခွက်တစ်ခုရတယ်။ ငါက အိမ်မှာ ကလေးပဲဖြစ်နေသေးလို့ တစ်ခါမှ ရေစက်ခွက်နဲ့ ရေစက်မချဖူးသေးဘူးဆိုတော့ ပထမဆုံးအတွေ့ကြုံပေါ့။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့မှ ဆရာတော်တစ်ပါးသီလပေးဖို့ ကြွလာတယ်။ ငါက နောက်နားဘက်ကိုရောက်နေလို့ ဆရာတော့်မျက်နှာတော်ကို သေသေချာချာမမြင်ရဘူး။ သက်တော် ၄ဝ ကျော်လောက်ပဲ ရှိအုန်းမယ်ထင်တာပဲ။ ဘွဲ့နံမည်က အရှင်ရေဝတ (ဖားအောက်တောရ)။ အသံစပြီးကြားလိုက်ရချိန်မှာ နားထဲမှာ သာယာငြိမ့်ညောင်းသွားတာပဲ။ သောတအာရုံရဲ့အရသာဆိုတာ အဲဒီလိုအသံမျိုးဖြစ်မယ်လို့ […]


weiweiNovember 15, 20111min1299
ဖားအောက်တောရမှာ ၉ ရက်တာ (၃) သူငယ်ချင်းရေ … ပထမဆုံးနေ့မှာ ည ၈ နာရီခွဲ တရားနာပြီးတော့ တစ်နေ့တာအလုပ်တွေရပ်ပြီး တရားအမှတ်နဲ့ အိပ်လို့ရပြီ။ ဒါပေမယ့် ငါက ညသန်းခေါင်မကျော်မချင်းမအိပ်တတ်တဲ့သူဆိုတော့ ဒုက္ခရောက်နေတယ်။ မနက် ၃ နာရီခွဲ တုံးခေါက်ရင်လဲ ပြန်ထရမယ်ဆိုတော့ အတင်းကြီးဇွတ်အိပ်ရတော့တာပေါ့။ ပင်ပန်းနေလို့ပဲလား တရားအမှတ်ကြောင့်ပဲလားတော့မသိဘူး ၁ဝ နာရီလောက်မှ အိပ်လို့ရသွားတယ်။ မနက်မနိုးမှာကို စိုးရိမ်တဲ့စိတ်ကြောင့် ခဏခဏနိုးပြီး နာရီကြည့်နေတာကြောင့် အိပ်ရေးတော့မဝဘူး။ တုံးခေါက်တာက မထမချင်းခေါက်နေသလိုပဲ။ မထချင်ထချင်နဲ့ထပြီး ၄ နာရီမတ်တင်းမှာ ဓမ္မာရုံထဲသွားပြီး တရားစထိုင်ရတယ်။ အချိန်စာရင်းထဲမှာကြည့်ထားတုန်းက ၄ နာရီကနေ ၅ နာရီခွဲအထိ တရားထိုင်လို့ပါလို့ ငါလဲ စိတ်လျော့ပြီး ထိုင်နေတာ။ အိပ်ပျော်ချင်လဲ အိပ်ပျော်ပါစေလို့ စိတ်ကိုလွှတ်ထားလိုက်တာ ထိုင်ရင်း အိပ်ပျော်သွားပါလေရော။ […]


weiweiNovember 14, 20111min20814
သူငယ်ချင်းရေ … မနက်ကရေးထားတာလေး ဆက်အုန်းမယ် … ရိပ်သာမှာ စကားမပြောတာအကောင်းဆုံးပဲလို့ ဆရာတော်ကြီးက ပြောထားလို့ ငါလဲ စပ်စုချင်တာတွေ မစပ်စုခဲ့ရဘူး။ မြင်သလောက်နဲ့ ထင်သလောက်ပဲ ပြောပြတော့မယ်။ ငါ့မျက်စိထဲမှာ သတိအပြုမိဆုံးတစ်ယောက်က ကိုရီးယားမယ်သီလရှင်တစ်ပါးပဲ။ အသက် ၄ဝ နဲ့ ၅ဝ ကြားရှိမယ်လို့ ခန့်မန်းရတာပဲ။ ကြည်ညိုစရာကောင်းလွန်းတဲ့ အသွင်အပြင် အမူအယာရှိတယ်။ ငါအကြိုက်ဆုံးကတော့ သူဝတ်ထားတဲ့ဝတ်စုံပဲ။ အတွင်းက မီးခိုးရောင်အကျီနဲ့ဘောင်းဘီအပွခဲရောင်ဝတ်ပြီး အပေါ်ကနေ အညိုရောင်ဝတ်ရုံခြုံထားတယ်။ ရှောင်လင်ဘုန်းကြီးတွေနဲ့ခပ်ဆင်ဆင်ပေမယ့် အရောင်ကတည်ငြိမ်တယ်။ အမူအယာက လေးလေးနက်နက်ရှိပြီး တရားထိုင်တာ ငြိမ်သက်နေတာပဲ။ ဘယ်သူနဲ့မှ စကားပြောတာမတွေ့ခဲ့ရဘူး။ သူ့ကိုမြင်လိုက်တိုင်း အေးချမ်းလွန်းလို့ မကြည့်ပဲမနေနိုင်ဘူး။ နောက်တစ်ပါးက ခပ်ငယ်ငယ်သီလရှင်လေး … သူကတော့ မီးခိုးရောင်ဝမ်းဆက်ဝတ်တယ်။ အသက် ၂ဝ ဝန်းကျင်လောက်ပဲရှိပြီး ရုပ်ရည်က အရမ်းချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့အပြုံးနဲ့ […]


weiweiNovember 14, 20111min23037
တန်ဆောင်တိုင်မှာ အလုပ်ပိတ်ရက်တွေနဲ့ အလှူအတန်းတွေများနေတုန်း ခွင့်ယူပြီး သန်လျင်က ဖားအောက်တောရရိပ်သာမှာ ၉ ရက် သွားရောက်နေထိုင်ပြီး ရိပ်သာဝင်ဖြစ်ခဲ့ပါတယ်။ အလှူဒါနအနေနဲ့ ဆွမ်းစရိတ်အတွက် အလှူငွေ ၂၀၀၀ဝ ကျပ်လှူဒါန်းခဲ့ပါတယ်။ သတ်သတ်လွတ်ဆွမ်းနဲ့ ၉ ပါးသီလကို ၉ ရက် ဆောက်တည်ခဲ့ပါတယ်။ သမထဘာဝနာကမ္မဌာန်း ၉ ရက်အားထုတ်ခဲ့ပါတယ်။ ဆရာတော်ကြီး၏ ဩဝါဒများကိုလဲ နာကြားခဲ့ပါတယ်။ ယခုကဲ့သို့ ္စ္ကပြုလုပ်ခဲ့ရသော ဒါန၊ သီလ၊ ဘာဝနာ အစရှိသော ကုသိုလ်ကောင်းမှုအစုစုတို့ကို ဂေဇက်မှ သူကြီးအား အမှူးထား၍ ရွာသူရွာသားအားလုံးအား အမျှပေးဝေပါတယ်။ အားလုံးအမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြသည် ဖြစ်ကြပါစေသော်ဝ် …… အတွေ့အကြုံလေးတွေလဲ မျှဝေပေးချင်ပါသေးတယ်။ လေးလေးနက်နက်ကြီး ငြင်းခုန်ကြမှာကိုလဲ မလိုလားတဲ့အတွက် ရင်းနှင်းပြီးသား သူငယ်ချင်းတစ်ယောက်ကို ပြောပြတဲ့ ပုံစံလေးနဲ့ ရေးပြမယ်လို့ စိတ်ကူးမိပါတယ်။ […]


weiweiJune 26, 20111min20518
ဦးဖက်ကလဲ လွမ်း၊ ကိုပေါက်ကလဲ လွမ်းတော့ ကျွန်မလဲ လွမ်းချင်စိတ်ပေါက်လာပါတယ်။ ကျွန်မရဲ့ အမိတက္ကသိုလ်ဖြစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကို တစ်ခါပြန်လို့ လွမ်းမောမိပါတယ်။ ကျွန်မက သူများတွေထက် နဲနဲပိုလွမ်းသင့်တယ်လို့ထင်ပါတယ်။ ပုံမှန်ကျောင်းသားတွေ ၆ တန်းပဲ တက်ခဲ့တဲ့ကျောင်းကို ကျွန်မက ၈ တန်းအထိ တက်ရောက်ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ဘဝနှစ်မျိုးနဲ့ ကျင်လည်ခဲ့တဲ့ ကျောင်းတော်ကြီးမှာ အမှတ်ရစရာတွေ အများကြီးရှိခဲ့ပါတယ်။ တစ်တန်းကို လူပေါင်း ခုနှစ်ရာကျော်နဲ့ အတန်း ၆ တန်းဆိုတော့ ကျောင်းသားပေါင်း ၄၀၀ဝ ကျော်နဲ့ အဆောင်တွေနဲ့ စည်ကားခဲ့တဲ့ကျောင်းတော်ကြီးမှာ နောက်ဆုံးမျိုးဆက်တစ်ခုအနေနဲ့ ၁၉၉၈ အထိ ဘီးအီးဘွဲ့အတွက် တက်ရောက်သင်ကြားခဲ့တဲ့ ၅ နှစ်တာ အချိန်တွေက တက်ကြွလန်းဆန်းမှုနဲ့ ငယ်ရွယ်နုပျိုမှုကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအခုအချိန်မှာ စိတ်နာမိတာတစ်ခုကတော့ ယောက်ျားလေး ၄၀၀ဝ လောက်မှာမှာ […]


weiweiMay 6, 20111min26011
ကြုံခဲ့ဖူးတာလေး ပြန်လည်ဝေမျှပေးတာပါ။ ကျွန်မနဲ့ ရင်းနှီးတဲ့ ဆရာတော်တစ်ပါးပြောပြတဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။ ဂေါက်ရောဂါဆိုတာ အကြောအဆစ်တွေ နာကျင်ကိုက်ခဲတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဲဒီရောဂါကို ရေသောက်ရုံနဲ့ ပျောက်ကင်းအောင်လုပ်နိုင်ခဲ့တာ လက်တွေ့ပါတဲ့ … ရေသောက်တဲ့နည်းကတော့ …. ညဘက်မအိပ်ခင် ရေကျက်အေးကို အရင်လုပ်ထားပါတဲ့ … သူပြောသလိုဆို 0.4 လီတာခန့်၊ မနက်အာရုံမတက်ခင် ၄ နာရီလောက်ထပြီး နောက်ထပ်ရေနွေးကျိုရမယ် … ဆူနေတဲ့ရေနွေး 0.4 လီတာခန့်ကို ညတုန်းက အအေးခံထားတဲ့ 0.4 လီင်္တာနဲ့ ရောလိုက်ပါ … ရောပြီးရင် 0.8 လီတာ အကုန်လုံးကုန်အောင် သောက်ချလိုက်ပါတဲ့ … သောက်လို့ပြီးတာနဲ့ နာရီဝက် ငြိမ်ငြိမ်လေးထိုင်ပြီး တရားမှတ်နေရမယ် … အဲဒီလိုနည်းနဲ့ ရ ရက်လုပ်လိုက်တာ ဂေါက်ရောဂါကျွမ်းနေတဲ့လူနာတစ်ယောက် သက်သာသွားခဲ့တာ ဆရာတော့်ကိုယ်တွေ့ပါတဲ့ […]


weiweiApril 14, 20111min20027
၅ နှစ်လောက် ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုပြန်တွေးလိုက်ရင် အခုချက်ခြင်းဖြစ်သလို အားလုံး အသေးစိတ်ပြန်မြင်ယောင်မိလောက်အောင် အမှတ်တရအဖြစ်အပျက်ဖြစ်နေပါသေးတယ်။ တစ်ရက်မှာ အလုပ်ကိစ္စနဲ့ သန်လျင်က ရေကြောင်းတက္ကသိုလ်ကို သွားဖို့ အကြောင်းပေါ်လာပါတယ်။ ကျွန်မတစ်ယောက်ထဲမဟုတ်ပဲ နောက်ထပ် တစ်ယောက်လဲသွားရမှာဆိုတော့ သူ့အစီအစဉ်အတိုင်းပဲ သွားဖို့ စိတ်ကူးလိုက်ပါတယ်။ သူ့မှာ အသစ်စက်စက် မာစတာဂျစ်တစ်စီးရှိပါတယ်။ သူက ဒရိုင်ဘာနဲ့ အမြဲစီးနေကျပေမယ့် အဲဒီနေ့က သူ့ဒရိုင်ဘာက မအားဘူးဖြစ်နေတယ်။ အစည်းအဝေးကလဲ မသွားလို့မဖြစ်တာနဲ့ သူကိုယ်တိုင်ပဲ မောင်းသွားလိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကုန်မြို့ထဲမှာ ဖြည်းဖြည်းပဲမောင်းလာတော့ ဘာမှအခက်အခဲမရှိပါဘူး။ သန်လျင်တံတားပေါ်ရောက်တော့ မိုးဖွဲဖွဲရွာနေပါတယ်။ သူက သန်လျင်ဘက်ကို အရင်တုန်းက ခဏခဏရောက်ဖူးကြောင်းနဲ့ လမ်းအခြေအနေတွေကို ပြောပြပါတယ်။ ကျွန်မတို့က ကောင်းမောင်းနေကျ မဟုတ်ရတဲ့အထဲ မိုးကလဲနဲနဲရွာနေတော့ အထူးသတိထားပြီး မောင်းလာကြပါတယ်။ ကျိုက်ခေါက်ဘုရားလမ်းအတိုင်းမောင်းလာပြီး ကျားဘုရားကုန်းထိပ်နားရောက်တော့ သူကပြောသေးတယ်။ […]


weiweiApril 5, 20111min18716
အခုပေးမဲ့ နည်းလမ်းက ကြိုတင်ကာကွယ်နည်းဖြစ်သလို ကျောက်တည်နေသူများအတွက်လည်း အသုံးဝင်ပါတယ်။ တကယ်ဝေဒနာခံစားပြီး ဒီနည်းနဲ့ ဝေဒနာပျောက်ကင်းသွားသူ နှစ်ဦးဆီက ကိုယ်တိုင်ကြားခဲ့ရလို့ တခြားသူတွေလဲ သိရအောင် မျှဝေပေးလိုက်ပါတယ် … နည်းလမ်းက အလွန်လွယ်ပါတယ် … အပေါ့သွားချင်စိတ်ပေါ်လာရင် ရေအရင်သောက်ပါတဲ့ … ပြီးမှ ချက်ခြင်းအပေါ့သွားလိုက်ပါတဲ့ … အဲဒီအလေ့အကျင့်ကို မှန်မှန်လုပ်ရင် ကျောက်တည်ခြင်း၊ ဆီးကြိတ်ဖြစ်ခြင်းတို့မှ ကင်းဝေးမယ် … ကျွန်မလဲ အဲဒီအကျင့်ကို လုပ်ကြည့်မယ်ဆိုပြီး အားခဲထားတာ ယနေ့အထိ ၃ ရက်သာ ရှိသွားတယ် … အကြိမ်တိုင်း သတိမေ့နေလို့ အိမ်သာထဲမှာပဲ ရေသန့်ဗူးတစ်ဗူးထည့်ထားလိုက်ရင် ကောင်းမလားလို့တောင် တွေးနေမိပါတယ် 😛 ….


weiweiMarch 20, 20111min17532
မာလာဆောင်ကိုတော့ ရန်ကုန်ကလူတိုင်းသိကြမှာပါ။ ပြည်လမ်းပေါ်က စီးပွားရေးတက္ကသိုလ်အဆောင်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မက ဂျီဟောလ်သူပါ။ ၁၉၉၅ လောက်ကပါ။ ပဉ္စမနှစ်စာမေးပွဲပြီးလို့ ကျောင်းပိတ်ထားချိန်မှာ စက်ရုံတွေကို လက်တွေ့တစ်လကွင်းဆင်းရမဲ့အချိန်မှာ ဂျီဟောလ်ဆောင်ကို မွမ်းမံပြင်ဆင်ချိန်ဖြစ်နေတာနဲ့ ကျွန်မတို့ အဖွဲ့ကို ပြင်ဆင်ပြီးခါစ မာလာဆောင်အသစ်မှာ တစ်လနေထိုင်ခွင့်ပြုထားပါတယ်။ နဂိုကမှ မိန်းကလေးကျောင်းသူနဲရတဲ့အထဲ တချို့ဘာသာရပ်တွေက လက်တွေ့ကွင်းဆင်းတာမပါတော့ ကျောင်းသူ ၄ဝ လောက်ပဲ မာလာဆောင်ကို သွားနေကြပါတယ်။ ကျောင်းပိတ်ချိန်ဆိုတော့ အဆောင်မှူးနဲ့ ဟောလ်ကျူတာပဲ ရှိတာပေါ့။ အဆောင်ကြီးက အကြီးကြီးနဲ့ ကျွန်မတို့က လူနဲနဲပဲဆိုတော့ တိတ်ဆိတ်နေပါတယ်။ အဆောင်နှစ်ခု တော်တော်လေးကွာခြားပါတယ်။ ကျွန်မတို့ဂျီဟောလ်က အဆောင်သေးသေးလေးပါ။ ကျောင်းသူ တစ်ရာကျော်လောက်ပဲ နေလို့ရပါတယ်။ အခန်းတစ်ခန်းကို ၄ ယောက်နေရပြီး ရေချိုးခန်း အိမ်သာ တွဲလျက်ပါပါတယ်။ အခန်းတွေက လုံခြုံပြီး အခန်းထဲကအပြင်ထွက်စရာမလိုလို့ ခိုးလုပ်လို့ရတာတွေ […]


weiweiFebruary 15, 20111min28824
ပို့စ်ရေးမယ်လို့ စိတ်ကူးပေမယ့် လက်ရှိနေရာဒေသနဲ့ နေသားမကျဖြစ်နေတာတွေကို အဆင်ပြေအောင် ဖြေရှင်းရင်းနဲ့ မအားမလပ်ဖြစ်နေရပါတယ်။ တရုတ်ပြည်မှာ နေခဲ့တာ ကြာသွားတော့ အပြောင်းအလဲတစ်ခုကို မသိမသာတစ်မျိုး သိသိသာသာတစ်မျိုးနဲ့ အမျိုးမျိုး ကြုံနေရပါတော့တယ်။ ပေါင်းသင်းဆက်ဆံရေးနဲ့ စားသောက်နေထိုင်ရေးကို အဆင်ပြေအောင် ကြိုးစားပေမယ့်လဲ အဆင်မပြေဖြစ်နေဆဲပါပဲ … တရုတ်ပြည်မှာ နေခဲ့စဉ်တုန်းက ပစ္စည်းတန်ဖိုးတွေကို ၁၅ဝ နဲ့ မြှောက်ပြီး သုံးခဲ့ဖူးတဲ့အကျင့်က အခုတော့ တန်ဖိုးတစ်ခုတွေ့တိုင်း ၁၅ဝ နဲ့ ပြန်စားနေမိပါတယ် … တွက်မိလိုက်တိုင်း ဝယ်ချင်စိတ် စားချင်စိတ် ပျောက်သွားတတ်လွန်းလို့ ဈေးသွားရတာကို ဒုက္ခလို့ ထင်လာမိတယ် … အလွန်လတ်ဆတ်တဲ့ သားငါးတွေနဲ့ ကျင့်သားရနေတဲ့ ကျွန်မအတွက် ရန်ကုန်က သားငါးတွေကို မလတ်ဘူးလို့ယူဆပြီး ဝယ်မစားဖြစ်ဘူး … အသီးအရွက်တွေကလဲ ခပ်နွမ်းနွမ်း ခပ်ရင့်ရင့်တွေဆိုတော့ ဝယ်မစားချင်ပြန်ဘူး […]


weiweiJanuary 30, 20111min17210
ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး ခရီးထွက်ဖြစ်တယ်။ အလုပ်ကိစ္စမို့လို့ ရှုခင်းပုံတွေနဲ့ ခရီးသွားအတွေ့အကြုံ များများစားစားတော့ မရှိဘူး။ တရုတ်ပြည်တောင်ပိုင်းက ကွမ်ကျိုးမြို့ကို ရောက်ဖြစ်တုန်း ထူးဆန်းတာလေးတစ်ခုကို တွေ့လိုက်မိတယ်။ တခြားသူတွေအတွက် ထူးဆန်းချင်မှ ထူးဆန်းမှာပါ .. ကျွန်မက တောသူဖြစ်နေလို့ ထူးဆန်းတယ်ထင်နေတာဖြစ်ပါလိမ့်မယ် … ကားစီးရင်း ကားပေါ်မှာ တပ်ဆင်ထားတဲ့ GPS ကို သတိထားမိလိုက်တယ်။ GPS ကို မြင်ဖူးသိဖူးတာတော့ ကြာပါပြီ။ အရင်တုန်းကတော့ သင်္ဘောတွေမှာအသုံးများတယ်။ အခုတော့ ကားတွေမှာလဲ သုံးနေပါပြီ။ ကားရောက်နေတဲ့ တည်နေရာကို ပြပေးနိုင်တဲ့ ကိရိယာတစ်ခုအနေနဲ့ သိထားဖူးပါတယ်။ အခုတွေ့လိုက်တော့ အဲဒီဟာလေးက တော်တော်စွမ်းဆောင်နိုင်တာကို သိလိုက်ရတယ်။ ကွမ်ကျိုးမြို့က ခေတ်မီနေပြီး တော်တော်လည်း ကြီးပါတယ်။ ကျွန်မသွားချင်တဲ့နေရာကို ကားသမားကိုပြောလိုက်တော့ သူက GPS ကနေ အဲဒီနေရာကို […]


weiweiJanuary 13, 20111min16910
လက်တစ်လုံးခြား အခုကိစ္စကတော့ လူလည်ကျတယ်ပဲ ပြောရမယ်။ သိလျက်နဲ့ မသိချင်ယောင်ဆောင်ပြီး လူလည်လုပ်တာပါ။ တရုတ်ပြည်မှာ ခရီးသွားရင် ခရီးစရိတ်ထက် ဝင်ကြေးတွေက ပိုဈေးကြီးလေ့ရှိပါတယ်။ ဝင်ကြေးပေးရတိုင်း ကျွန်မကတော့ ရင်ထဲမှာ နှမြောစိတ်အမြဲဖြစ်ပါတယ်။ တစ်နေရာဝင်ကြည့်ရင် ဗမာငွေ တစ်သောင်းကျော် နှစ်သောင်း တစ်ချို့နေရာဆို သုံးသောင်းခန့်ပေးရပါတယ်။ သူတို့ဈေးနှုန်းမှာ တစ်ဝက်ဈေးနဲ့ ဝယ်နိုင်တဲ့ လူစာရင်းရှိပါတယ်။ အဲဒီလူတွေကတော့ အသက် (၆၀) အထက်၊ စစ်မှုထမ်း၊ ကျောင်းသား (သူငယ်တန်းကနေ တကသိုလ်နောက်ဆုံးနှစ်) အထိဖြစ်ပါတယ်။ ကလေးကိုတော့ အရပ် ၁.၂ မီတာအောက်ဆို ပိုက်ဆံမပေးရပါဘူး။ မာစတာကျောင်းသားနဲ့ တခြားဘယ်ကျောင်းသားမဆို တစ်ဝက်ဈေးမရပါဘူး။ ဆိုလိုတာကတော့ ကျွန်မမှာကိုင်ထားတဲ့ ကျောင်းသားစာအုပ်လေးက တစ်ဝက်ဈေးမရပါဘူး။ အဲဒါလေးပြဝယ်ရင် အပြည့်ပဲ ပေးရပါတယ်။ အဲဒီကိစ္စကြောင့် ရင်ထဲမှာ တော်တော်ကသိကအောက်ဖြစ်ရတယ်။ တစ်ခါကျတော့ ကျွန်မသူငယ်ချင်းက […]