weiweiMay 24, 20121min27646
နှစ်တန်းကျောင်းသူ သမီးလေးကို အိမ်မှာဆရာမခေါ်ပြီး စာသင်ပါတယ်။ ဆရာမနဲ့ စာသင်နေချိန်တွေဟာ ကျွန်မအတွက် အိမ်အလုပ်တွေကောင်းကောင်းလုပ်ရချိန်ပါပဲ။ အလွန်အဆော့မက်ပြီး စကားများလွန်းတဲ့သမီးကို စာသင်ချိန်လေးခဏကသာ ငြိမ်သက်စေနိုင်ပါတော့တယ်။ တစ်ဖက်ခန်းမှာ သမီးလေးစာသင်နေတုန်း မီးခိုချောင်ထဲဟင်းချက်နေချိန်မှာ သမီးက မီးဖိုထဲရောက်လာတယ်။ အမေ။ ။ ဟယ် .. သမီး … စာမသင်ဘူးလား။ ဆရာမ ဘာလုပ်နေလဲ? သမီး။ ။ ဆရာမ ဖုန်းပြောနေလို့ပါ မေမေ …. တစ်ပတ်လောက်ရှိပြီ ဆရာမလေးမှာ ဖုန်းအသစ်လေးတစ်လုံးဝယ်ထားပါတယ်။ ဆရာမဆီမှာ ဖုန်းနဲ့ဆိုတော့ စာသင်ချိန်တွေကို အချိန်ပြောင်းတာပဲဖြစ်ဖြစ်၊ အချိန်ဖျက်တာပဲဖြစ်ဖြစ် အချိန်မရွေးဖုန်းဆက်အကြောင်းကြားနိုင်တာမို့လို့ ကောင်းလိုက်တာလို့ ကျွန်မတွေးမိခဲ့တာလဲ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် … စာသင်ချိန်က စုစုပေါင်းနှစ်နာရီမှာ စသင်လို့မှ ၁ဝ မိနစ်လောက်ပဲရှိသေးတယ်။ ဖုန်းလာပါပြီ .. ဆရာမ။ ။ […]


weiweiDecember 6, 20111min23824
၁၉၈ဝ ကျော် ကာလတွေတုန်းက …… ထမင်းစားပွဲဝိုင်းတစ်ခုမှာ အသက် ၈ဝ အရွယ်အဖိုးတစ်ယောက်နဲ့ ၁ဝ နှစ်ကျော်အရွယ် မြေးမလေးတစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် ထမင်းစားနေကြတယ်။ သွားမရှိတော့တဲ့ အဖိုးအတွက် ဟင်းတွေက ပျော့ပျော့ကြော်ထားတဲ့ ငါးကို အသားနွှင်ထားတာတစ်ခွက်၊ နူးအောင်ကြော်ထားတဲ့အသီးအရွက်တစ်ခွက်၊ ထမင်းရည်တစ်ခွက်နဲ့ ရိတ်ရိတ်လှီးထားတဲ့ မြင်းခွာရွက်တစ်ပန်းကန်၊ ထမင်းစားပြီးစားဖို့ သစ်သီးတစ်ပန်းကန်ဖြစ်ပါတယ်။ ထမင်းစားတုန်း စကားပြောတာမကြိုက်တဲ့ စည်းကမ်းကြီးတဲ့ ဖိုးဖိုးကြောင့် ထမင်းဝိုင်းက တိတ်နေတယ်။ မြေးမလေးဘေးက ထိုင်ခုံမှာ ကြောင်လေးတစ်ကောင်ကထိုင်ပြီး ထမင်းစားတာကိုကြည့်နေတယ်။ ခြေထောက်အောက်မှာ အမွှေးစုတ်ဖွားနဲ့ခွေးလေးက ပွတ်သပ်ပြီး အတင်းကပ်ထိုင်နေတယ်။ ဇွန်းခရင်းသံကလွဲပြီး ဘာသံမှမကြားရတဲ့ ထမင်းစားဝိုင်းမှာ တခြားအိမ်သားတွေ ဝင်စားလေ့မရှိပါဘူး။ သူတို့တွေက တခြားထမင်းဝိုင်း၊ တခြားဟင်းတွေနဲ့ အသံဗလံ ဆူဆူညံညံ စားသောက်တတ်ကြတယ်။ ကျောင်းပိတ်ရက်တိုင်း မြေးမလေးနဲ့ထမင်းအတူတူစားပြီးရင် ပုံပြင်ပြောပြလေ့ရှိပါတယ်။ နှစ် ၇ဝ […]


weiweiAugust 15, 20111min42625
အိမ်ရှင်မတစ်ယောက် ကြောင်သူခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်မှာ ယခုဆိုရင် ရ နှစ်တိုင်ခဲ့ပါပြီ။ အစပထမတုန်းက အဝါရောင်သူခိုးတစ်ကောင်နဲ့သာ ရင်ဆိုင်ခဲ့ရာမှ အခုတော့ (အဝါ၊ အဖြူ၊ အနက်၊ အကျား) ရောင်စုံအဖွဲ့တစ်ခုအနေဖြင့် အင်အားအခိုင်အမာဖြင့် ကျူးကြော်ရန်စနေပါတော့တယ်။ ပေ ၄ဝ ၊ ၆ဝ ရှိသော ခြံဝင်းလေးအတွင်းတွင် ပေ ၃ဝ ၊ ၄ဝ ရှိ တစ်ထပ်တိုက်လေးတစ်လုံးကို အနောက်ဘက်ခြံစည်းရိုးကိုကပ်ပြီး ဆောက်ထားပါတယ်။ သစ်ပင်ပန်းပင်များနှင့် လေကောင်းလေသန့်ရရှိသော ရပ်ကွက်တစ်ခုအတွင်းတွင် တည်ရှိသော်လည်း ပြူတင်းပေါက်ဖွင့်ရန် အခက်အခဲများဖြင့် ကြုံတွေ့နေရပါတယ်။ ဖြစ်ပုံက ဒီလို ….. ရပ်ကွက်အတွင်းမှ ဆိုးသွမ်းငတ်ပြတ်နေသော ကြောင်ထီး ၄ ကောင် ခြံဝင်းအတွင်း ဝင်ရောက်နေရာယူပြီး အိမ်ထဲကိုဝင်ရန် အချိန်ပြည့်ချောင်းနေကြပါတယ်။ အိမ်ရှေ့မျက်နှာစာဘက်ကို ထွက်မောင်းလို့ရပေမယ့် နောက်ဘေးဘက်ကို လူဝင်လို့မရတဲ့အတွက် သူတို့အတွက် […]