weiweiApril 2, 20154min22420
ဒီတစ်ခေါက် သံတောင်ကြီး သံတောင်လေးခရီးစဉ်ကတော့ မသေချာမှုတွေနဲ့ ပြည့်နေခဲ့ပါတယ်။ မသွားဖူးတဲ့နေရာတစ်ခုဖြစ်ပြီး အသိတွေထဲမှာလဲ သေချာပြောပြနိုင်တဲ့သူမရှိတဲ့အတွက် ရှေ့ပြေးကြိုပွိုင့်ထွက်ရတာနဲ့တောင်တူနေပါတယ်။ အဓိကသွားချင်တဲ့ ဖိုးကျားဆင်စခန်းမှာ ဆင်တွေမရှိလို့ သွားလို့မရတော့ဘူးဆိုတဲ့သတင်းကို သွားခါနီးမှာကပ်ပြီးမှ သိလိုက်ရတဲ့အတွက်လဲ ခရီးစဉ်အတွက် အားတက်မှုတွေကို လျော့သွားစေခဲ့ပါတယ်။ ရောက်ဖူးသူတစ်ချို့ကလဲ ဘာမှမရှိပါဘူးဆိုတဲ့ စိတ်ပျက်စရာ စကားသံတွေကိုပဲ ပြောကြတဲ့အတွက် သွားသာသွားလိုက်ရတယ် ဘယ်လိုများဖြစ်မှာပါလိမ့်လို့ စိတ်စောနေခဲ့ပါတယ်။   တောင်ငူဘက်ကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၆ ကနေ ခွဲထွက်ရမှာဖြစ်တဲ့အတွက် ခရီးအနေနဲ့ အရမ်းကြီးမဝေးတဲ့အတွက် ညသန်းခေါင်ကျော်ပြီးမှပဲ ရန်ကုန်ကနေထွက်ခဲ့ကြတယ်။ နောက်တော့မှ ပြန်သိရတာက ၁၁၅ မိုင်ကနေ ဖြူးဘက်ကိုထွက်ပြီး လမ်းဟောင်းအတိုင်းတောင်ငူကိုသွားတာ ပိုနီးပါတယ်တဲ့။ ကားကို ဖြည်းဖြည်းမောင်းပြီး ၁၁၅ မိုင်မှာ အကြာကြီး နားခဲ့ပြီးမှ မိုးလင်းတောင်ငူအဝင်ဖြစ်အောင် အချိန်ကိုက်ပြီး သွားခဲ့ပါတယ်။   တောင်ငူမြို့က […]


weiweiFebruary 25, 20155min16620
လွိုင်ကော်သွားလည်မယ်ဆိုရင် သွားသင့်တဲ့နေရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ လွိုင်ကော်-ဆီဆိုင်-တောင်ကြီးလမ်းကနေ ဆက်သွားရပါတယ်။ ကြတ်ဂူသွားတဲ့လမ်းနဲ့ လမ်းမကြီးအတူတူဖြစ်ပြီး လွိုင်ကော်ကနေသွားမယ်ဆိုရင် အောင်သပြေလှိုင်ဂူကို အရင်ရောက်မှာဖြစ်ပါတယ်။   လမ်းမကြီးကနေ လမ်းညွှန်ဆိုင်းဘုတ်အတိုင်းဝင်သွားရပါတယ်။ လယ်ကန်သင်းတွေကိုဖို့ပြီး လမ်းဖောက်လုပ်လက်စမို့လို့ ကားအသေးတွေအတွက် သွားလာရခက်နေပါသေးတယ်။ ဒါပေမယ့် မကြာခင် ပြီးသွားမှာပါ။ ညနေခင်းလေးရောက်သွားတော့ လူတစ်ယောက်မှ ရှိမနေလို့  တိတ်ဆိတ်နေတယ်။ မလှမ်းမကမ်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး အဲဒီကျောင်းကနေ မီးစက်နဲ့ မီးဖွင့်ပေးပါတယ်။   ကျွန်မတို့လဲ ပါလာတဲ့ဓါတ်မီးတွေယူသွားပြီး ဂူထဲဝင်သွားလိုက်ကြတယ်။ ကံကောင်းတာက ဖိနပ်စီးခွင့်ပြုထားပါတယ်။ အထဲမှာ အစိုဓါတ်ရှိနေတယ်။ လေဝင်လေထွက်က ကြတ်ဂူလောက်မကောင်းပေမယ့် ပိတ်ချင်းမြှောင်ထက်တော့ ကောင်းပါတယ်။ သဘာဝကျောက်ဂူအလှကို သဘာဝအတိုင်း တွေ့နိုင်ပါတယ်။ မြင်ဖူးသမျှ ဂူတွေထဲမှာတော့ အလှဆုံးပါပဲ။ အထဲမှာ သွားလာရခက်တဲ့နေရာတွေ ရှိနေပါသေးတယ်။ ဦးဇင်းလေးတစ်ပါးက ဝင်လာပြီး လိုက်ရှင်းပြပေးပါတယ်။ လူတွေက ကျောက်ခတ်ပန်းဆွဲတွေကို […]


weiweiDecember 14, 20116min21218
Guilin ခရီးစဉ် (၄) ဒီကနေ့ကတော့ ကွေ့လင်မှာ နောက်ဆုံးလည်ပတ်ကြရမယ့် နေ့တစ်နေ့ဖြစ်ပါတယ်။ ည ၈ နာရီရထားနဲ့ ပြန်မှာဖြစ်ပါတယ်။ ခရီးသွားလမ်းညွှန်က တစ်နေကုန်ခရီးဖြစ်ပြီး ညနေ ၆ နာရီလောက်မှ မြို့ထဲပြန်ရောက်မှာဖြစ်လို့ ဟိုတယ်ကို တစ်ခါထဲ check out လုပ်ပေးခဲ့ပြီး ခရီးဆောင်အိပ်ကိုပါ ကားနဲ့အတူ သယ်ခဲ့ကြပါတယ်။ ကားပေါ်က လူ ၂ဝ လောက်ပဲ ပါတာမို့ ချောင်ချောင်လေး ထိုင်သွားရပါတယ်။ ၂ ယောက်ထိုင်ခုံမှာ တစ်ယောက်ထဲထိုင်လို့ရတယ်။ ပထမဆုံး ရှေးကျတဲ့ မြို့ဟောင်းနေရာတစ်ခု Daxu town ကို လိုက်ပို့ပါတယ်။ ဘုရားကျောင်းတစ်ခု၊ ရှေးဟောင်းလူနေရပ်ကွက်နဲ့ မြစ်ဆိပ်ကိုသွားတဲ့ သစ်သားတံတားလေးတစ်ခုတွေ့ခဲ့ရတယ်။ မနက်စောလွန်းပြီး မိုးအုံ့နေပါတယ်။ ရှေးတုန်းက ရောင်းဝယ်ဖောက်ကားတဲ့ အချက်အချာနေရာ ဈေးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ရှေးဟောင်းပစ္စည်း ဈေးဆိုင်တန်းတွေ ရှိပါတယ်။ […]