weiweiNovember 29, 20101min12613
ဒီရွာထဲမှာ အငယ်ဆုံးတောင် တက္ကသိုလ်ကျောင်းသားအရွယ်တော့ ရှိမယ်ထင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ခောတ်တွေ စနစ်တွေမတူကြဘူးဆိုတော့ ကိုယ်ကြုံခဲ့ရတဲ့ ခောတ်ကလေးတစ်ခုကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါသေးတယ်။ ဘွဲ့မရသေးခင် အရွယ်အထိဆို အလုပ်အကိုင်မေးရင် ကျောင်းသားလို့ပဲ ဖြေရမှာပေါ့နော် … ကျွန်မက စာတော်တဲ့ကျောင်းသားတစ်ယောက်အနေနဲ့ လွယ်လွယ်ကူကူပဲ ဆယ်တန်းအထိ ရောက်လာခဲ့ပါတယ်။ ၁ဝ တန်းရောက်တော့ ရည်ရွယ်ချက်တွေ အများကြီးနဲ့ စာလဲပိုကြိုးစားခဲ့တယ် … အရမ်းလဲတက်ကြွပါတယ် … ဘာသာစုံကျူရှင်မယူပေမယ့် လိုအပ်တဲ့ဘာသာတွေကျူရှင်ယူပြီး အသဲအသန်စာကြိုးစားနေစဉ်မှာပဲ ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်လာပါတယ် … ကျောင်းအကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ကြော်ငြာလိုက်တဲ့အချိန်မှာ အရမ်းစိတ်ဓါတ်ကျသွားပါတယ် … အခြေအနေကလဲ တဖြည်းဖြည်းဆိုးလာပြီဆိုတော့ ကျောင်းဖွင့်ဖို့လမ်းမမြင်တော့ဘူး … အရွယ်က ကိုးလို့ကန့်လန့်၊ နေတာကလဲ နယ်မြို့လေးတစ်မြို့မှာ … အဲဒီတော့ မိရိုးဖလာအလုပ် […]