kaiSeptember 12, 20101min26913
စက်တင်ဘာ ၁၈ရက်နေ့က သင်ဘယ်မှာလဲ..။ Where were you on 9/11?ဆိုတာလေး..စီအန်အန်ကြည့်နေရင်းတွေ့လို ့ကော်ပီကက်လုပ်လိုက်တာပါ။ သိကြတယ်နော်..။ ၁၉၈၈ခု စက်တင်ဘာ ၁၈ရက်နေ့မှာ မြန်မာပြည်မျာ…တပ်မတော်က အာဏာသိမ်းခဲ့တာကို..။ အဲဒီအချိန်ကစလို့… ဒို့မြန်မာတွေ ဘဝပြောင်းခဲ့ကြတာပေါ့။ မဟာဗမာရွေ ့ပြောင်းမှုကြီးလည်း အဲဒီအချိန်ကစတာပဲ။ မြန်မာတွေ ပြည်ပ သိန်းသန်းချီထွက်ကြတာပေါ့။ အဲဒီရက်နောက်ပိုင်း..တပ်မတော်သားတွေလည်း ..အရပ်ဖက်တာဝန်။ အစိုးရတာဝန်တွေဝင်လုပ်နဲ့ အခုပြန်ကြည့်ရင်တော့.. ဘဝတွေအကြီးအကျယ်ပြောင်းခဲ့ကြတာပါ။ ရှေ ့တန်းဆိုတာတွေမှာလည်း တိုက်ပွဲတွေ တခြိမ်းခြိမ်းဖြစ်ခဲ့သေးတာပေါ့။ သေသူသေ ဒဏ်ရာရသူရ။ အဆင်ပြေသူပြေ။ သူဌေးဖြစ်သူဖြစ်ပါ။ အခုလို..ရုရှားမှာ..ဗမာတွေစစ်ပညာတွေဘယ်သင်နိုင်ကြဦးမလဲ။ သဘာဝဓါတ်ငွေ့လည်း အခုလိုမတွေ့နိုင်သေးပါဘူး။ တိုင်းပြည်ဝင်ငွေ ဒေါ်လာဘီလီယံချီရတယ်ဆိုတာက အိပ်မက်တွေပဲဖြစ်နေခဲ့တာပေါ့။ နောက်တော့…လုပ်ငန်းရှင်တွေလည်း ပြောင်းလာတဲ့ ဈေးကွက်စီးပွားရေးတွေဘာတွေနဲ့အတူတူ မီလီယံ၊ဘီလီယံဒေါ်လာတွေကိုင်နိုင်တာတွေလည်းဖြစ်ကုန်ရဲ့..။ အခုလို ဦးတေဇတို့။ မက်စ်ဇော်ဇော်တို့။ ယုဇနဦးဌေးမြင့်တို့..ဘယ်ရှိဦးမလဲ..။ အဲဒီတုံးက..ကျောင်းတက်နေတဲ့ကျောင်းသားတွေခမြာလည်း တောထဲရောက်။ ဒုက်ခသည်ဖြစ်။ တတိယနိုင်ငံအခြေချနဲ့ […]