မုေယာAugust 22, 20121min995
မျက်ကန်းမျိုးချစ် နှင့် မျက်လုံးမြင်သော မျိုးချစ် (၁)မျိုးချစ်ဟူသည်..။ ကိုယ့်လူမျိုးကို ကိုယ်ချစ်သောသူသည် မျိုးချစ်ဖြစ်သည်။ ကိုယ့်လူမျိုးမှ ကိုယ်မချစ်လျှင် မည်သူက လာချစ်မည်နည်း။ ဘိုးဘွားဘီဘင် လက်ထက် ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြေ သာ အမျိုးဂုဏ် ဆွေဂုဏ် ကိုထိန်းသိမ်းစောင့်ရှောက်လျှက် လူအားဖြင့် ဖြစ်စေ။ စိတ် အားဖြင့်ဖြစ်စေငွေအားဖြင့်ဖြစ်စေ မိမိတတ်နိုင်သည့် ဖက်က မိမိအမျိုးအတွက် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိကြသူတိုင်းသည် မျိုးချစ်ပုဂ္ဂိုလ် များဖြစ် ကြပါသည်။ (၂) မျက်ကန်းမျိုးချစ် နှင့် အစွန်းရောက်ခြင်း ဘာကြောင့် ဖြစ်မှန်းမသိသော ပြဿနာကို အရင် သိအောင်မကြိုးစား၊ မိမိအမျိုးကို ထိရုံဖြင့် မိမိအမျိုးမှ အမှန် အားလုံးအမှားဟူ၍ ယူဆနေသောသူများ။မိမိ လူမျိုးအကြောင်း၊ မိမိဘာသာအကြောင်း ကိုသာ လေ့လာထားပြီး တစ်ခြားမည်သည့် လူမျိုးဘာသာ ကိုမှ မလေ့လာ လေ့လာရကောင်းမှန်းလည်းမသိ၊။စိတ်လည်းမဝင်စား။မိမိလူမျိုးပြောတာမှ […]