ဒီနေ့ အတော်လေး ပျင်းနေတယ်။ ကွန်ပျူတာ ရှေ့ချထားပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ ကျွန်တော်က ဂိမ်းဆော့ရတာ သိပ်ပြီး ဝါသနာ မပါလှတော့ စက်ထဲမှာ ဂိမ်း ကောင်းကောင်း မထည့်ဖြစ်ပါဘူး။ ဒါနဲ့ လုပ်စရာ မရှိ ဟိုကြည့် ဒီကြည့်နဲ့ အင်တာနက်ကနေ ဒေါင်းလုပ် လုပ်ထားတဲ့ စာအုပ်တွေကို လျှောက်ကြည့် နေလိုက်တယ်။ ပထမတော့ အပျင်းပြေပုံစံမျိုးနဲ့ ကြည့်ခဲ့တာပါ။ မဆိုးဘူးဗျ။ ဒီနေ့ မျက်လုံး ညောင်းရတာ တန်ပါတယ်။ ခု ကျွန်တော် ကြည့်နေတဲ့ စာအုပ်ကတော့ Webuser IT Magazine ပါ။ ဘယ်နှစ်လ ထုတ်လဲတော့ မသိဘူး။ စက်ထဲမှာတော့ ရှိနေတာ ကြည်ပြီး။ သေသေချာချာ သိပ်မဖတ်ဖြစ်ခဲ့ဘူး။ ကောင်းမယ်ထင်လို့ ဒီပို့စ်ကို […]


Folder တစ်ခုအတွက် Properites Window မှာ Customize Tab ကို မတွေ့တော့ဘူးဆိုရင် သင်အနေနဲ့ လုပ်ဖို့ လိုအပ်တာက ဒီပြသနာကို ဖြေရှင်းကို Registry ကို ဝင်ပြီး ပြင်ရပါတော့။ ဥပမာ အောက်မှာ ပြထားတဲ့ ပုံက Folder တစ်ခုကို ညာကလစ်တစ်ချက်နှိပ်ပြီး Properties ကို ဝင်တဲ့ အခါ Tab တွေထဲက Customize ကို တွေ့ရတာပါ။ တကယ်လို့ သင့် ကွန်ပျူတာမှာ အဲဒီလို ပါမလာဘူးဆိုရင်တော့…။ ဒါပေမယ့် တစ်ခုပြောစရာ ရှိပါတယ်။ အဲဒီ Customize Tab က Folder တွေမှသာ ပါတာပါ။ တခြားသော Drive တို့၊ Libraries တို့၊ Desktop […]


ကျွန်တော်တို့ တော်တော်များများ ကြုံတွေ့ဖူးကြပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကွန်ပျူတာကို ပိတ်တဲ့ အခါ ဝင်းဒိုးစ်က တော်တော်နဲ့ ပိတ်မသွားတဲ့ အခါ။ ပြီးတော့ ကိုယ်ကလည်း လက်ဖက်ရည်ဆိုင် ဒါမှမဟုတ် သူငယ်ချင်းများနဲ့ အပြင်ထွက်မယ်လို့ ပြင်ဆင်နေတဲ့ အခါမှာ အဲဒီလို ကွန်ပျူတာက အချိန်အတော်ကြီး ကြာတဲ့ အထိ ပိတ်အောင် စောင့်နေရတဲ့ အချိန်တွေက အတော်လေး ကသိကအောင့် နိုင်လွန်းပါတယ်။ ဒါကြောင့် အဲဒီလို ခံစားချက်တွေကို ပြေပျောက်အောင်ဆိုပြီး ဒီနည်းလမ်းလေးကို ပြောပြလိုက်တာပါ။ အဲဒီလို ဖြစ်နေပေမယ့်လည်း ကွန်ပျူတာကို အပြစ်တင်လို့တော့ မရပါဘူး။ ဒီနေရာမှာ ကွန်ပျူတာလို့ ပြောနေတာက အဓိက ပြောရရင် ကိုယ်သုံးနေတဲ့ OS ဖြစ်တဲ့ ဝင်းဒိုးစ် လို့ပဲ ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာဆိုတာ […]


ကဲ.. ဝင်းဒိုးစ် ဆဲဗင်းနဲ့ ပက်သက်ပြီး နည်းလမ်း လေးတစ်ခုလောက်ပြောပြချင်ပါတယ်။ ခုပြောပြမယ် နည်းလမ်းလေးကို Regedit နဲ့ ပက်သက်တာကြောင့် ဂရုတစိုက် လုပ်ဆောင်ပါလို့ ပြောပြချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Registry ဆိုတာက ကွန်ပျူတာ တစ်လုံးရဲ့ စနစ်နဲ့ ဆက်နွှယ်နေတာကြောင့် တစ်ခုခု မှားသွားခဲ့ရင် ကွန်ပျူတာကို ထိခိုက်သွားမှာ စိုးလို့ပါ။ တစ်နေ့က ကျွန်တော် အင်တာနက် တစ်ဆိုင်ကို သွားတော့ ဆိုင် အဝင်ဝမှာ `တားမြစ်ထားသော ဝက်ဆိုက်များကို ဖွင့်မကြည့်ရန်´ ဆိုတဲ့ စာတန်းလေးကို ချိတ်ထားတာကို တွေ့မိခဲ့ပါတယ်။ ပြီးတော့ တခြား စာတန်းများကို တွေ့ရပါတယ်။ ဘာမလုပ်ရဘူး။ အင်တာနက် သုံးနေတုန်း ဆေးလိပ်မသောက်ရဘူးဆိုတဲ့ စာတန်းများ စသဖြင့်ပေါ့လေ။ အဲဒီစာတန်းလေးကို တွေ့တော့ တစ်ခု စဉ်းစားမိခဲ့ပါတယ်။ […]


ကွန်ပျူတာ တစ်လုံးကို စပြီး သုံးနေတယ် ဆိုရင် လုံခြုံရေးဆိုတာက အရေးကြီးတဲ့ စဉ်းစားစရာ တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အွန်လိုင်း သူခိုးများက အွန်လိုင်းပေါ်မှာ သိမ်းထားတဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်များကို အသုံးပြုနိုင်ပါတယ်။ ဥပမာ ပြောရရင် သင့် နာမည်၊ လိပ်စာ၊ စသဖြင့်ပေါ့။ လက်တော့စ်များနဲ့ နက်တ်ဘုခ်များက မကြာခဏဆိုသလိုပဲ သူခိုးများရဲ့ ပစ်မှတ်များ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အများစုက တစ်ခါတစ်လေ USB Drive များကို ကျပျောက်လေ့ ရှိပါတယ်။ ဒါကြောင့် အဲဒီထဲမှာ  သိမ်းထားတဲ့ အချက်အလက်များက လုံခြုံမူ ရှိစေအောင် လုပ်ထားတာက ပိုပြီး ကောင်းပါတယ်။ အဆိုးရွားဆုံး ဖြစ်လာခဲ့မယ်ဆိုရင်တောင် ပေါ့။ သင့် ဝင်းဒိုးစ်ကို သန့်စင်နေစေဖို့အတွက် အကူအညီပေးမယ့် […]


ဝင်းဒိုးစ် ဆဲဗင်းဆိုတာက စွမ်းအားပြည့်ဝတဲ့ ဆော့ဖ်ဝဲတစ်မျိုးဖြစ်ပါတယ်။ သူ လည်ပတ်နေသလောက် ကွန်ပျူတာကနေ တူညီတဲ့ ပါဝါ လိုအပ်ပါတယ်။ ဝင်းဒိုးစ် ဆဲဗင်းအတွက် လိုအပ်မူများသာ ကွန်ပျူတာက မပေးဘူးဆိုရင် သူက ဆော့ဖ်ဝဲကို ကောင်းကောင်း Run ပေးမှာ မဟုတ်ပါဘူး။ Windows Welcome Center ကို ကြည့်လိုက်ခြင်းနဲ့ ဟာ့ဝဲဘယ်လောက် သုံးတယ်ဆိုတာကို ကြည့်လိုက်ပါ။ အဲဒီလို ကြည့်မယ်ဆိုရင် Start ထဲကနေ Computer ကို သွားပါ။ ပြီးတော့ ညာဖက် ကလစ်နှိပ်ပြီး Properties ကို ရွေးချယ်ပါ။ Window’s System Area ထဲတွင် ဟာ့ဝဲရဲ့ အခြေအနေကို ကြည့်လိုက်ပါ။ ဝင်းဒိုးစ် ဆဲဗင်းကို ကောင်းကောင်း Run ဖို့ ကွန်ပျူတာတစ်လုံး […]


ဝင်းဒိုးစ် အိဒ် မေးခွန်းများကို ဝင်းဒိုးစ် အိဒ် Operating System အကြောင်း သတင်းအချက်အလက်များကို သတင်းထောက်များအား အသိပေးဖို့ ဝင်းဒိုးစ် အိဒ် သတင်းဌာနရဲ့ ဝန်ထမ်းကနေ ဖန်တီးထားပါတယ်။ ဝင်းဒိုးစ် ဆဲဗင်းကို ၂၀၀၉ ခုနှစ် အောက်တိုုဘာ ၂၂ ရက်နေ့တိုင်အောင် ထုတ်ဖော်ပြသခြင်း မရှိပေမယ့် ၂၀၁၁ ခုနှစ်၊ ဒါမှမဟုတ် ၂၀၁၂ ခုနှစ်လောက်တွင် ပေါ်ထွက်လာမယ်လို့ ထင်ရတဲ့ နောက်ထပ်အစားထိုး ဝင်ရောက်လာမယ့် ဝင်းဒိုးစ် အိဒ်ကို စိတ်ဝင်စားမူတွေ ပြောင်းလဲလာပါတယ်။ ဝင်းဒိုးစ် အိဒ် သတင်းများက ဝင်းဒိုးစ်ရဲ့ နောက်ထပ် ပြသခြင်းအကြောင်း Screenshot များ၊ ကောလဟာသများ၊ နောက်ဆုံးသတင်းများ အကြောင်း သင့်အတွက် ကြိုးစားအားထုတ်ထားပါတယ်။ ပြီးတော့ ဝင်းဒိုးစ် ဆဲဗင်းအတွက် အကောင်းဆုံး […]


etoneSeptember 20, 20101min1884
မိုက်ခရို ဆောဖ် ကုမ္ပဏီမှ ထုတ်ဝေသည့် ဝင်းဒိုးဆောဖ် ဝဲ အပြင် မိုက်ခရို ဆောဖ် Office အုပ်စု မှPower Point ,Publisher ,Word, Excel အစရှိသည့် ဆော်ဝဲ များ ကို အဆင့်မြင့် ပညာသင်ကြားနေ သောကျောင်းသားများ အား ၉၁ ရာခိုင်နှုန်း လျှော့ဈေးဖြင့်ရောင်းချမည့် အစီအစဉ် အား မိုက်ခရိုဆောဖ်ဝဘ်ဆိုတ်တွင် သတင်း ထုတ်ပြန် ထားသည်။အမေရိကန် သို ့မဟုတ် ကမာ္ဘ တဝှမ်း ရှိတက္ကသိုလ် ပညာ သင် ကြားနေ သည့် ကျောင်းသား များအတွက် Windows 7 Professional အား၆၄.၉၅ ဒေါ်လာ နှင့် ရောင်းချပေး မည် ဖြစ်ပြီး ၊Word ,Publisherအပါအဝင် […]


ရရှိနိုင်တဲ့ ဝိုင်ယာလက်စ် Network ကို အသုံးပြုဖို့ ဆိုရင် သင့် ကွန်ပျူတာတွင် ဝိုင်ယာလက်စ် Networking Card တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ပထမဆုံး အဆင့်က ရရှိနိုင်တဲ့ ဝိုင်ယာလက်စ် Network ကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ ဒုတိယအဆင့်က ဝိုင်ယာလက်စ် Network ကို ဆက်သွယ်ဖို့ ဖြစ်ပါတယ်။ Windows Vista တွင် ရရှိနိုင်တဲ့ ဝိုင်ယာလက်စ် Network ကို ရှာဖို့ ဆိုရင် အောက်ပါ အဆင့်များကို လိုက်နာပါ။ ၁။ Start Menu ကနေ Connect To item ကို ရွေးချယ်ပါ။ Connect to a Network ဆိုတဲ့ Window […]


သင့် Gmail အကောင့်ထဲကို ရောက်လာတဲ့ ဘယ်စာ မဆို မလွဲချင်တဲ့ ဆန္ဒ ရှိပါသလား။ ဒါမှမဟုတ် မေးလ် အသစ်ရောက်တဲ့ အခါတိုင်း Gmail Nofifier က သတိပေးတဲ့ သတိပေးချက်မျိုး နှစ်သက်ပါသလား။ ဘာပဲဖြစ်ဖြစ် သင့် Gmail အကောင့်အတွက် အသံပါတဲ့ သတိပေးချက်ကို ပေါင်းထည့်ဖို့ ဒါမှမဟုတ် ဖွင့်ထားတဲ့ သံစဉ်ကို ပြောင်းလဲဖို့ ဘယ်လို လုပ်ရမယ်ဆိုတာကို ပြောပြထားတာပါ။ Gmail အတွက် New Mail Sound ကို ပြောင်းလိုက်ပါ။ Gmail တွင် New Mail Sound ကို ပြောင်းဖို့ ဆိုရင် – Gmail Notifier ကို Installation လုပ်ထားသလားဆိုတာ သေချာအောင် […]


သင့်တွင် Windows Live Hotmail လိပ်စာ နဲ့ သူနဲ့ အတူ ပါလာတဲ့ ဝက်ဘ် မျက်နှာပြင် ရှိပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုတည်းသော Inbox ထဲတွင် အကောင့်များကို ဆက်ထားဖို့ Gmail အကောင့်ထဲ မေးလ်များ အားလုံးကို ဆက်သွယ်ထားနိုင်ပါတယ်။ ဥပမာ ပြောရရင် Gmail Spam filter ကို နောက်ထပ် Junk တစ်ချို့ ထောက်ပံ့ပေးဖို့ လုပ်ဆောင်နိုငပါတယ်။ Gmail တွင် အခမဲ့ Windows Live Hotmail ကို ဆက်ထားခြင်း မေးလ်များ ပို့ခြင်း နဲ့ လက်ခံခြင်း အတွက် Gmail ထဲတွင် Windows Live Hotmail ကို ဆက်ထားရန်။ Gmail […]


wailynnooJune 6, 20101min723
ကျွန်တော်စက်ကအရမ်းလေးပြီး hard disk က space တော်တော်များများပျောက်နေပါတယ်။ RAM သွားတိုးရင်း ဆိုင်ကလူ temp တွေရှင်းလိုက်တော့ မှ space က 2 g လောက်တက်သွားတယ်။ 1.Run မှာ recent လို့ ရိုက်လိုက်ပါ။ ပေါ်လာတယ်ဖိုင်တွေ Shift + Del နဲ့ ဖျက်လိုက်ပါ။ 2.Run မှာ temp လို့ ရိုက်လိုက်ပါ။ ပေါ်လာတယ်ဖိုင်တွေ Shift + Del နဲ့ ဖျက်လိုက်ပါ။ 3.Run မှာ %tmp% လို့ ရိုက်လိုက်ပါ။ ပေါ်လာတယ်ဖိုင်တွေ Shift + Del နဲ့ ဖျက်လိုက်ပါ။ 4.Run မှာ prefetch လို့ ရိုက်လိုက်ပါ။ […]


kaiFebruary 23, 20101min851
မြန်မာတွေကွန်ပျုတာနည်းပညာမှာ    အမြန်ဆုံးတိုးတတ်ပြီးနိုင်ငံတကာကိုယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systemsထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့လက်မှတ်ဝိုင်းဝန်းရေးထိုးကူညီပေးနိုင်ရန်အောက်ပါလင့်သို့ဝင်ရောက်၍ကူညီပါခင်ဗျား။ http://myanmar-myanmar.net/index.php?option=com_petitions&view=petition&id=122&Itemid=465 လေးစားစွာဖြင့် ဆိုပြီး အီးမေးလ်ရတာမို ့အဲဒီအတိုင်းတင်ပေးလိုက်တာပါ။ ဆိုင်ရာဝက်ဘ်ဆိုက်သွားကြည့်တော့လည်းMyanmars.net  ဖြစ်ပြီး ဝင်းမြန်မာစာတွေ အလကားပေးခဲ့တဲ့ အဖွဲ ့ကဖြစ်တာမို ့ယုံရလောက်ပါတယ်။ ပြောရရင် သူတို့က ယူနီကုဒ်မြန်မာစာကို ထည့်သွင်းပေးနိုင်ဖို ့ကြိုးစားကြပုံလည်းဖြစ်ပြီး အားလုံးဝိုင်းလုပ်ရင် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ဘာလို့ အခုလို ပြောရသလဲဆိုတော့ မိုက်ခရိုဆော့ဖ်က မြန်မာပြည်ကို ဝင်းဒိုးဆော့ဖ်ဝဲတွေ တရားဝင်ရောင်းတာ မရှိသလောက်ဖြစ်နေလို ့မို ့ငွေရေးကြေးရေးနဲ့ မားကက်တင်းအရ ဘယ်လိုမှ တွန်းအားမရနိုင်သမို ့လူထုအားနဲ့ အခုလို ဝိုင်းတွန်းရတဲ့ဘဝ ရောက်နေတယ်ပဲ လွယ်လွယ်ဆိုကြနိုင်ပါတယ်။ ( ဝင်းဒိုး ရ တခွေ တထောင်လောက်(ဗမာငွေ) ကုန်ကျခံပြီး ဝယ်သုံးထားကြတယ်လို့တော့ မပြောလိုက်ကြနဲ့နော…) ယူနီကုဒ်အစစ်ကြီး သွင်းမှာဆိုတော့ မန္တလေးဂေဇက်ကလည်း […]