Moe ZDecember 18, 20111min39025
၁ ဒေါ်လာနဲ့ ၈ရ ဆင့်၊ ဒါအကုန်ပဲ။ နေ့တိုင်းသူမဈေးဖိုးကို နည်းနိုင်သမျှနည်းအောင်သုံးခဲ့သည်။ ဈေးအပေါဆုံး အသားနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ဆိုင်ပြီးတစ်ဆိုင် မရ ရအောင်ရှာဝယ်ခဲ့ပြီး ငွေကိုတတ်နိုင်သလောက်စုခဲ့ရတာ။ ငွေတွေကို နောက်တစ်ခေါက်ပြန်ရေကြည့်တယ်။ သူမ မမှားပါ၊ ၁ ဒေါ်လာနဲ့ ၈ရ ဆင့်၊ သူမမှာရှိသမျှ အကုန်ပါပဲ။ မနက်ဖြန်ဆိုရင် ခရစ်စမတ်ရောက်ပြီ။ ဒီငွေလေးနဲ့ သူမဘာမှလုပ်လို့မရတော့။ သူမတတ်နိုင်တာဆိုလို့ ငိုကြွေးဖို့ပဲ ရှိတော့တယ်။ ဆင်းရဲစုတ်ပြတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ သူမတစ်ယောက်ထဲ ထိုင်ငိုနေလိုက်သည်။ သူမနာမည် ဒဲလာပါ။ ဒီအခန်းကျဉ်းလေးထဲမှာ သူမရဲ့ခင်ပွန်းဖြစ်သူ ဂျင်မ်နဲ့ အတူနေပါတယ်။ ကံကောင်းထောက်မလို့ ဂျင်မ်က အလုပ်တစ်ခုရပေမယ့် သူ့လခရဲ့ တော်တော်များများကို ဒီအခန်းလေးရဲ့လခအဖြစ်အသုံးပြုရသည်။ သူမအလုပ်ရဖို့ ကြိုးစားကြည့်ပေမယ့် ခေတ်ကာလကြောင့် အမျိုးသမီးတစ်ယောက်အလုပ်ရဖို့မလွယ်ကူပါ။ ခက်ခဲကြမ်းတမ်း တဲ့ဘဝမှာ သူမအတွက် စိတ်အချမ်းသာဆုံးအချိန်က […]