မကြာမီ ၂၀၁၃ သည် အတိတ်ဖြစ်တော့မည်။ မကြာမီ ၂၀၁၄ သည် ပစ္စုပ္ပန်ဖြစ်တော့မည်။ မကြာမီ ၂၀၁၅ သည် အနာဂတ် ဖြစ်တော့မည်။ အတိတ်သည်၎င်း ပစ္စုပ္ပန်သည်၎င်း အနာဂတ်သည်၎င်း ကျတော်တို့ ဖြတ်သန်းခဲ့မည် ရောက်ရှိလာမည် မျော်ကြည့်ရမည်။ နိုင်ငံရေးအမြင်ဖြင့်မြင်ကြည့်ပါလျှင် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကြည့်မြင်သုံးသပ်ပုံခြင်းမတူနိုင်။ သို့သော်တူညီသော မျော်လင့်သော တောင့်တသော အချက်မှာကား ယေဘုယျအားဖြင့် ခြုံလိုက်ပါကတူညီမည်ဟု ယုံကြည်ပါသည်။ထိုအချက်ကား ၁။ အစိုးရမဟုတ်သော သို့ အာဏာလက်ဝယ်မရှိသော နိုင်ငံရေး တက်ကြွလူပ်ရှားသူ များ အားလုံး၏ ရည်မှန်းချက်ပန်းတိုင်သည် စစ်တပိုင်းအစိုးရ လုံးဝဥဿ ုံ ပြုတ်ကျရေးသည်သာ ဖြစ်သည်။ ၂။ အပြန်အလှန်အားဖြင့် လက်ရှိ အာဏာရ စစ်တပိုင်းပါတီသည် နိုင်ငံရေးလူပ်ရှားသူအားလုံ၏ ရည်မှန်းချက်ကို အထက်ပါအတိုင်း ရှု့မြင်ပြီးဖြစ်၍ မဖြစ်မနေ […]