blazeSeptember 27, 20111min25526
လွန်ခဲ့သည့် ဧပရယ်လထုတ် The Wave မဂ္ဂဇင်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ “Oh! We are Burmans” ဆိုသည့် ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသည်။ မြန်မာလူမျိုးများမှာ အားနည်းချက်ကြောင်ကွက်အဖြစ် ကိုယ့်ကိုကိုယ် အထင်ကြီးခြင်း၊ အတွေးတိမ်ခြင်းတို့ကို တွေ့ရပြီး ထိုရောဂါမျိုးကို လူကြီးသူငယ်နာဟုခေါ်ကြောင်း ရေးသားထားသည်။ မြန်မာတွေ မညံ့ပါဟု အချို့က ဂုဏ်ယူတကြီး ပြောကြသည်။ ထိုအဆိုအပေါ် အငြင်းပွားရန်လည်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာတွေက အမှန်တကယ်ပင် မညံ့ကြ၍ ဖြစ်သည်။ သို့သော် မြန်မာတွေ ထူးချွန်သလားဟု မေးလျှင် အဖြေရကျပ်သည်။ စာရေးသူ ငယ်စဉ်က ရဟတ်ယာဉ် တီထွင်သော ပန်းပဲဆရာတစ်ဦးကို မြင်ဖူးသည်။ ထိုပန်းပဲ ဆရာမှာ စာမတတ်ချေ။ သို့သော် ရဟတ်ယာဉ်တစ်စင်းကို ဟင်းဂလိုင်း သံချောင်းကွေး၍ နှစ်လုံးထိုး […]