မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်းမြို့မှာရှိတဲ့ သူဌေးကျွန်းဟိုတယ်(အန်ဒမန်ကလပ်ဟိုတယ်) မှာ ၂၀၁၁၊ မေလ ၅ ရက်နေ့ ညတွင်ပြုလုပ်သွားတဲ့ တေးဂီတဖျော်ဖြေပွဲမှာ အဆိုတော် ရဲလေး နှင့် အိမ့်ချစ်တို့ သီဆိုဖျော်ဖြေသွားကြပါတယ်။ ကော့သောင်း နှင့် ရနောင်း မြို့မှ ပျိုပျိုရွယ်ရွယ် မကြီး၊ မလတ်၊ မငယ်၊ များနှင့်တကွ ၎င်းတို့၏ လိုက်ပွဲများပါ တပျော်တပါး ကြည့်ရှုကြပြီး ရဲလေးအား အနမ်းပန်းများ အပြိုင်အဆိုင်ချီးမြှင့်ခဲ့ကြကြောင်း၊ ပွဲရောက်လာကြသော လူပျို၊လူအိုကြီးငယ်များကတော့ အမျိုးသမီးပရိတ်သတ်နှင့်အပြိုင် အဆိုတော်ကလေး အိမ့်ချစ်အား အနမ်းချီးမြှင့်ချင်ပါသော်လည်း မသင့် တော်သည့်အတွက် စိတ်ကူးနှင့်သာ အားမလိုအားမရ ဖြစ်ခဲ့ရကြောင်း သတင်းရရှိပါသည်။