CharTooLanApril 29, 20111min2239
တို့တိုင်းပြည် ထလော့မြန်မာ၊ အို မြန်မာတို့ တို့ရွာ တို့ပြည်၊ တို့ရွာမြေဝယ် စေတီ စပါး၊ များလည်းများ၏ များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်မစားလေရ၊ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။ ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာ တို့ပြည်၊ တို့ရွာမြေဝယ် ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့် သီးနှံချိုပျား၊ များလည်းများ၏ များပါလေလဲ။ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် မြင်သာမြင်ရ၊ မစားရ၍ တောကပြိတ္တာ ဖြစ်မည်တည်း။ ထလော့ မြန်မာ၊ မြန်မာ ထလော့ အားမပျော့နှင့်၊ မလျှော့လုံ့လ သူကစ၍၊ ငါကအားလုံး လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့ ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ ဤယာစပါး၊ […]