ေမွာ္ဆရာOctober 29, 20111min19314
မှော်ဆရာရဲ့ ဓါတ်ပုံဆရာ သက်တမ်း ၁ဝ နှစ်လောက်အတွင်းမှာ မြို့တကာ နယ်တကာ စုံအောင်သွားခဲ့ရတော့ .. လူမျိုးစုံ စရိုက်မျိုးစုံ ်တွေ့ကြုံခဲ့ရတဲ့အပြင် အတွေ့အကြုံကလဲ ပေါင်းစုံပါ။ ဒီတစ်ခါတော့ မှော်ဆရာ အားလုံး မျှော်လင့်နေကြတဲ့ ပထမဆုံး ဆက်ဆီ ဓါတ်ပုံ ရိုက်ခဲ့ရတဲ့ အကြောင်းလေးကို တင်ပြချင်ပါတယ်။ ရေးချင်နေတာတော့ ကြာပါပြီ ။ မနေ့က ပိုစ်နှစ်ခု ပြည့်သွားတာ တစ်ကြောင်း ၊ ကိုကြောင်ကြီးက သူ့မင်္ဂလာဆောင် မင်္ဂလာဦးည မှတ်တမ်း ရိုက်ချင်တာ ပွဲရက် လာချိတ်နေတာ တစ်ကြောင်းကြောင့် ဒီနေ့ မှပဲ တင်ဖြစ်ပါတယ် ။ တစ်ခါထဲပဲ ကြော်ငြာဝင်လိုပါတယ် ။ ရွာသူရွာသားတွေထဲမှာ မှတ်တမ်းတင် ရိုက်ချင်သူများ ရှိရင် မှော်ဆရာ ဗီဒီယို ဓါတ်ပုံ ရိုက်ကူးရေးမှ […]


ေမွာ္ဆရာOctober 28, 20111min30720
၂၀၀၈ ခုနှစ်တွင် မှော်ဆရာ ရိုက်ကူးခဲ့သော စေတီတော်အား ရွာသူရွာသားများ ဖူးမျှော်ကြည်ညိုနှိုင်စေရန် ရွာဦးစေတီအဖြစ် ဘုရားဒါယကာ မှော်ဆရာမှ ပင့်ဆောင် ပူဇော်လိုက်ပါသည် ။ မည်သူမဆို ဆင့်ပွား ပူဇော်နှိုင်ကြပါသည် ။ အမျှ အမျှ အမျှ ယူတော်မူကြပါ ..။ ဤသို့ပြုရသော ကုသိုလ်ကံကြောင့် ပုံကောင်း ပုံသန့်များစွာကို ဖန်တီးရိုက်ကူးနှိုင်စွမ်းရှိသော ဓါတ်ပုံဆရာကောင်းတစ်ယောက် ဖြစ်ရပါလို၏ ။


ေမွာ္ဆရာOctober 28, 20111min32732
အသုဘ မရိုက်ဘူးလို့သာ ပြောရတာပါ … တကယ်ကို ပိုက်ဆံရမယ့် ပွဲမျိုးကိုတော့ ရိုက်ပေးရတာပါပဲ ….. ပြောရရင် မြန်မာလူမျိုးက သာရေးကိုသာ မှတ်တမ်းတင်ကြတာပါ . နာရေးဆိုရင်တော့ တတ်နှိုင်သမျှ မေ့ပျောက်အောင် ကြိုးစားပြီး မှတ်တမ်းမတင်ကြတာ များပါတယ် ။ ကျွန်တော်တို့အရပ်မှာ အသုဘကို ဗီဒီယို ရိုက်တာ မရှိသလောက်ရှားပါတယ် . ။ဘုန်းကြီးပျံ ကတော့ တစ်မျိုးပေါ့နော် …။ ဒါပေမယ့် ကျွန်တော်ကတော့ ရှားရှားပါးပါး တစ်ပွဲ ရိုက်ဖူးပါတယ်။တစ်ခါတလေ အဖြစ်မှန် ဆိုတာ ပုံပြင်ထက်တောင် ထူးဆန်း တတ်ပါသေးတယ်နော် …။ တစ်နေ့ ကျွန်တော် ပျင်းပျင်းနဲ့ဆိုင်မှာ အိပ်နေတုန်း ကျွန်တော့ ဆိုင်ထဲကို ရှမ်းကြီးတစ်ယောက် ဝင်လာပါတယ် . ။ ဝတ်စားထားတာတော့ ရိုးရိုးပေမယ့် လေသံကတော့ […]


ေမွာ္ဆရာOctober 27, 20111min28520
ကျွန်တော်က ရွာထဲမှာသာ ဟိုယောင်ယောင် ဒီယောင်ယောင် မှော်ဆရာ လုပ်နေရတာပါ ။ တကယ်တော့ မှော်ဆရာဆိုတာ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးရေး လုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအနေနဲ့ ယခုအချိန်ထိ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ သူတစ်ယောက်ပါ ။ အခုဆိုရင် ကျွန်တော် ကင်မရာကိုင်ခဲ့တဲ့သက်တမ်းက ၁ဝ နှစ် နီးပါး ဖြစ်လာပြီပေါ့။ကင်မရာဆရာအနေနဲ့ မြို့ရော ၊တောပါ မကျန် ခြေရာခြင်းထပ်အောင် သွားလာ လှုပ်ရှားရင်း အမှတ်ရစရာ အဖြစ်တွေလဲ အများကြီး ရှိခဲ့ပါတယ် ။ ဒါကြောင့် ဗဟုသုတ အနေနဲ့ မဟုတ်တောင် ရွာသူ ရွာသားအပေါင်း အပျင်းတော်ပြေရုံလောက် အခန်းဆက် တင်ဆက်သွားပါမယ် ။ ဓါတ်ပုံပညာကို စတင်သင်ယူချိန်က ဆရာ့ ဆရာများက မှာကြားခဲ့ ပါတယ် ။ ဓါတ်ပုံရိုက်မယ်ဆိုတိုင်း အရိုက်ခံသူကို […]


ေမွာ္ဆရာAugust 26, 20111min16210
နည်းပညာဝက်ဆိုက်ကောင်းကောင်းလေးတွေကို မြန်မာနိုင်ငံက ပိတ်ပိတ်ထားတော့ ကြည့်မရဖြစ်နေတယ်။ စတင်လေ့လာသူတွေ အကြံတုန်း ညဏ်တုန်း ဖြစ်နေမှာစိုးလို့ နည်းပညာ တိုလီမုတ်စလေးတွေ တင်ထားတဲ့ ဝက်ဆိုက်လေးတွေ မျှဝေလိုက်ပါတယ်။ http://seinnan.multiply.com/ လူသိတော့နဲတယ်။ဒါပေမယ့် အဆင်ပြေမယ်ထင်ပါတယ်။ ကျွန်တော်ထောင်ထားတဲ့ ဝက်ဆိုက်တော့ မဟုတ်ပါဘူးနော် .. တော်ကြာကြော်ငြာဝင်တယ် ထင်နေဦးမယ် မှော်ဆရာ


ေမွာ္ဆရာDecember 1, 20101min24229
အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုးတွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင်များတာကိုတွေ့ရပါတယ်။အင်တာနက် နည်းပညာတိုးတက်လာတာနဲ့ အမျှ ဘေးထွက်ဆိုးကျိုးတွေလဲ မခွဲမခွာ တွဲပါလာတာကိုလဲ မြင်နေရပြန်ပါတယ်။ ကျွန်တော်နဲ့ အဆင့်အလှမ်းကွာနေတဲ့ spyware,mailware,virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင်မသိပဲ အင်တာနက်ပေါ်မှာ စေတနာကြီးမားစွာနဲ့ ဝေငှ(share) အလုပ်ခံနေရတဲ့ကိစ္စပါ။ ဒါကို ဒီအတိုင်းထိုင်ကြည့်နေလို့တော့ မဖြစ်တော့ဘူးထင်ပါတယ်။ နာမည်ကြီးချင်လို့၊လူသိများချင်လို့ (ဒါမှမဟုတ်) ဝါသနာအရ ကိုယ့်ပုံကိုယ်တင်တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှုအားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ်လပ်လပ်နေတာကို မှတ်တမ်းတင်ခံရတာတို့ကတော့ မဖြစ်သင့်ပါ။ အဆိုးဝါးဆုံးကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံအပ်မိကာမှပဲ ကျောချမှ […]


ေမွာ္ဆရာNovember 27, 20101min26123
ဥက္ကာခဲ အမှတ် RX3286 သည် နေစင်္ကြာဝဌာထဲ တနာရီမိုင်း ၁သန်း၃သိန်းနှုန်းဖြင့် ဝင်ရောက်နေသည်ဟု နာဆာမှ ကြိုတင်တွက်ထားသည့်ရလဒ်များအရဆိုပါသည်။ အဆိုပါဥက္ကာခဲသည် ကမ္ဘာ့မြေသို ့ဒီဇင်ဘာ ၄ရက်နေ့ ၂၀၁၀၊ ည ၁ဝနာရီ ၁ဝမိနစ်တိတိတွင် ဝင်ရောက်တိုက်မိမည်ဖြစ်ပြီး ကမ္ဘာ့လူဥိးရေ သန်း၆ထောင်၏အသက်ကို နာရီပိုင်းအတွင်း ဖဲ့ခြွေယူသွားမည်ဟု သိပ်ပံပညာရှင်အားလုံးလိုလိုကသဘောတူလက်ခံထားပါသည်။ ကျန်လူသားနှင့်သတ္တဝါများမှာ အလွန်ဆုံး ရက်ပေါင်း၃ဝအတွင်း ကြီးမားလှသောဒီရေလှိုင်းများနှင့်ငလျှင်၊မီးတောင်ပေါက်ကွဲမှုတို့ကြောင့် သေဆုံးကြမည်ဖြစ်သည်ဟု တွက်ချက်ထားချက်များအရသိရှိရသည် ဒါ အက်ဒမင် ကိုခိုင်တင်ထားတဲ့ သတင်းပါ။ ဒီသတင်းကအမှန်ဆိုရင် သေရတော့မယ့်အချိန်က နီးနီးလေးပဲပေါ့။ ဝမ်းသာပါတယ်။ မသိခြင်းလေးပါးထဲက တစ်ပါးကို ကျော်လွန်တာ ပဲပေါ့။ ကိုသေရမယ့်အချိန်ကို ကိုယ်ကြိုသိတာ နဲတဲ့ကုသိုလ်လား။ ပြီးတော့ နောက်ဆံတင်းစရာ မိသားစုသံယောဇဉ် မကျန်တော့ဘူးလေ၊ သူတို့လဲ ကိုနဲ့ တစ်ခရီးထဲကိုး။အဖော်အပေါင်းနဲ့ စုစုစည်းစည်းပေါ့။ ပိုဝမ်းသာစရာက နာဂစ်တို့ […]