ဆူးFebruary 3, 20111min943
နဂါး မင်းကြီး အရုပ် ကျူးဟိုင် အမှတ်အသား ပုလဲရွက်ထားတဲ့ အမျိုးသမီး ရုပ်နဲ့ ပတ်သတ်တဲ့ ပါးစပ် ရာဇဝင်လေးတွေ ရှိပါတယ်။ နဂါးပြည်ကလာတဲ့ နဂါးမကလေးက နဂါးတိုင်းပြည်မှာ နေရတာပျင်းတာနဲ့ တခြားပုံပြင်တွေ နဲ့ ထပ်တူပါဘဲ လူ့ပြည်က လူတွေကို ရေပေါ်တက်ပြီးတော့ လာချောင်းပါတယ်။ တံငါသည် ရေလုပ်သား ဆင်းရဲသား သနားကမားလေးကို တွေ့ပြီး မြင်မြင်ချင်း ချစ်ခင် နှစ်သက် ဆုံမက်လိုတဲ့ အတွက် လူအသွင်ဖန်ဆင်းပြီးတော့ ချင်းကပ်ပါတယ်။ တံငါသည် လုလင်က သနားဂရုဏာသက်ပြီးတော့ စောင့်ရှောက်ဖို့ ခေါ်ထားလိုက်တယ် အိုးချင်းထား အိုးချင်းထိ ပြီး နှစ်ကိုယ်တူ ချစ်ကြိုက်သွားပြီး လင်မယား ဖြစ်သွားကြတာပေါ့။ အဲဒီ အချိန်မှာ နဂါးမင်းကြီးက သိသွားပြီး ဒေါသပုန်ထပါတယ်။ လူပြည်ကို လိုက်ခေါ်ခိုင်းတဲ့ အခါ […]


ဆူးFebruary 3, 20111min733
တရုတ်နိုင်ငံ ဂွမ်းဒေါင်းမှာ ရှိတဲ့ ကျူးဟိုင်လို့ ခေါ်တဲ့ မြို့ကလေး ဖြစ်ပါတယ်။ ကျူး ဆိုတာကတော့ ပုလဲ ကို ခေါ်တာ ဖြစ်ပြီးတော့ ဟိုင် ဆိုတာတော့ ပင်လယ်ကြီးဖြစ်ပါတယ်။ ကျူးဟိုင်လို့ နာမည်ရတဲ့ မြို့ကလေး ဖြစ်ပါတယ်။ ကျူးဟိုင်ရဲ့ အထင်အရ အမှတ်အသားတခုကတော့ အမျိုးသမီး တယောက် ပုလဲလေးကို မထားတဲ့ အရုပ်ကလေး ဖြစ်ပါတယ်။ ပင်လယ်ကမ်းစပ် မြို့ကလေး ဖြစ်ပြီးတော့ ယခု အချိန်မှာ စည်ကားတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ တရုတ်တွေ အဆို အရ ထိုမြို့ကလေးက လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်မှာ တဲအိမ်ကလေးတွေ မီးမှိန်မှိန်လေးတွေနဲ့ ဖြစ်နေရာကနေ အခုတော့ တိုက်ကြီးတွေ စည်ကားလှပပြီး ခရီးသွားတွေ အများအပြား ဝင်ထွက် သွားလာတဲ့ […]