forblog-1.gif

zoxnetApril 26, 20101min35527
တစ်နေ့ ကျွန်တော်တို့ ရုံးခန်းကို ကျွန်တော့်သူငယ်ချင်းရဲ့ မိတ်ဆွေ အန်တီတစ်ယောက် ရောက်လာပါတယ်။ သူ့လက်ထဲမှာ စာရွက်စာတမ်း တထပ်ကြီးကိုပါ ကိုင်ထားပါတယ်။ သူ့မျက်နှာကတော့ သိပ်မကောင်းဘူး ခင်ဗျ။ သူက ကျွန်တော်တို့ကို နှုတ်ဆက်စကားပြောပြီး သူ့လက်ထဲက ပါလာတဲ့ စာရွက်တွေနဲ့ ပတ်သက်တဲ့ အကြောင်းတစ်ခုကို ကျွန်တော်တို့ကို ပြောပြရင်း အကူအညီ တောင်းလာပါတယ်။ သူပြောပြတဲ့ အကြောင်းအရာကို ကျွန်တော်အရင် တင်ပြပါ့မယ်။ အားလုံးသိတဲ့ အတိုင်း ဒီကနေ့ မြန်မာနိုင်ငံမှာ ချက်တင် ယဉ်ကျေးမှု တော်တော်ခေတ်စားလာပါတယ်။ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချက်တင်ကို သုံးစွဲကြပါတယ်။ အဲဒီအထဲမှာမှ မိန်းကလေး တစ်ယောက်ဟာ အားလုံးနည်းတူ ချက်တင်ကို နေ့စဉ်ဂရုတစိုက် သုံးစွဲပါတယ်။ သူ့ရဲ့ ချက်ဘောက်စ် သူငယ်ချင်းလစ် ထဲမှာ သူငယ်ချင်းပေါင်း မြောက်မြားစွာကို ထည့်ပြီး […]

formyblog.jpg

zoxnetApril 26, 20101min1297
ဘယ်သူ့ကိုမှတော့ ထိခိုက်စေချင်တဲ့ ဆန္ဒမပါပါဘူး။ အကြံအပေးအယူနဲ့ ဖိတ်ခေါ်ချင်တဲ့ စိတ်ကလေးကြောင့်ပါ။ ပတ်ဝန်းကျင်မှာ တွေ့နေရတဲ့ အချို့အချို့ဖြစ်ရပ်တွေကို ကြည့်ပြီး သက်ပြင်းလည်း ခဏခဏချမိလို့ပါ။ ကျွန်တော်တင်ခဲ့တဲ့ ပို့စ်အဟောင်းလေးက အကြောင်းအရာလည်း အပါအဝင်ပါပဲ။ ဂျီတော့ခ် ချက်တင်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လာလို့ပါ။ အခုနောက်ပိုင်းမှာ အင်တာနက်ဆိုင်တွေ ကျွန်တော်တို့ နိုင်ငံမှာ ပွထလာပြီး ဂိမ်းဆိုင်လေးတွေတောင် တော်တော်မှေးမှိန်သွားပါတယ်။ လူငယ်ယောက်ျားလေး နည်းနည်းပါးပါးလောက်ပဲ ဂိမ်းဆော့ကြတာ တွေ့ရတယ်။ တော်တော်များများက အင်တာနက်ဆိုင်ကို ရောက်နေကြပါပြီ။ အင်တာနက်နဲ့ နီးစပ်မှု ရှိလာတာ ကောင်းပါတယ်။ ယူတတ်ရင် အင်တာနက်ကနေ အများကြီးရတတ်ပါတယ်။ အသိပညာ၊ ဗဟုသုတ၊ စီးပွားရေးဆိုင်ရာ ကိစ္စ၊ အလုပ်အကိုင် အခွင့်အရေး အားလုံးလိုလို အင်တာနက်မှာ ရနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် အခုခေတ်လူငယ်တွေ သုံးနေတဲ့ အင်တာနက်က […]

16.jpg

zoxnetApril 26, 20101min1012
ကျွန်တော်တို့မြန်မာနိုင်ငံလို ယူအေအီးသံရုံးမရှိတဲ့ နိုင်ငံတွေအတွက် များသောအားဖြင့် ယူအေအီးဗီဇာကို အွန်လိုင်းကနေလက်ခံရယူရပါတယ်။ အရွယ်အစားကတော့ A4 ဆိုဒ်အရွယ်ပါ။ ဗီဇာလျှောက်ထားသူရဲ့ အချက်အလက်တွေနဲ့ ယူအေအီးလူဝင်မှုကြီးကြပ်ရေးရဲ့ တံဆိပ်တုံးပါဝင်ပါမယ်။ Visit Visa ဆိုရင်လျှောက်ထားသူအတွက် ယူအေအီးနိုင်ငံက Sponsor Company ရဲ့လိပ်စာပါရသလို Employment Visa ဆိုရင် အလုပ်လုပ်ရမယ့် Company နဲ့ လုပ်ရမယ့်မြို့ရဲ့လိပ်စာတွေ ပါဝင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ Visit Visa သမားတွေအတွက် Online ကရရှိလာတဲ့ဗီဇာစာရွက်ကိုယူပြီး ဒီကနေထွက်၊ ယူအေအီးလေဆိပ်ရောက်ရင် ပတ်စ်ပို့တ်စာအုပ်မှာတုံးထုပြီး နိုင်ငံထဲတန်းဝင်ရုံပါပဲ။ အရင်တုန်းကတော့ ယူအေအီးက Visa Section မှာ Original Visa နဲ့လဲရပါတယ်။ Employment Visa သမားတွေအတွက်ကတော့ ခုနကပြောသလို ယူအေအီးလေဆိပ်မှာ Original Visa နဲ့လဲပြီး အလုပ်ထဲဝင်ပြီးတဲ့နောက်မှ […]

united-arab-emirates-dubai-property.jpg

zoxnetApril 26, 20101min952
ကျွန်တော်ရောက်ခါစကပေါ့ဗျာ။ ကျွန်တော်အလုပ်လုပ်ရမယ့် ဟိုတယ်ကမဖွင့်သေးဘူးဗျ။ ဟိုတယ်အသစ်အတွက်ကျွန်တော့်ကို ခေါ်လိုက်တာ။ ဒီအလုပ်ကိုလုပ်ရဖို့ ကျွန်တော်တော်တော် ရင်မောခဲ့ရတယ်။ ကျွန်တော်လည်းဒီကို Visit Visa နဲ့လာခဲ့တာပါ။ ရောက်ပြီးတစ်ရက်နှစ်ရက်လောက်နေတော့ ကိုယ်နဲ့အပ်စပ်မယ့် အလုပ်ကိုရှာရတာပေါ့ဗျာ။ သတင်းစာလဲဖတ်၊ အလုပ်ခေါ်စာတွေလည်း ကြည့်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ဟိုတယ်တစ်ခုကမန်နေဂျာက ကျွန်တော့်ကိုခေါ်ပြီး အင်တာဗျူးတယ်။ အဆင်ပြေတယ်ဗျာ။ ကျွန်တော့်ကို လက်ခံလိုက်တယ်။ Receptionist Position မှာပါ။ ဒါပေမယ့် လက်ရှိဟိုတယ်အတွက်မဟုတ်ဘူးဗျ။ သူတို့နောက်ဖွင့်မယ့် ဟိုတယ်အတွက်ခန့်တာ။ အဲဒီအချိန်က ကျွန်တော်လုပ်ရတဲ့ဟိုတယ်က ဆောက်နေတုန်း။ အလုပ်ရပေမယ့် ဟတ်ကော့ကြီးပေါ့ဗျာ။ တစ်ခုကံကောင်းတာက လက်ရှိဖွင့်ထားတဲ့ အဲဒီဟိုတယ်ရဲ့ Receptionist ကလည်း မြန်မာနိုင်ငံသား ကျွန်တော့်သူငယ်ချင်းဖြစ်နေတယ်။ သူ့ကူညီမှုတွေလည်း အများကြီးပါတာပေါ့ဗျာ။ သူကကျွန်တော့်ကို Recommand ပေးတယ်။ အလုပ်နဲ့ပတ်သက်တဲ့ အသိပညာတွေလည်း အများကြီးပေးပါတယ်။ သူ့အကူအညီနဲ့ ကျွန်တော် Training […]