ကျီး မယ်နီ

ထာ၀ရSeptember 17, 20111min12737

အာ.  အား …..

အော်သံ၂ချက်နဲ. နံနက်ခင်းကို  စလိုက်ပါပြီ..ကျမတို. နံနက်ခင်းက တခြားဌက်တွေထက်

စောတယ် ကြားဖူးတယ်မဟုတ်လား ကျီးမနိုးခင် ထဆိုတာ ကျီးတွေက တခြားဌက်တွေထက်

ဝရီယကောင်းတယ်..မနက်လေးနာရီခွဲလောက်ဆို ကျမတို.ကျီးလောက စလှုပ်ရှားပြီလေ..

ဒီနေ.တော. ခါတိုင်းနေ.တွေထက် ပို စော စောထဖြစ်တာ အကြောင်းရှိတယ်လေ……

 

မိတ်ဆက်ရအုံးမယ် ကျမ က မယ်နီ ပါ  ဇာတိကတော.ရန်ကုန်ကမဟုတ်ပါဘူး

အထက်အညာ ကပါ မျိုးရိုးက အာနီမျိုး  နာမည်ကြိးပေါ.. ကျီးအာနီသားကိုစားရင်

ကလေးတွေ သူငယ်နာပျောက်တယ်လို. ဘယ်ရမ်းကုက သတင်းလွင်.တယ်မသိပါဘူး

ကျမ အမျိုးတွေ တကောင်ပြီးတကောင် ဟင်းအိုးထဲရောက်ကုန်လို. ကြာရင် မျိုး ပျောက်မယ်

ဆိုပြီး ဘကြီးက သူ.အသိနဲ. ရန်ကုန်ကို ထည်.လိုက်ရာကနေ မြို.ကို ရောက်လာတာပါဘဲ….

 

ရောက်စက မလယ်မဝယ်ပေါ.  ဘကြိးရဲ.အသိဆိုတဲ.သူက လဲ ရန်ကုန်ရောက်တော.

သူတည်းနေကျမြို.လယ်က က္ကုုကို ပင်သိုက်မှာ ကျမကို ထားပြီးထွက်သွားလိုက်တာ

ပေါ်မလာတော.ဘူး နောက်မှ သိရတာသူက ကျမကို ကြွက်ပေါင် လေးချောင်းနဲ.

ရောင်းသွားတာ ကျမ အရှင်လတ်လတ်ကျီးကုန်ကူးခံလိုက်ရတာလေ……

မြို.ရောက်တာတခုတော.ကောင်းတယ်  ပုံပြင်ထဲကလို ဆင်သေကောင်သား

စားရင်းပင်လယ်ထဲသေတဲ.ကျီးအ   မဖြစ်တော.ဘူးပေါ.မြို.ပေါ်မှာဆင်သေစရာနေရာမှမရှိတာ

ထားလိုက်ပါတော.   ဖြစ်သမျှအကောင်းဆိုပြီး    အဲဒီအသိုက်မှာဘဲ ခိုင်းသမျှလုပ်ရင်းနဲ.

အသိုက်ပိုင်ရှင်သားကို ရအောင်ချိုင်လိုက်တယ်လေ မှတ်ပြီလားပေါ.

 

ဒုက္ခက အခုမှ စတာ ဒင်းကိုယူပြီးမှ သိလိုက်ရတယ် ..မြို.ကျီးကန်း ဆိုတာ

အချောင်သမား လက်ကြောမတင်းဘဲ သူများအိမ်ကြိုအိမ်ကြားမှာ အဖော်အပေါင်းနဲ.

အလစ်သုတ်..လူမိရင် အုပ်စုနဲ.တအားအားအော်ပြီး..ဆူညံအောင်  လုပ်တတ်တဲ.

တကယ်.ဒုစရိုက် ကျီး မှန်းသိရတဲ. အချိန်မှာ ကျမက ကလေး ၂ယောက်နဲ.ဖြစ်နေပြီလေ

နွံနစ်တဲ.မယ်နီ   လို.ဘဲ ကို.စိတ်ကို ဖြေလိုက်ပါတယ် ဒါပေမယ်.  ကျမကလေး၂ယောက်

သူ.လိုအကျင်.မျိုး မဖြစ်အောင်သွန်သင်မယ်လို.အားခဲထားတယ်

 

ကျမတို.မိသားစုအခုနေတာ မြို.လည်ကောင်က အထင်ကရကွန်ဒို တာဝါကြီးရဲ. အပေါ်ဆုံး

ထပ်မှာလေ..ဒီလိုနေလို.ကျီးမပီသဘူးလို. တော.မစွပ်စွဲလိုက်ပါနဲ. အရင်နေရာ က္ကုကိုသိုက်က

နာဂစ်မှာ ကိစ္စချောသွားတော. ရန်ကုန်လဲ သစ်ပင်ပါကုန်သလောက်ဖြစ်ပြီး ကျမတို.လဲ

ဒီကွန်ဒို ပေါ်ရောက်လာရတော.တာပေါ.  ပျော်ရာမှာမှ မနေရတာလေ………

 

ယောက်ကျားက အလစ်သမား လက်ကျောမတင်းတော. ကလေး၂ယောက်နဲ.ကျမ

ဒုက္ခရောက်နေပြီလို.တော.လျော.မတွက်လိုက်ပါနဲ. မယ်နီ တို.က ငါးပါးသီလမြဲတယ်

ရန်ကုန်မှာ သူများတွေ လုပ်စားရခက်တယ် ဆိုတာ အလကားပြောတာ….

မနက်စောစောသာထ  ညဘက်မိုးများရွာထားရင်  ဘောက်ထော်ဘက်က လမ်းမတွေမှာ

ဖါး လေးတွေပြားချပ်လို.ကြိုက်တာ ဆွဲခဲ.ရုံဘဲ    မြို.လယ်ကောင်လမ်းမတွေမှာ တော.

တရက်ခြားဆိုသလို ကားကြိတ် ထားတဲ. ကြွက်သားတွေကတော.ပေါပါ.    ကလီဆာ ယူမလား အသားဘဲရွေးစား

မလား နေ.လည်ဆို လမ်းအပူချိန် ကြောင်. ကျပ်တိုက်ထားသလိုဘဲ..အမှိုက်ပုံ တွေကလဲ

အောတိုက်.. ကျမတို.ကွန်ဒိုဘေးကတိုက်တန်းလျားနောက်မှာဆို ငါးခေါင်းတို.ပုဇွန်ခေါင်းတို.

ပေါမှပေါ…….ဒီလောက်အကောင်းတွေစားရတာတောင် တခါတလေ ကျမတိုရွာထွက် ပုတတ်တို.

ပုတ်သင်ညိုတို.ကိုလွမ်းမိသေးတယ်..

 

ခုတလော အိမ်က လင်ကျီး က  အချိုးပြောင်းနေတယ် ညနေ အိပ်တန်းတက်ချိန် လဲ

မမှန်  ပြန်လာပြန်ရင်လဲ  ကျီး သိုင်းကွက်နင်းပြိီး ယီဝေဝေမျက်နှာပေးနဲ. ပုံမမှန် လို.

လို်က်စုံစမ်းကြည်.တာ ဒင်းက  လမ်းထိပ်က ဘီယာဂါးဒင်းက နောက်ဖေးချောင်မှာ

စာပွဲထိုးတွေရောင်းစားဘို.စုထားတဲ. ပုလင်းတွေထဲက ကျန်ရေ  တွေသောက်သောက်ပြိီး

အချိန်မှန် အိပ်တန်းတက်ရမှန်းမသိဖြစ်နေတာလေ..ဒင်းကိုတော.တကယ်စိတ်ကုန်နေပြီ

ဘယ်နေ.စားပွဲထိုးလက်ချက်နဲ. အရက်နဲ.အမည်းခံရမလဲဘဲ..ဒါတောင်ဒင်းက ကံစမ်းမဲဆိုလား

မျှော်နေသေးတယ်….သူနဲပေါင်းတဲ.အကောင်တွေကလဲ အိုကြီးအိုမ ရုပ်ကသာမလာတာ ကိုယ်.သမီး

အရွယ်     ကျီးပျို ရောအအိုပါမရှောင် စပွန်စာပေးပြီး    စမောဆွဲချင်သေးတယ်

ကလေး၂ယောက် နဲ. ရှာရဖွေရတာ တမျိုး သူ.ကိုစိတ်ပူရတာတမျီုး နဲ.  မရိုးရဘူး

ခုလဲအငယ်ကောင်က ဖျားနေပြန်ပြီလေ   ရိုးရိုးဖျားတာ ဆို ကိစ္စမရှိ   တော်ကြာ

အခုခေတ်စားနေတဲ.ကြက်တုတ်ကွေးဆို ကျမ လဲဘာမှတတ်နိင်မှာမဟုတ်ဘူး

 

 

ဒီနေ.က စနေနေ. ကျမ အရင်ရက်တွေ ထက် စောစောထတာ အကြောင်းရှိတယ်

ညတုန်းက အလုပ်ပိတ်ရက် လူတွေ ကလပ်ကအပြန် မူးမူး နဲ.ကားကို အမြန်

မောင်းရင်း တိုက်လို.သေတဲ.ခွေး ပေါင်သားလေးများ ရလိုရငြား လမ်းတကာ

လိုက်ရှာလိုက်အုံးမယ် အငယ်ကောင်အတွက် ခွေးသားကပူတော.အဖျားသက်သာပြိီးအားရှိသွားအောင်

ကျမ ကတော.တတ်နိင်သလောက်ကြိုးစား ကုရတော.မှာ  သေတာရှင်တာ

သူ.ကံပါဘဲ    ဒီလို  ဒုက္ခတွေကြားက  တခါတလေ ကိုယ်.ဇာတိကို လွမ်းမိသလိုရှိသား

မွေးရပ်မြေကကျီးတွေကတော. မျိုးချစ်စိတ်မရှိလို. ဇာတိကိုမချစ်လေရော.လားလို. ထင်ကြေးနဲ.

ဝိုင်းအာနေကြတာ တခေါက်လောက်တော. သားသမီးတွေနဲ. မိသားစု. အလည်ပတ် ပြန်ချင်ပါသေးတယ်

စိတ်ကူးယဉ်မိပေမယ်. လက်တွေ.တော.မလွယ်ပါဘူး………

 

စဉ်းစားတာတွေအသာထားပြီး  အာရုံမတက်ခင်   လှုပ်ရှားအုံးမှ တော်ကြာ

စည်ပင်က လူတွေလက် ဦးသွားလို. ခွေးပေါင်သားမပြောနဲ. အရိုးရင်းလေးပါမရဖြစ်နေအုံးမယ်

ရောင်နီမလာခင်  သွားမှ တော်ကာကျမှာမို.      သွားပြီတော်ရေ…..    အား…အား

7 comments

  • nozomi

    September 17, 2011 at 9:20 pm

    ခေတ်ကိုပေါ်လွင်လွန်းလို့ သဘောကျမိပါရဲ့
    အကြောင်းအရာ မျိုးစုံနဲ့ မယ်နီ နောက်ဆက်တွဲလေးတွေ လုပ်ပါဦး
    ရွာထဲမှာ လဲ ဘီလူးတွေ ကြောင်တွေ စုန်းတွေပဲ ရှိရာကနေ အခု ကျီးပါ ပါလာတော့ ပိုစုံသွားပြီပေါ့

  • မီးမီး သော်

    September 17, 2011 at 11:08 pm

    အော် forever. ကခေတ်ကိုကျီးတစ်ကောင်လိုပြောပီး ဆော်သွားတာလေ။အရမ်းမိုက်တာဘဲ။ဆက်ရေးပါနော့။မျှော်နေပေါ့မယ်။

  • musicalpunk

    September 18, 2011 at 12:11 am

    ကောင်းပြီးရင်း ကောင်းတဲ့ စာတွေပါ…နောက်ထပ်ဆက်ရေးရင်.. ဇတ်တူသားတောင်စားမိလိမ့်မယ်။

  • koyinmaung

    September 18, 2011 at 9:35 am

    အင်…ရေးတတ်တော့လဲကျီးကန်းမယ်နီလေးက
    ဘဝသရုပ်ဖေါ်မင်းသမီးလေးဖြစ်လို့
    တော်ကြပါပေတယ်…..
    ့hollywood ကများသိခဲ့ယင်
    ဒီဇာတ်လမ်းတောင်းဝယ်မှာနော့….
    ကာတွန့်ကားရိုက်လို့ရတယ်
    သူကြီးကိုအကူအညီတောင်းလိုက်
    သူကြီးနဲ့တယောက်တဝက်ယူပေါ့
    သူကြီးလဲထေားသွားနိုင်တယ်နော်….

  • ကြောင်ကြီး

    September 18, 2011 at 9:48 am

    ထာဝရ
    စာအလှ
    ပသာဒ
    မကြာခဏ
    ရေးနိုင်ပါစေ
    တောင်းဆုခြွေ
    ကြောင်ကြီမေတ္တာဝေ…။

  • ပေါက်ဖော်

    September 18, 2011 at 10:28 am

    ညဘက်..ညဘက်.သိုင်းကွက်နင်းလာတဲ့ လင်ကျီးကို အမူးတိုက်ပြီး အတောင်ချိုးပလိုက်
    ပြီးရင် ကျီးငယ် နှစ်ကောင်ကိုခေါ်ပြီး ရွာဦးဘုန်းကြီးကျောင်း က ဗောဒိညောင်ပင်ကို သွား
    ညောင်ပင်အောက်မှာ ဆွမ်းကျန်ကွမ်းကျန်တွေ ပေါတယ်..
    ကပ္ပိယ သဂိ ကိုတော့သတိထား..ဂွ ပစ်ကျွမ်းတယ်..
    အ.အာ..အအာ..အရမ်းမလုပ်နဲ ့..
    အအာ..အအာ ဖစ်တွားမယ်..

    ပုံ/
    ဉာဉ့်ငှက် လင်းဝက်

  • manawphyulay

    September 18, 2011 at 3:31 pm

    အင်း ရွာထဲလည်း သဂျီးက လူတွေတင်မဟုတ် ကြောင်၊ ဘီလူး၊ ငှက်ကြီး၊ ဟော ခု ကျီးအာနီမပါ ပါလာပြန်ပြီ။ သဂျီးရွာထဲ အလွန်စည်နေတာ သန်းကောင်စာရင်းတော့ ကောက်သင့်ပြီထင်တယ်။ တရုတ်ကလည်း ညဘက်ပါ ထွက်ပြီး ပုလင်းခေါက်နေပြန်ပြီကော….

    ဦးကြောင်ကြီး မေတ္တာဝေတယ်
    ရွာသူရွာသားတွေ ပွိုင့်တိုးပါစေတဲ့လား
    ကောင်းလေစွ ကောင်းလေစွ….

Leave a Reply