တည်ထောင်ခွင့်ရရှိထားသည့် ပုဂ္ဂလိကဘဏ်လုပ်ငန်းသစ်များ နှစ်လအတွင်း စတင်ဖွင့်လှစ်ဖွယ်ရှိ

klnJune 7, 20101min711

အသစ်တည်ထောင်ခွင့်ရရှိထားသည့် ပုဂ္ဂလိကဘဏ်လုပ်ငန်းသစ်များအနေဖြင့် နှစ်လအတွင်း အပြီးသတ်စတင်ဖွင့်လှစ်ကာ လုပ်ငန်းလုပ်ကိုင်သွားရန် လျာထားပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ထူး၊ မက်စ်မြန်မာ၊ IGE၊ ဧဒင် အုပ်စုကုမ္ပဏီများအနေဖြင့် ပုဂ္ဂလိကဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားပြီး ယခုအခါတွင် အဆိုပါကုမ္ပဏီများထဲမှ အချို့မှာ ဘဏ်တည်ထောင်ရန် လိုအပ်သည့်ဝန်ထမ်းများခန့်ထားခြင်း၊ အဆောက်အဦပြင်ဆင်ခြင်းများကို ပြုလုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ “ နှစ်လအတွင်း ဖွင့်လှစ်နို်င်ရန် စီစဉ်လုပ်ကိုင်နေတယ်လို့ သိရသည်။ အခုဝန်ထမ်းတွေ ခန့်နေကြတယ်။ နောက်ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေကို ရှာဖွေပြီး လုပ်ငန်းစဖို့ ပြင်ဆင်နေကြတယ်။ ဩဂုတ်လထဲမှာတော့ စပြီးဖွင့်နို်င်မယ့် အနေအထားရှိတယ်လို့ သိရတယ်။ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဦးဝင့်ကျော်ကတော့ မက်စ်မြန်မာမှာ အကြံပေးအနေနဲ့ လုပ်ကိုင်ဖို့ ရှိနေတယ်လို့ သိထားရတယ် ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ “ ဘဏ်လုပ်ငန်းဆိုတာ အများပြည်သူရဲ့ငွေကြေးနဲ့ လည်ပတ်ရတဲ့ လုပ်ငန်းမျိုးဖြစ်တယ်။ ဝန်ဆောင်မှုကောင်းတာတင်မကဘူး၊ ဘဏ်တည်ထောင်တဲ့ လုပ်ငန်းရှင်အပေါ် အများပြည်သူက ဘယ်လောက်စိတ်ချယုံကြည်သလဲဆိုတဲ့ အချက်ကလည်း ဘဏ်လုပ်ငန်းအောင်မြင်ဖို့ အရေးပါတဲ့အချက်တစ်ချက် ဖြစ်ပါတယ် ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်ပြောကြားခဲ့သည်။

One comment

  • လင်းဝေကျော်

    June 7, 2010 at 8:56 am

    Bank, Ban, Banned
    အင်း ကောင်းအောင်လုပ်ကြမယ်ဆိုရင်တော့ ငွေကြေးစနစ်မှာ ဒီကိစ္စက လိုကို လိုအပ်တာပါ။
    စီးပွါးရေး မှာ financial institutions တွေ ကောင်းမှ မှန်မှ ဖြစ်မှာပါ။

Leave a Reply