လူကြိုက်များသော ကိုရီးယားရုပ်ရှင်များအကြောင်း

shwemoenyoJune 14, 20101min1554

မြန်မာနိုင်ငံကလူအများစုက ကိုရီးယားကားကြိုက်ကြတယ်
ဘာလို့ကြိုက်တာလဲမေးကြည့်တယ်
မင်းသားမင်းသမီးရုပ်လှလို့
ဇတ်လမ်းလေးကကောင်းလို့
သရုပ်ဆောင်ကောင်းလို့ စသည်ဖြင့် အမျိုးမျိုးသောအဖြေတွေကိုရတယ်
အားလုံးကိုစုစည်းကြည့်ရင် ရုပ်ရည်လှပပြီးဇတ်လမ်းကောင်းတဲ့သရုပ်ဆောင်ကောင်းတွေ
ကြောင့်ပေါ့.။
မင်းသားမင်းသမီးရဲ့ရုပ်ရည်က တို့နိုင်ငံက မင်းသားမင်းသမီးနဲ့ဘာကွာလဲစဉ်းစားတယ်
ကွာခြားတာကို သွားတွေ့တယ် သူတို့မင်းသားမင်းသမီးက ရုပ်ကိုချထားတာကိုသွားတွေ့တယ် အဓိကက ခေါင်းဆောင်မင်းသားမင်းသမီးတွေမှာ မင်းသမီးတွေဟာရုပ်ရည်လှပသလို ရုပ်မှာမာန်မရှိတာကိုသွားတွေ့ရတယ်
ရုပ်ကိုမြင်တိုင်းလူတိုင်းရင်အေးအောင်နေတက်တယ်
ပုရိသတ် ရင်ငြိမ်းနေအောင်လို့ ရုပ်ကိုမာန်ချထားတယ်
အဲဒါသူတို့အလှလို့ထင်ပါတယ်
သူတို့မျက်နှာကိုအလှရယ်လို့ အလွန်အကျွံမပြင်ဘဲနဲ့ မာန်ကင်းအောင်ပဲ ရုပ်ကိုထားတယ်သင့်သလောက်ပဲပြင်ထားတယ်
အဝတ်အစားဆိုလဲ သူတို့ကိုမြင်ရင် သူတို့အဝတ်အစားထက်
သူတို့မျက်နှာကိုပဲပရိတ်သတ်က
ကြည့်ချင်နေတယ် ရင်အေးတာကိုး
သူတို့ပြုံးလိုက်ရင် စိတ်ချမ်းသာတာကိုး
(ဂွီဂျင် ဂွီဒေါက် ဇတ်လမ်းဆိုရင်)သူတို့ရဲ့သရုပ်ဆောင်မှုနဲ့သူတို့ မျက်နှာလေးကိုပဲလူက သတိထားကြည့်မိတယ်
သူတို့အဝတ်အစားဆိုလုံးဝကို
စိတ်မဝင်စားတော့တာ
အဲဒီလောက်အထိ မျက်နှာပေး(သရုပ်ဆောင်မှုပညာ)
နဲ့ လူတွေကိုဖမ်းစားထားတယ်
မြန်မာမင်းသမီးတွေဆင်းရဲသားခန်းရိုက်ပြပါလိမ့်မယ်
စုတ်တီးစုတ်ဖတ်ဝတ်မယ် ကြမ်းကြမ်းတမ်းတမ်းရန်တွေ့မယ်
ဆင်းရဲသားတိုင်း စုတ်ဖတ်ဖတ်မဝတ်ပါဘူး ကြမ်းကြမ်းတမ်းတမ်းရန်မတွေ့ပါဘူး
မြန်မာဆင်းရဲသားခန်းအများစုဟာ စရိုက်ကြမ်းတာကိုပြကြတယ်
ဒါမျိုးတွေလျှော့စေချင်ပါတယ်
မြန်မာ မင်းသားမင်းသမီးအများစုကို သရုပ်ဆောင်တဲ့အခါမှာ အဝတ်အစားအလှအပထက် မျက်နှာကိုမာန်ချထားစေချင်တယ်
အသားအရေ ညက်ညောနေတာပဲ မိတ်ကပ်လိမ်းချယ်မှုကိုလျှော့စေချင်တယ်
ပြင်ပမှာ လူလူချင်းပြောတဲ့စကားတွေပဲပြောစေချင်တယ်
အပြင်မှာပဲ မောင်နှမချင်း (ဘယ်လောက်ချစ်ချစ်)
တခုခုစိတ်မကောင်းရင် အကိုနဲ့နှမ ဖက်မငိုပါဘူး
ဒါပေမယ့်ရုပ်ရှင်ဗီဒီယိုထဲမှာ
ဆိုရင်သိပ်ချစ်တဲ့မောင်နှမ
ငိုကြရင် ခဏခဏဖက်ငိုကြတယ်
ဘာလို့မှန်းကိုမသိဘူး……….
ဒါတွေတော်တော် ခက်နေတယ်နော်

4 comments

  • Phyo Myint Kyaw

    June 14, 2010 at 10:18 am

    မင်းသား မင်းသမီးဆိုတာထက် ဇာတ်လမ်း ဇာတ်ကွက်ကလည်း ကွာတာကိုဗျ….. မြန်မာဇာတ်လမ်းတွေဆို သိတယ်မဟုတ်လား… ဇာတ်အိမ်ကအရမ်းခိုင်တာလေ… တစ်ခါလာလည်း ချစ်ကွဲညားရယ်… တစ်ခါလာလည်း ပေါတောတော ဟာသကားတွေရယ်…. ကြည့်ချင်စရာကိုမရှိဘူး(တချို့ဇာတ်လမ်းကောင်းများကို မရည်ရွယ်ပါ.) ကိုရီးယားကားတွေကို မင်းသား မင်းသမီးထက် ကျွန်တော်ကတော့ ဇာတ်လမ်းကောင်းလွန်းတဲ့အခါ ကြည့်ဖြစ်ပါတယ်… ဥပမာ IRIS.

  • khinmintatthu

    June 14, 2010 at 6:17 pm

    ကိုရီးယားကားတွေကို လူတွေအတော်များများကြိုက်ကြတယ်နော်…စိတ်ဝင်စားမှုလည်းကောင်းပါတယ်… ဇာတ်လမ်းတွေကလည်း စွဲဆောင်မှုရှိတော့ ကြည့်ပြီးရင်းကြည့်ချင်ဖြစ်တတ်တယ်….အချိန်တော့ ပေးရတာပေါ့နော်…အလုပ်အကိုင်တွေလည်း ပျက်တတ်တယ်….

  • azure

    June 24, 2010 at 4:44 am

    ကိုးရီးယားကားတော်တော်များများက ကောင်းကြပါတယ် မြန်မာကားများနဲ့ ဆီနဲ့ရေလိုပါပဲ ဘာမှကိုမဆိုင်ဘူး ကိုးရီးယားကို အထင်ကြီးလို့တော့မဟုတ်ဘူးနော် မြန်မာရုပ်ရှင်မင်းသား မင်းသမီးတွေကလည်း ကိုးရီးယားကို လိုက်ပြီးတော့ အတုလိုက်ခိုးနေကြတာကိုက ရယ်စရာတစ်ခုဖြစ်မနေဘူလား တစ်ခါတစ်လေ မြန်မာဇာတ်ကားတွေကို ကြည့်ရင် ပေါ့ပျက်ပျက်ကြီးဖြစ်နေတယ် ကိုးရီးယားဇာတ်ကားတွေထဲကလို မင်းသားမင်းသမီးတွေက ရုပ်ရည်လေးတွေက နုနုလေးတွေ ကျောင်းသူကျောင်းသားလေးအဖြစ်သရုပ်ဆောင်ရင်လည်း ကြည့်လို့အရမ်းကောင်းတယ် ဒီကတော့ဖြင့်အဲလိုမဟုတ်ပါဘူး ရုပ်ကြမ်းကြီးတွေနဲ့ ကျောင်းသူကျောင်းသားအဖြစ်တွေနဲ့သရုပ်ဆောင်ထားကြတယ် ရယ်စရာကြီးဖြစ်မနေဘူးလား

  • phantom

    July 16, 2010 at 5:11 am

    ကိုးရီးကားကောင်းတာတွေလည်းရှိသလို မကောင်းတာတွေလည်းရှိပါတယ် ဥပမာ ချစ်စံအိမ်မှာ အွန်စော စိတ်ဆိုးတဲ့ပုံစံက ဘယ်ကိုးရီးယားမင်းသမီးစိတ်ဆိုးဆိုး ဒီအမူအာယာပါပဲ မျက်လုံးကြီးပြူးပြီး ပါးစပ်က ဟစိဟစိနဲ့ ဒါက ပုံစံခွက် ထဲက ပေါ့ မြန်မာကားတွေထက်ကောင်းတယ်ဆိုပေမယ့် သုံးပွင့်ဆိုင်တွေချည်းပဲ ရုပ်လှတာလေးနဲ့တာ့ အားလုံးမကောင်းလောက်ပါဘူး ကိုးရီးယားကားကောင်းတယ်ဆိုတဲ့သူတွေ မြဝတီမှာပြသွားဖူးတဲ့ အိုးရှင်း၊ တစ်မိုးအောက်၊ နောက်ပြီးတော့ ဟိုတယ်ချစ်သူ လိုကားမျိုးတွေ မကြည့်ဖူးကြဘူး ဒီလိုကားမျိုးကမှ တကယ်ကောင်းတဲ့ကားတွေပါ။

Leave a Reply