သာဓုခေါ်နိုင်စေ

manawphyulayJuly 21, 20101min980

ရွှေကိုသာ ရမယ်ဆို
ဘာမဆိုလုပ်တဲ့
ရွှေရဲ့ကျွန် ငါမဟုတ်….။
ငွေကိုသာရမယ်ဆို
ဘာမဆိုလုပ်တဲ့
ငွေရဲ့ကျွန် ငါမဟုတ်…။
ကျော်ကြားမှုသာရမယ်ဆို
ဘာမဆိုလုပ်တဲ့
ကျော်ကြားမှုကျွန် ငါမဟုတ်…။
တစ်ခဏတာ ဘဝထဲတွင်
ကုသိုလ်အစု ပြုချင်ခဲ့
ကောင်းမြတ်သော
ဘဝနေနည်းဓမ္မအတွက်
ကိုယ်တိုင်လည်း အစွမ်းကုန်ကြိုးစား
အများအတွက်လည်း
နိုင်စွမ်းသရွေ့ကူညီ
ကျန်ရှိနေတဲ့အချိန်များအတွင်း
ကောင်းမှုမြတ်နိုး
ကောင်းအောင်လုပ်ရင်း
ထိုကောင်းမှုအတွက်
နှလုံးသားဖြင့် ခေါင်းလောင်းထိုး
အားလုံးအတွက် အမျှဝေ
နှလုံးသားရှိသူတိုင်း
ကြားသိရှိ
သင်လည်း သာဓုခေါ်နိုင်စေ…။ ။