အမျိုသမီးများအကြောင်းသိကောင်းစရာ….အပိုင်း (၁)

khinmintatthuJune 24, 20101min871

*၁ ။ ပါးစပ်သေနက်*

မိန်းမတို့ရဲ့ မွေးရာပါလက်နက်ပါပဲ — သမီးရည်းစား ဘဝမှာ သိပ်မသုံးတက်ကြဘူး ။
အိမ်ထောင်ရှင်ဖြစ်မှ ထုတ်သုံးကြတာ — တစ်အိမ်လုံးကို စက်သေနက်နဲ့ မွှေသလို
မွှေတတ်ကြတာ ။ အိပ်ရင်တောင် ကျည်ထိုးမောင်းတင်ပြီးမှ အိပ်တတ်ကြတာ ။ တစ်ရေးနိုး
ထပစ်ရင်တောင် ပစ်တက်ကြတာ ။ ( သိပ်ကြောက်စရာကောင်းတာနော် )

*၂။ မျက်စောင်း*

အဲဒီ မျက်စောင်းက အမျိုးမျိုးရှိတယ် ။ မူကွဲတွေပေါ့ အချစ်မျက်စောင်း ၊
အမုန်းမျက်စောင်း ၊ ရောစွပ်မျက်စောင်း ၊ — (ရောစွပ်မျက်စောင်း
ဆိုတာအရေးကြီးတယ် — ဘာသာပြန်မှန်ဖို့လိုတယ်) ချစ်သလိုလို မုန်းသလိုလို
ဘာကြီးမှန်းကို မသိတဲ့ မျက်စောင်းမျိုးလေ – ဘာသာပြန်များ အကောက်လွဲလို့ကတော့
(တတိယ လက်နက်စာမိသွားမယ် )

*၃။ လက်ဝါး ၊ လက်သီးဆုပ် ၊ လက်ဝါးစောင်း – တွေပဲ*

သူကလည်း မူကွဲတွေများတယ် ၊ လက်ဝါးပြရင်နှစ်မျိုးတွေးလို့ရတယ် ( မဟော်သဓာ
ဇာတ်တော်နဲ့ တစ်မျိုးတွေး ) လက်သီးဆုပ်ပြရင်လည်း နှစ်မျိုးတွေးလို့ရတယ် — အဲ
— လက်သီးဆုပ်ကြီးနဲ့ ကိုယ့်ရင်ဘက်ကြီးကို ဖွဖွလေးလာထု ရင်တော့ – –
တစ်မျိုးတည်းသာတွေးလိုက်တော့ – – အိုကေ — ပြေလည်ပြီလို့မှတ် အဲဒီ
လက်သီးဆုပ်လေးကို ဖမ်း – ပြီး ဖွဖွလေးသာ နမ်းလိုက် — — ရဲရဲသာလုပ် — —
အာမခံတယ် — — အဆင်ပြေလိမ့်မယ် ။

*၄။ ရင်ဘက်စည်တီး အော်ကြီးဟစ်ကျယ် လုပ်တက်ခြင်း*

အဲဒီ လက်နက်ကလည်း ကြောက်စရာတော်တော် ကောင်းတယ် ။ အရှက်ဟက်တတ်ကွဲစေမဲ့ လက်နက် (
နျူး ကလီးယားလက်နက်ထက်ပြင်းတယ် )

*၅။ မျက်ရည်လေ — မျက်ရည် လက်နက်*

ဒါနောက်ဆုံးလက်နက်ပဲ မျတ်ရည်ယို ဗုံးခွဲတက်သေးတာ မျတ်ရည်လေ — မျတ်ရည်
ဘာပေါသလဲမမေးနဲ့ သူ့ကို မနိုင်တော့ဘူးဆိုရင် မျတ်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့
လုပ်ပစ်လိုက်ကြတာ သွားရော — အကုန်ကြွေပေတော့ —
လူပါပေါင်ပေးချင်စိတ်ပေါက်သွားလိမ့်မယ်
— ဒါမှမဟုတ် ဘေးက ကိုယ့်ကို ဝိုင်းရိုက်ချင်စိတ် ပေါက်သွားစေနိုင်တယ်
အပိုင်း(၂)ကိုယ်ဆက်လက်ဖတ်ရှူပါရန်…………………

(မေးလ်ထဲမှ ပြန်လည်ဝေမျှလိုက်သည်။)

One comment

  • etone

    June 24, 2010 at 1:59 am

    ခင်မင်တတ်သူက အမြင်ကတ်စရာကောင်းလောက်အောင် မိန်းမတွေအကြောင်းဝေဖန်ထားပါလား ။

Leave a Reply