နေပြည်တော် ရေပြာရွာ

ဆူးApril 1, 20111min1629

နေပြည်တော်မှာ နေတုန်း အသိမိတ်ဆွေများ ထမင်းဖိတ်ကျွေးတာနဲ့ ရေပြာဆိုတဲ့ ရွာမှာ ညနေစာ ထမင်းသွားစားခဲ့ပါတယ်။ အိမ်ရှင်တွေ ရဲ့ ပြူငှာတဲ့စေတနာနဲ့ အိမ်ကြီးကို သဘောကျလို့ မှတ်တမ်းတင်ခဲ့ပါတယ်။


အိမ်အောက်က စပါး တင်း ၂၀ဝ လောက် ဆန့်တယ် စပါးကျည်


ရွာထဲက စေတီလေး


ရွာဈေးတန်းလေး


ရွာထဲက အိမ်တွေ…


ရွာထိပ်ဘက်က ရာဇဌာနီ လမ်းမကြီးရဲ့ တဖက်တချက်မှာ ခပ်လှမ်းလှမ်းက မြင်ရတဲ့ လွမ်းတောင် စေတီ


ယခင် နေပြည်တော် မတိုင်ခင်က ရွာသူကြီး လုပ်တဲ့ လူနေတဲ့ အိမ်.. ယခုတော့ သူကြီး အသစ်ပြောင်းသွားပြီ။

9 comments

  • hmee

    April 1, 2011 at 6:54 pm

    အန်တီဆူးရေ ဒုတိယပုံမှာ ပုံးအဖြူတင်ထားတဲ.အဆောင်က မီးဖိုဆောင် ဖြစ်ရမယ်။ အညာအိမ်တွေရဲ. ထူးခြားချက်ကို မြင်ခဲ့လား။ ပြတင်းပေါက်တွေ အများကြီးပါတယ်။ ပြီးတော့ အဲဒီပြတင်းပေါက်တွေ အကုန်ဖွင့်လိုက်ရင် တအိမ်လုံး ဟာလာဟင်းလင်းဖြစ်သွားတယ်နော်။ ဆူးပုံထဲမှာပါတာ စပါးကျီ မဟုတ်ဘူး စပါးထည့်တဲ့ပုတ်ပါ။ မှီ တို.ရွာက အိမ်တွေလည်း အဲဒီလိုပုံစံတွေပဲ။ နောက်များ ဆူး နေပြည်တော်လာရင ်ကြိုပြောနော် မှီလည်း ထမင်းစားဖိတ်မယ်။

  • bigcat

    April 2, 2011 at 2:13 am

    ရွာသူလုံမလေးများ ရေခပ်ဆင်းချိန်တော့ စောင့်မရိုက်ခဲ့ဘဲကိုး။

    • ဆူး

      April 2, 2011 at 12:24 pm

      လုံမတွေ ရေခပ်ဆင်း စရာ မလိုဘူး.. ပိုက်ကနေ ဘုံဘိုင်ဖွင့်ရင် ရေရတယ်။
      ရေပေါတယ်လို့ ပြောတယ်။

    • akswe

      April 2, 2011 at 9:01 am

      ဆူးရေ စာရေးဆရာမ မဝင်းမြင်. လားမသိဘူး ရေးထားတဲ. ရေပြာအိုင်မှဇာတ်လမ်းများ ထဲက ရွာလေးလား၊ ရေပြာအိုင်နှစ်ခုတော. မရှိနိုင်ဘူးထင်တာဘဲ။

      • ဆူး

        April 2, 2011 at 12:26 pm

        အဘဆွေ ပြောတဲ့ ဇတ်လမ်း ဆူး မဖတ်ဖူးကြောင်းပါ။
        ဒါကြောင့် ဘာကိုမှ ရေရေရာရာ မပြောနိုင်ပါ ရှင့်….

  • kai

    April 2, 2011 at 10:32 am

    အိမ်တိုင်က.. အလုံးလိုက်ကြီးတွေနော..။
    မြန်မာပြည်နေရာတော်တော်များများမှာ အဲဒီလိုအိမ်တွေ မြင်ဖူးတယ်..။

    ကောင်းပါလေ့..။

  • ဆူး

    April 2, 2011 at 12:22 pm

    မမမှီ ရေ ကျေးဇူးတင်ပါတယ်။ ဆွေမတော် မျိုးမတော် အဲဒီ အိမ် တောသူဌေးတွေ ဘုန်းကြီးကျောင်းမှာ ခဏတွေ့တာ သူတို့နဲ့ အရေးတယူ စကားပြောလို့ ဆိုပြီး ကျေနပ်ပြီး ထမင်းကျွှေးချင်တယ် ဆိုပြီး အတင်းဖိတ်တာနဲ့ အားနာပါးနာ သွားစားတာ.. တောချက်ဆိုပေမဲ့ စေတနာ တော့ တော်တော်လေးကိုပါတယ်။ အစားတွေကို စုံနေတာဘဲ။
    တရုတ်ဆိုင်က ခေါက်ဆွဲကြော်
    ကြက်သား ပိန္နဲသီးပြုတ်ချက်
    ဆိတ်ကလီဇာ
    ပန်းဂေါ်ဖီကြော်
    ငံပြာရည်ကြော်
    ဂွေးတောက်ရွက် ရုံးပတီသီးခတ် ကြက်သားဟင်းချို
    ထန်ညှက်ခဲ
    ကိတ်မုန့်
    လက်ဖက်သုတ်
    ရေနွေးကြမ်း
    ပန်းသီး
    နာနတ်သီး
    စုံနေအောင်ကို စားခဲ့ရတယ်။ သဘောကောင်း မနောကောင်း တောင်သူ လယ်သမား အစစ်တွေ.. မတ်ပဲ ပေါ်ချိန်ဆိုတော့ ပဲတွေ လှေ့နေတာတောင် တွေ့ခဲ့သေးတယ်။

    နယ်က အိမ်တွေအားလုံးက တိုင်လုံး အကြီးကြီးတွေနဲ့ ဆောက်ကြတယ်။ အဲဒီ တိုင်လုံးကြီးတွေ သဘောကျလို့ ဓါတ်ပုံရိုက်ယူခဲ့တာပါ။

  • maungmoenyo

    April 3, 2011 at 1:20 am

    ပျင်းယင်တောင်မနားရတဲ့ ပျဉ်းမနားမှာ ရှိတဲ့ရေပြာရွာ ဟာ ရေဇင်းနဲ့နီးတယ်ထင်ပါတယ်။ ရေဇင်းမြို့ဟာ စိုက်ပျိုးရေး နဲ့ သစ်တောတက္ကသိုလ်ကြီးနှစ်ခုအပြင်အခြားသုတေသနဌာနကြီးတွေအခြေစိုက်လို့ စည်းကားလှပေမဲ့ ပါတ်ဝန်းကျင်ရွာတွေကတော့ဖွံ့ဖြိုးသင့်သလောက်ဖွံ့ဖြိုးပုံမရပါဘူး။ ခုတော့ဘယ်လိုမသိ။ ရေပြာဂေါက်ကွင်း ကတော့ မည်ကာမတ္တ ဂေါက်ကွင်းတခုပါ။ သားဖွားဆရာမတဦးသာ ကျန်းမာရေးဝန်ထမ်းအဖြစ်ရှိခဲ့တာပါ။ ရေဇင်းတိက်နယ်ဆေးရုံ ဟာ ဝန်ထမ်းများရဲ့ အားထားဘွယ်ရာဖြစ်သင့်ပေမဲ့ ထင်သလောက်အားမကိုးရပါဘူး။ ရောက်လေသမျှ တိုက်နယ်ဆရာဝန်တွေက ဆေးရုံမှာမရှိတာများတာမို့၊ ခနခန အတိုင်အတောထူပါတယ်။
    နေချင့်စဘွယ်ေးသလေးတခုပါ။

Leave a Reply