မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်နှင့် အခြားသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆို

BaKoJuly 31, 20101min842

မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်နှင့် အခြားသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း ဇူလိုင် ၂၈ ရက်နေ့တွင် ဖော်ပြခဲ့သည့် နိုင်ငံခြားသတင်းဌာန များ၏ သတင်းများ အရသိရသည်။ အဆိုပါ သဘောတူစာချုပ်များကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာခရီးစဉ်အတွင်း လက်မှတ် ရေးထိုးခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။ ၎င်းပြင် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ပေးမည့် လမ်းဖောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၆ဝ ကမ်းလှမ်း ခဲ့ကြောင်း သိရသည်။ မြန်မာနှင့် အိန္ဒိယတို့သည် စီးပွားရေးပူးပေါင်း ဆောင်ရွက်သည့် စာချုပ်များအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် လက်နက်နှင့် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး တို့အတွက်လည်း သဘောတူညီခဲ့ကြောင်း အိန္ဒိယသတင်းဌာနများက ရေးသားထားသည်။ အိန္ဒိယသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍနှင့် အခြားသောကဏ္ဍများတွင် ကန်ဒေါ်လာသန်းပေါင်းများစွာ ရင်းနှံမြှုပ်နှံထားကြောင်း ၂၀၁ဝ ခုနှစ် ဇူလိုင်လ ၃ဝ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။

2 comments

  • Pyaung Gye

    July 31, 2010 at 6:59 am

    အော် ….. အော် …..

  • Micky

    July 31, 2010 at 9:24 am

    Money Laundry Agreement ??? Yes, their Foreign bank Accounts. Locate at…….

Leave a Reply