သီတဂူ သုမေဓာ ဆေးရုံ (အစုကြီး ကျေးရွာ)

ဆူးMarch 11, 20123min1498286

သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပါသည်။

ပန်းတနော် မြို့မှ ကားဖြင့် ဆက်သွားမယ် ဆိုလျှင် နာရီဝက်ခန့် မောင်းနှင်လျှင် ရောက်ရှိမည် ဖြစ်ပါသည်။

ရန်ကုန် မှ ပန်းတနော် ကိုတော့ လမ်းခရီး ကြာချိန် ၂နာရီ မောင်းနှင်လျှင် ရောက်ရှိနိုင်ပြီးတော့ နေ့ချင်းပြန် ခရီးဖြင့် သွားနိုင်ပါသည်။

ယခု လက်ရှိမှာတော့ ဆေးရုံကြီးဟာ ဆောက်လုပ်ရေး လုပ်ငန်းများ အပြီးတိုင်အောင် မပြီးစီးသေးပေမဲ့ လုပ်လက်စ လုပ်ငန်းများ ကို မြို့ခံ မြတောင် ဆရာတော်၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ကျောင်းနေ ရဟန်း သံဃာတော်များ ရွာခံ ရွာသားများက လုပ်အားပေး ကူညီနေကြပါတယ်။ အဆောက်အအုံအတွက် ကြီးစွာသော အထောက်အပံ့ကို သီတဂူ ဆရာတော် ဦးဆောင်ပြီး လှူဒါန်းခြင်း ဖြစ်ပါသည်။

 

သီတဂူ ဆရာတော်ကြီးနှင့် မြတောင် ဆရာတော် ဘုရားကြီး ဆေးရုံ ကိစ္စ ဆွေးနွေးတိုင်ပင် နေကြပုံ။

 

 

ဆောက်လက်စ လုပ်ငန်းခွင်

 

 

 

 

 

 

 

အထက်မှ ပုံတွင် မြင်တွေ့ရသည့်အတိုင်း အဆောက်အအုံ လိုအပ်ချက်ကတော့ တခါဖြည့်ရင် ပြည့်နိုင်ပေမဲ့ ဆေးဝါး ကုသရေး အတွက် လိုအပ်ချက်က အမြဲ လိုအပ်ဖြစ်နေအုန်းမှာပါပဲလို့ မြင်မိပါတယ်။

ရှေးယခင်ကတော့ ရွာနေ လူများ မကျန်းမမာ ဖြစ်တဲ့ အခါ ပန်းတနော် ဆေးရုံကို အားကိုးရပါတယ်။

စရိတ်မျှပေး ဆေးရုံ ဖြစ်တဲ့ အတွက် မပြည့်စုံမှုတွေ များလာတဲ့ အခါ ရောဂါကြီးကြီး ဖြစ်ချိန်မှာတော့ ရန်ကုန် ဆေးရုံကြီးကို လွဲပြောင်းပေးရပါတယ်။

ရွာနေ လူများ အနေနှင့် ပထမ အားကိုးရာ ဖြစ်တဲ့ ပန်းတနော် ဆေးရုံကို သွားဖို့ အတွက် အချိန် ပေးဆပ်မှု (ဝေဒနာ တောင့်ခံရခြင်း) ၊ ငွေပေးဆပ်မှု စတာတွေကို ပေးဆပ်နိုင်မှ ဆေးရုံကို ရောက်ရမှာ ဖြစ်ပါတယ်။ ထိုမှ တဆင့် ရန်ကုန် ဆေးရုံကြီးသို့ လွဲပြောင်းပေးမယ် ဆိုလျှင် ပိုမို ကြီးမားတဲ့ ပေးဆပ်မှုကို ဆက်လက် ပေးရပါတော့မယ်။ ထို့ကြောင့် မြတောင် ဆရာတော် ဘုရား၏ စိတ်အကြံ အတိုင်း ဖြစ်မြောက်စေရန် အတွက် သီတဂူ ဆရာတော်ကြီးမှ အဆောက်အအုံ၊ နည်းပညာ နှင့် ပစ္စည်း ကိရိယာများ အထောက်အပံ့ ခြင်းဖြင့် သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

 

တောရွာနေ လူထု အနေနှင့် ဆေးရုံ ဆေးခန်း ဝေးတဲ့ အခါ သွားလာရ မဖြောင့်ဖြူးခြင်းနှင့် ဆေးရုံတွက် ကုသလျှင် ကုန်ကျစရိတ် များမှာ စိုးရိမ်သည် ဆိုသည့် အယူအဆကြောင့် ဆေးရုံ ကို မသွားပဲ နီးစပ်ရာ ဆေးမြီးတိုများဖြင့် ကုသ ခြင်းများကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားသော လူပေါင်းများစွာ ရှိပါသည်။

ထို အစုကြီး ကျေးရွာ သည် ပန်းတနော် မြို့နှင့် အတန်ငယ် ဝေးကွာသော်ငြား ထိုဆေးရုံ တည်ရှိသည့် နေရာသည် ရွာပေါင်းများစွာမှ လူများ အားကိုးရာ ဖြစ်နိုင်သည့် အပြင် အခမဲ့ ဆေးဝါး ဒါန အဖြစ် ကုသပေးမှာ ဖြစ်တဲ့ အတွက် နောင် အနာဂတ်တွင် ထွန်းလင်းတောက်ပလာမည့် ကြယ်ပွင့် လေးများနှင့် တူသော မျိုးဆက်သစ် ကလေးငယ်များ သားကောင်း မိခင်များ သက်ကြီးရွယ်အို ကျားမ တို့၏ အသက်ပေါင်းများစွာ ကိုလည်း ထိုဆေးရုံကြီးမှ ကူညီ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

 

ဆေးရုံ မှ ဆေးဝါး အခမဲ့ ကုသပေးခြင်းသည် ဘာသာရေး လုပ်ငန်း မဟုတ်ပဲ ပရဟိတ လုပ်ငန်း သီးသန့် ဖြစ်သည့် အတွက် လူမျိုး ဘာသာ မရွေး အယုတ်အလတ် အမြတ်မရွေး အားလုံးကို တန်းတူ ကုသပေးမှာ ဖြစ်ပါသည်။

 

အလှူခံခြင်း

MG မှ ရွာသူားများ ကိုလည်း ထိုဆေးရုံကြီး မှ ကယ်တင်နိုင်မည့် အသက်ပေါင်း များစွာ ဆက်ပေးမည့် ဆေးဝါး ဒါန အတွက် အလှူခံချင်ပါသည်။

ဆူး တို့ လူသားတွေ အသက်ရှင်သမျှ ကာလာ ပတ်လုံး အနည်းဆုံးတော့ နှာစေး ချောင်းဆိုးတော့ ဖြစ်ဖူးကြမှာပါ။ မဖြစ်ဖူးသော လူလည်း ရှိကောင်း ရှိပါလိမ့်မည်။ ထိုသူသည် အလွန်ကံထူးသူ ဖြစ်ပါလိမ့်မည်။

 

ကျန်းမာရေးသည် လာဘ်တပါး ဆိုတဲ့ အတိုင်း ကျန်းမာခြင်းရဲ့ အကျိုးကျေးဇူးကိုတော့ နာမကျန်း ဖြစ်တဲ့ အခါ ပိုပြီး သိသာ လာပါလိမ့်မည်။

 

ထို့ကြောင့် ဆူး ရဲ့ ဒုတိယ မိသားစု လို ဖြစ်နေတဲ့ ဂေဇတ်မှ ရွာသူရွာသား များကိုလည်း ကိုယ်တိုင် လှူသလို ရွာသူ ရွာသားများကိုလည်း အလှူမှာ ပူးပေါင်းပြီး ပါဝင်စေချင်ပါတယ်။ နှမ်းတစေ့ဖြင့် ဆီ မဖြစ်နိုင်ပေမဲ့ နှမ်းစေ့ပေါင်း များစွာ ကတော့ ဆီဖြစ်လာပါလိမ့်မယ်။ ထိုကြောင့် သီတဂူ သုမေဓာ ဆေးရုံကြီး အတွက် မိမိတို့ လုပ်အားဖြင့် နေ့စဉ် ရှာဖွေ ထားတဲ့ ဖြူစင်သော ငွေကြေးများထဲမှ ဆန္ဒရှိသလောက် လှူဒါန်းကြပါစေလိုပါတယ်။

ပွင့်သော ပန်းကလေးများ အချိန်မတန်ခင် ညိုးနွမ်း ခြောက်သွေ့မသွားအောင် ရေလောင်းပေးနေသော ဥယျာဉ်မှူး အတွက် ရေပေး သကဲ့သို့

ကြင်နာမှု မေတ္တာ ဂရုဏာ တရားဖြင့် ပြီးပြည့်စုံသော လောကကြီး ဖြစ်စေဖို့

အားလုံး တူညီ လက်တွဲပြီး ဆေးရုံ အတွက် ဆေးဒါန ဖြည့်ဆည်းပေးကြပါစို့

လို့ တိုက်တွန်းချင်ပါတယ်။

 

အစီအစဉ်

ဆေးရုံကို ရွာသူ ရွာသားများ တူတူ သွားရောက် လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

ရန်ကုန် ပန်းတနော် နေ့ချင်းပြန် ခရီး ဖြစ်သည့် အားလျှော်စွာ ကိုယ်ပိုင် ကားများဖြင့် ကူညီ လိုက်ပါမည် ဆိုလျှင်လည်း ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အလှူ ကို ကိုယ်တိုင် လိုက်ပါချင်သူများ အဆင်ပြေပြေ လိုက်ပါနိုင်ရန် ခရီးစဉ် အခက်အခဲ မရှိ သွားလာနိုင်ရန် စာရင်းများ ကြိုတင်ပေးဖို့ နိုးဆော်ပါတယ်။

အသွားအပြန် လမ်းစရိတ်ငြိမ်း နှင့် နေ့လည် ထမင်းကို ဘုန်းကြီးကျောင်းတွင် သုံးဆောင်ရပါမည်။

ရွာသူ ရွာသားများ ပန်းတနော် ထွက်ကုန်များ လေ့လာ ဝယ်ယူနိုင်ရန် အချိန်ပေးပါမည်။

 

နေ့ရက်

မေလ ၁ရက်နေ့ (အင်္ဂါနေ့) [ မေဒေးနေ့ ] ဖြစ်ပါသည်။

မနက် ၆နာရီခွဲ စုရပ်မှ ထွက်ခွာမည် ဖြစ်ပါသည်။ နောက်ကျလျှင် နေပြင်းသည့် အတွက် အပူဒဏ် ခံရသက်သာ စေရန်အတွက် အားလုံး မနောက်ကျ စေရန် တိုက်တွန်းပါသည်။

မှတ်ချက်။   ။ ရက်သတ်မှတ်ခြင်းသည် ယာယီ ဖြစ်သဖြင့် အနားနီးလျှင် သေချာ ကြေညာပေးပါမည်။

 

အလှူ အတွက် အလှူငွေ ကောက်ခံရန်

ရန်ကုန်

မမ (MG)  – *****************

ဆူး (MG) – ************

 

မန္တလေး

ကိုပေါက် (မန္တလေး) (MG) – ***********

 

 

ပထမ စာမျက်နှာမှာ ရှိတဲ့ ကွန်မန်းများ ဖတ်ချင်လျှင် အောက်ပါ လင့်အတိုင်း သွားကြည့်နိင်ပါသည်။
https://myanmargazette.net/107492/health-fitness/comment-page-1#comment-178083

286 comments

  • ကျနော်တို့ရွာကလေးလဲ ကောင်းမွန်သောလုပ်ငန်းများကို တစထက်တစ်တိုး၍ လုပ်ဆောင်လာနို်င်သည်မှာ
    ဝမ်းသာစရာ။
    အဲတော့ ကျနော်တို့ကလဲ ဦးဆောင်သူရှိသခိုက် နောက်ကလိုက်၍ တတ်စွမ်းသမျှကူညီပါမည်.။
    ကဲ မန်းလေးနှင့် အနီးတဝိုက်က ရွာသူရွာသား များဘယ်လာယူရမယ်ဆိုတာ သာ ဖုန်းဆက်လိုက်ပါ.
    ………………………………………….လာခဲ့မှာပါ………………………………….

  • water-melon

    March 11, 2012 at 12:33 pm

    ဘဘလေးပေါက်ရှင့်
    သမီးအလှူငွေလာထည့်ပါမယ်နော့်

    • Diamond Key

      March 13, 2012 at 9:45 am

      သားသားလည်း လှူမယ်နော် …… လေးပေါက် 😀

  • ကြောင်ကြီး

    March 11, 2012 at 12:34 pm

    ဆေးဝါးလှူက
    ကုသိုလ်ထ
    ဖြစ်လေရာဘဝ
    ကျန်းမာစွ..
    ဂေဇက်အလှ
    ဂျီပုန်းမ (မှားလို့အဲဒါမပါဘူး)
    ပြန်စမယ်..
    ဂေဇက်အလှ
    မြတ်ဒါန
    အာယုသုခ
    တတိုင်းရ…။

    • ဆူး

      March 11, 2012 at 2:11 pm

      ကဗျာလေး အတွက် ကျေးဇူးတင်ပါတယ်။
      ကဗျာ ကလေး ကို အလှူ အတွက် မှတ်တမ်း အဖြစ် သိမ်းဆည်းထားလိုက်ပါပြီ။

  • Moe Z

    March 11, 2012 at 12:37 pm

    ((အသွားအပြန် လမ်းစရိတ်ငြိမ်း နှင့် နေ့လည် ထမင်းကို ဘုန်းကြီးကျောင်းတွင် သုံးဆောင်ရပါမည်))
    ဟိ ဟိ ဘုန်းကြီးကျောင်းကထမင်းလိုက်စားဦးမှ
    ပြီးဟိုရောက်ရင် မမတို့အိမ်မှာ ထပ်စားမယ် 😆

    အားပေးပါတယ် မမဆူးရေ ကြိုပြီးလည်း သာဓုခေါ်ပါတယ် ..

    • ဆူး

      March 11, 2012 at 2:10 pm

      ကိုယ်တိုင် ပါဝင်နိုင်မယ် ဆိုတာ သိရတဲ့ အတွက် ကြိုတင်ပြီး ဝမ်းသာမိပါတယ်။
      ကြိုဆိုပါတယ်…

    • MaMa

      March 11, 2012 at 2:38 pm

      (ပြီးဟိုရောက်ရင် မမတို့အိမ်မှာ ထပ်စားမယ် 😆 )
      ဒီစာကိုဖတ်ပြီး လိုက်မယ့်သူစာရင်းထဲ ထည့်ထားလိုက်ပြီနော်။
      နောက်မှ ဘွာတေးလို့ မရဘူး။

      • inz@ghi

        March 12, 2012 at 10:15 am

        မာမားက မန်မန်းကျွေးမယ် ပေါ့ …
        😛
        စားရချည်သေး…

        ဗျို့ အောက်က ကိုကမ်းဂျီး …
        ခညားနဲ့ သများ နှစ်ပါးသွားဖို့….
        တာကွီလာ ၁ပုလင်း ဆွဲခဲ့မယ်အေ….

        အပေါ်က ဆံပင်ဘုတ်သိုက်နဲ့ ဂျာပုကိုတော့
        ချဉ်ပါတယ်…အေ … တိုက်ဘူး…
        ဟီဟိ….

        ဇဂါးမစပ် ကိုဆူး ….
        လှူမယ်…ဆိုတာ ..ရွာနာမည်ကို ချစ်လို့ဗျို့..
        ဂလောက်ပဲ ပြောပါရစေဦး…

        • ဆူး

          March 12, 2012 at 11:20 am

          မမဂီ နဲ့ ကိုကိုကမ်း သောက်ဖို့ ငရုတ်ဆီ ပုလင်း ယူခဲ့မယ်နော်.. ငါးကြော်နဲ့ တို့စားဖို့.. အဟေးးး

        • ကိုရင်စည်သူ

          March 12, 2012 at 9:39 pm

          မဆူးက တို့ဖူးဝယ်ကျွေး…
          မမက ထထက (အလှူပွဲ)
          မိုးဇက်က တမျိုးရှက်လို့ကတော့
          အပျိုမြင် ဖိုခင်တဲ့
          ကိုရင်က ပါရမီဖြည့်ပြီးသားပဲ… “ဟီးး 😀 😀 😀 😀

        • MaMa

          March 12, 2012 at 10:00 pm

          မိုးစက်ရော မောင်ဂီရော ကိုရင်ရော လိုက်မယ်ဆိုရင် ကျွေးပြီးသားပါ။
          (ဘာကျွေးမယ်ဆိုတာတော့ 😛 )

        • ဆူး

          March 13, 2012 at 9:05 am

          ကျွေးမှာကတော့ ပြင်းနေတဲ့ ဖား.. အဲမဟုတ်ဘူး.. အင်းထဲက ငါး..
          စားကောင်းမှာပါ။ ဆိုင်ကောင်းကောင်းရှိတယ်။

  • padonmar

    March 11, 2012 at 12:50 pm

    မြတောင်ဆရာတော်နဲ့ မျက်စိဆရာဝန် ဒေါက်တာ စဂျေလွင်က ၁ဝ နှစ်ကျော် မျက်စိဆေးခန်းဒါန လုပ်လာဝကတာဆိုတော့ အတွေ့အကြုံရှိပြီး လေးစားဖွယ်ပုဂ္ဂိုလ်တွေပါ။
    အစုကြီးပတ်ဝန်းကျင်ရွေလောင်း၊ညောင်တုန်းပန်းတနော်မြို့နယ်တွေက ရွာတွေရဲ့ အားကိုးစရာလည်း ဖြစ်လာပါလိမ့်မယ်။
    လှူလည်းလှူပါမယ်။
    လိုက်ဖြစ်ဖို့က ၉၉% ၊
    အပြန် ဆားမလောက် ဦးထွန်းသိန်းဆိုင်ဝင်စားရင် အင်းထွက်ဟင်းတွေ(ငါးရံ့အူ၊ငါးဥ၊ငါးသလောက်ပေါင်း၊ငါးကျီးကြော်နှပ်၊…..)ကောင်းကောင်းလေးစားနိုင်မယ်။
    ချည်ရည်ဟင်း၊ငရုပ်သီးဆားထောင်း၊တို့စရာစုံ side dish တွေနဲ့၊ ထန်းလျက်ခဲ အချိုတဲ၊:D 😀 😀

    ဆူးရေ၊အဝေးကလူတွေ လှူချင်ရင် လွယ်အောင် Etone တို့လိုပဲ bank account လေး တစ်ခု လုပ်ရအောင်။
    သူကြီးပြောတဲ့ sister cities ဆိုင်းဘုတ်လေးလည်း တစ်လက်စာတည်း စိတ်ကူးကြပါအုံး။

    • ဆူး

      March 11, 2012 at 1:07 pm

      ဆိုင်းဘုတ် ကိစ္စ လွယ်မလွယ်တော့ မပြောတတ်ဘူး။ အစိုးရ မြေမှာ စိုက်တာ ဥပဒေတော့ သိပ်နားမလည်ဘူး။ ဥပဒေပိုင်းဆိုင်ရာ သိတဲ့ လူ ရှိရင်တော့ ဝင်ဆွေးနွေးပါအုန်း။
      ကြေညာဆိုင်းဘုတ်တွေကတော့ ပေနဲ့တိုင်းပြီး နှစ်တိုင်း အခွန်ဆောင်ရတယ်။

      • kai

        March 11, 2012 at 3:51 pm

        ဆိုင်းဘုတ်က.. လန်ဒ်းမတ်ခ် ဖြစ်သွားစေချင်တာပါ…
        တနိုင်ငံလုံးမှာ တခုမှမရှိဆိုတော့လေ.. (အထင်)

        ဒါကို..အဲဒီနားရောက်တဲ့.. တိုးရစ်တွေ.. ဧည့်သည်တွေလာကြည့်လိမ့်မယ်…
        အမှတ်တရဓါတ်ပုံရိုက်ကြလိမ့်မယ်…

        အဲဒါနဲ့.. လူစည်ကားလာနိုင်တာပေါ့…။
        ဒေသခံတွေအတွက်.. အလုပ်အကိုင် အခွင့်အလန်းနဲ့အတူ.. တခြားအလှူငွေလည်း ရနိုင်မှာပါ…။

        • MaMa

          March 11, 2012 at 4:03 pm

          အခု ရန်ကုန်-ပုသိမ် ကားလမ်းမကြီးပေါ်က ပန်းတနော်မြို့ အဝင်မှာ ဦးသန့်ပုံတူ ရုပ်ထုနဲ့ စာကြည့်တိုက် တည်ဆောက်ဖို့လုပ်နေပါတယ်။ အလှူသွားလုပ်ရင် ဝင်ရောက်လေ့လာနိုင်မှာပါ။
          ဒါထက် သဂျီးရဲ့ စတစ်ကီ လုပ်ပြီး အားပေးတာကို ကျေးဇူးတင်ပါတယ်။

    • surmi

      March 11, 2012 at 11:23 pm

      ဆားမလောက်ဦးထွန်းသိန်းဆိုလို. သူ.ဆိုင်က ထူးထူးခြားခြားဟင်းလေးတွေသတိယမိပါတယ်
      ငါးရှည်. အချဉ်ဆီပြန်နဲ. ဖားသားကျပ်တိုက် ၊ ယုန်ကျပ်တင်အစပ်ချက်နဲ. ကြွက် ကြွတ်ကြွတ်ကြော်
      ……သိပ်ဂွတ် …..သိပ်ကာင်း …..။

  • koaung

    March 11, 2012 at 1:12 pm

    ဟုတ်ကဲ့ခင်ဗျာအခုလိုဦးဆောင်တာတွေတွေ့ရတော့ဝမ်းသာပါတယ်

    • ဆူး

      March 11, 2012 at 2:09 pm

      စုပေါင်းပြီး လုပ်တဲ့ အလုပ်မှာ တစ်ယောက်တည်း ကောင်းယုံဖြင့် မဖြစ်နိုင်တဲ့ အတွက် အများ စုပေါင်းပြီး တက်ညီလက်ညီ ပူးပေါင်း ပါဝင်ပြီး ပျော်ရွင်ဖွယ် ကောင်းသော အမှတ်တရလေးတွေ ပိုင်ဆိုင်ခွင့် ရအောင် အားလုံး တူတူလုပ်ချင်ပါတယ်။

  • MaMa

    March 11, 2012 at 2:06 pm

    စုပေါင်းအလှူတစ်ခုအနေနဲ့ရော၊ ဒေသန္တရ လေ့လာရေး ခရီးစဉ်အနေနဲ့ပါ လိုက်ပါကြစေလိုပါတယ်။
    (တတ်နိုင်သလောက် သွားရေးလာရေး၊ စားရေးသောက်ရေး အဆင်ပြေအောင် ကြိုးစားပေးပါမည်။)
    အဲဒီခရီးစဉ်မှာ ဒေသထွက်ကုန်ဖြစ်တဲ့ ဖျာကောင်းကောင်းကို ဝယ်ယူနိုင်ကြမယ့်အပြင်…………
    လျို့ဝှက်ချက်တစ်ခုအနေနဲ့ စိတ်ပါဝင်စားကြအောင် ကြော်ငြာရရင်ဖြင့်
    ပုဂံဘုရားစေတီဟောင်းတွေနဲ့ ကျိုက်ထီးရိုးဘုရားဖူးပါ ပို့ဆောင်ပေးမည် ဖြစ်ပါကြောင်း 🙂

    • ဆူး

      March 11, 2012 at 2:17 pm

      ဘုန်းကြီးကျောင်းမှာ ထမင်းသွားစားမှာ ဆိုတော့ ဘုန်းကြီးကျောင်း အတွက် လှူဖွယ် တခုခု ယူသွားဖို့ စဉ်းစားနေတယ် အန်တီ.. ကျောင်းနေ သံဃာ ဘယ်လောက် ရှိပါသလဲ..
      သံဃာ နည်းရင်လည်း နည်းတဲ့ အလျောက် များရင်လည်း များတဲ့ အလျှောက် တခုခု စီစဉ်ချင်လို့ ပြောပြပေးပါအုန်းနော်။

      • MaMa

        March 11, 2012 at 2:44 pm

        ဆူးရေ-
        ကျောင်းက ဖွင့်ရက်ဆိုရင် သံဃာဦးရေများပေမယ့်
        ကျောင်းပိတ်ထားရင် နည်းတတ်လို့
        သွားခါနီးမှ ဘုန်းကြီးကျောင်းကို ဖုံးဆက်မေးပေးမယ်နော်။

    • koaung

      March 11, 2012 at 6:32 pm

      ပုဂံနဲ့ကျိုက်ထီးရိုး အင်းမြန်မာပြည်ပြန်ပြီးဆင်နွဲရမလိုဖြစ်နေပြီ ဗျာ 😀

      • ဆူး

        March 12, 2012 at 11:18 am

        ကြွခဲ့ပါ.. ပျော်ပျော်ပါးပါး ဆင်နွဲချင်ပါတယ်။

  • koaung

    March 11, 2012 at 2:10 pm

    တတ်နိုင်သမျှပါဝင်နိုင်အောင်ကျိုးစားပါ့မယ်ဗျာ ဘွားဒေါ်ကြီးဇာတိမွေးရပ်လဲဖြစ်နေတာမို့ပါ

  • koaung

    March 11, 2012 at 2:15 pm

    ကြိုးစားလို့ပြင်ဖတ်ပါဗျိုးး(* စာလုံးပေါင်းမှားသွားလို့ဆောရီ:) :mrgreen:

  • marblecommet

    March 11, 2012 at 3:42 pm

    ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ
    လှူဒါန်းနိုင်အောင် ကြိုးစားပါမယ်ခင်ဗျ
    ကုသိုလ်ကောင်းမှုလုပ်ရမယ်ဗျို့ အကုသိုလ်များနေတာလားမသိဘူး မနက်က ဘတ်စ်ကားချင်း ပွတ်တိုက်တာ သများတစ်ယောက်တည်း ဒဏ်ရာရသွားတယ်ဗျ ကံကောင်းလို့စာရိုက်နိုင်တာ ပတ်တိးစီးထားရတယ်…..
    အလှူကို ကိုယ်တိုင်ကိုယ်ကျ လိုက်နိုင်အောင်ကြိုးစားပါမယ်ဗျို့….ဗိုလ်မြတ်ထွန်းတံတားကြီးပေါ်က ဧရာဝတီလေညှင်းကိုလည်း ရှူရှိုက်ချင်ပါတယ်ဗျို့….

    • ဆူး

      March 11, 2012 at 4:17 pm

      လိုက်ပါသူ စာရင်းထဲ ထည့်လိုက်ပြီနော်။

    • MaMa

      March 11, 2012 at 5:03 pm

      ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ 🙂

  • ဦးဦးပါလေရာ

    March 11, 2012 at 4:08 pm

    ဝမ်းမြောက်ဝမ်းသာ ကြိုတင်သာဓုခေါ်ပါတယ်။
    အလှူထည့်ဝင်မှာတော့ သေချာပါတယ်။
    လိုက်ဖြစ်အောင်လဲ ကြိုးစားပါမယ်။
    တကယ်လဲ အရမ်းလိုက်ချင်တယ်။
    မမ ပြောတဲ့ လျှို့ဝှက်ချက်တခု ဆိုတာကိုတော်တော်စိတ်ဝင်စားတယ်။ 😛
    ရိပ်မိသလိုလဲ ရှိနေတယ်နော….. 😛

  • weiwei

    March 11, 2012 at 6:15 pm

    အစုကြီးကျေးရွာသွားတဲ့လမ်းတစ်လျှောက်မှာ ငရုတ်ခင်းတွေ၊ ယာခင်းတွေ၊ စပါးခင်းတွေနဲ့ အလွန်သာယာတယ် …. ကျေးရွာသဘာဝတွေကို တဝကြီးခံစားကြရမှာ … ချောင်းပေါတဲ့ဒေသမို့ ငါးတွေလဲပေါတယ် … ငါးဟင်းကောင်းကောင်းနဲ့ ဆန်ကောင်းကောင်းနဲ့ စားရမှာ … ငါးခြောက်ရယ် ပန်းတနော်ဖျာရယ် ရန်ကုန်ပြန်လက်ဆောင်အနေနဲ့လဲ ဝယ်လို့ရသေးတယ် …
    အလှူအနေနဲ့လဲ ကုသိုလ်ရမယ် … ဝမ်းသာကြည်နူးမှုလဲ ခံစားရမယ် … စုပေါင်းခရီးသွားရမှာမို့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လဲ ပိုမိုရင်းနှီးခွင့်ရအုန်းမှာမို့ လိုက်ဖြစ်ဖို့ ၉၉% သေချာပါကြောင်း …
    ဆူးရေ .. စာရင်းအရင်တို့ထားလိုက်နော် …. 🙂

  • pooch

    March 11, 2012 at 7:21 pm

    ဆူးရေ နိုင်သလောက်လေး ကုသိုလ်ပါဝင် လှူဒါန်းပါ့မယ်။ လိုက်ဖြစ်မဖြစ်ကတော့ မသေချာသေးလို့ ပါ။ အနားနီးရင် ၁ ပတ်လောက်အလို ကြ လိုက်နိုင်ရင် လှမ်းဆက်သွယ်လိုက်ပါ့မယ်။
    လိုက်ချင်တာကတော့ အလွန်ပါ။ ပျော်စရာ ကောင်းမဲ့ ခရီးစဉ်တခု ဖြစ်လိမ့်မယ်လို့လည်း ယုံပါတယ်။

    နောက်ဦးသန့် ရဲ့ အမှတ်တရ ကို သူကြီး အကြံပေးသလိုလေး လုပ်ဖြစ်ရင်လည်း အတိုင်းထက် အလွန်ပါပဲ။
    အဲ့ဒီ လို သမိုင်းဝင်တဲ့ အမှတ်တရလေးကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ပေးချင်ပါတယ်။
    အတတ်နိုင်ဆုံး လိုက်နိုင် အောင် ကြိုးစားပါ့မယ်။

  • htet way

    March 11, 2012 at 7:23 pm

    အားပေးပါတယ် ဆက်လုပ်ပါ
    တို့ကတော့ ……ဒါမျိုးထောက်ခံတယ်။
    တိုလည်းလိုက်မယ်ချန်မထားနဲ့…………..

    ဒါနဲ့ ကားလမ်းကောင်းရဲ့လားဗျ

  • ကျနော်လည်း ဒီအလှူမှာ လိုက်ပါနိုင်ဖို့ စဉ်းစားထားပါတယ် …။
    အလှူနားနီး တစ်ပတ်လောက် အလိုကျမှပဲ လိုက်နိုင်၊ မလိုက်နိုင် သေချာ ဆုံးဖြတ်နိုင်မှာပါ …။
    အလှူငွေကတော့ တတ်နိုင်သလောက် ထည့်ဝင်သွားမည် ဖြစ်ပါကြောင်း …။

  • Khin Latt

    March 11, 2012 at 8:03 pm

    မမ နဲ့ ဆူးရေ
    အလှူ ကိုတော့ ကိုယ်တိုင်လိုက်နိုင် မှာ မဟုတ်ပေမဲ့ အလှူငွေကိုတော့ အလှူမတိုင်ခင် ရစေရမယ်။
    တကယ်ကြီးပြောတာ။ 😉
    ဖုန်းနံပါတ် မှတ်ထားလိုက်ပြီ။
    ခင်မင်စွာဖြင့်
    မလတ်

  • မမတို့ ဆူူးတို့ရေ
    လိုက်ဘို့တော့စီစဉ်ထားပါတယ်။
    လိုက်ဘို့ 99%
    သွားခါနီးရက်မှာ ကျနော့်ရဲ့ဟတ်စကီးမပျက်အောင် ဆုတောင်းပေးနော်။
    မယ်ပု လိုက်ခဲ့ ငါညည်းအတွက်လိပ်ဥပါတူးပေးလိုက်မယ်နော်.

  • surmi

    March 11, 2012 at 11:33 pm

    မကြာခဏ မဲဇာကိုရောက် ရောက်နေလို. ဘဏ်စာရင်းလေးဖွင်.ပေးထားပါလား။
    နယ်ကလူတွေလဲ အဆင်ပြေတာပေါ. ။
    နဲတာများတာနောက်ထားလို. ပါပြီးသားလို.မှတ်လိုက်ပါဗျာ။
    ဪ ………ကံဆိုးပါ. ……သူများတွေရုံးပိတ်ရက်မှ ကိုယ်ကအလုပ် လုပ်ရသူဆိုတော. ….။

    • ဆူး

      March 12, 2012 at 9:00 am

      ဖုန်းဆက်လို့ လွယ်မယ် ဆိုရင် ဖုန်းဆက်စေချင်တယ်။
      အချက်အလက်များပြောပြပေးပါမယ်။
      ရောက်ရှိနေတဲ့ မြို့နဲ့ နီးစပ်ရာ ဘဏ်တခုခုမှ နေပြီးတော့ ငွေလွဲရင် အဆင်ပြေမယ် ထင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 12, 2012 at 12:14 am

    သတိ ။ ။ အောက်ပါ မှတ်ချက်အား သဘောမကျခြင်းဖြစ်ကြပါက
    မည်သူနှင့်မျှမတူအောင်တွေးရမည်ဟူသော သဂျီးမင်းအားသာလျှင် အပြစ်ဖို့ကြကုန်စေသတည်း။
    ပုံ
    မိုက်ကယ်ဂျော်နီအောင်ပု 👿
    ………………………….
    ဥပမာ 😀
    ဒဏ်ရာပြင်းထန်စွာရနေသော သတ္တဝါတစ်ကောင်အား တွေ့ကြသည့်ခိုက်ဝယ်
    ထိုသတ္တဝါသည် ဒဏ်ရာကြောင့်သေမည်ကိုသိ၏
    ထိုသတ္တဝါ၏ ဝေဒနာကို မရှု့စိမ့်ခြင်းငှား ထိုသတ္တဝါအားသေစေအောင်လုံးလပြု၍ သတ်လေ၏
    အခြားတစ်နည်း
    သတ္တဝါတစ်ကောင်သည် ဆာလောင်ခြင်းအမှု့ကြောင့် မိမိအသက်ရှင်ခြင်းငှာ အခြားသတ္တဝါတစ်ကောင်အား
    သတ်ဖြတ်၍စာသောက်လတ္တံ့ဟု အားထုတ်ခိုက် အခြားသတ္တဝါတစ်ကောင်သည် အသတ်ခံရမည့် သတ္တဝါအား
    ကြင်နာသဖြင့် ကာကွယ်လေ၏ ( ဤတွင် တစ်ခုသောသတ္တဝါသည် အစာရေစာ ငတ်မွန်လေ၏ )
    ဒါကတော့ လူအထင်ကြီးအောင် နည်းနည်းလေပေါဒါဘါ 😀
    ဒီလိုသာ ကိုယ်ကစေတနာရှိတိုင်း ဆေးရုံကြီးတွေလှူတော့
    ငွေကုန်ကြေကျခံ ဖင်ပျဲအောင် စာကျက်ထားရတဲ့ ဆရာဝန်တွေသနာားစရာဗျာ
    ဟဲဟဲဟဲ
    မကျေနပ်ရင် ဂိုးတူသည် သဂျီး အန် မိတ် အန်းနီးခိုင်းအော့ဖ်သည်ပလာဗလန် 😀 😀 😀

  • တညင်သား

    March 12, 2012 at 12:16 am

    ဘဏ်နဲ့မနီး တဲ့ တားတားတို့အတွက်လဲ အလှူငွေ ယူပေးနိင်မဲ့ ရွာသားလေးတယောက်လောက် လိုမယ်ထင်တယ်ခင်ဗျ

    • ဆူး

      March 12, 2012 at 9:03 am

      အလှူငွေယူဖို့ လူ အတွက် စိတ်မပူပါနဲ့ စီစဉ်ထားပြီးသားရှိပါသည်။

  • inz@ghi

    March 12, 2012 at 7:05 am

    ကိုဆူးရေ ….
    ဆန်းဒေးက အလုပ်များနေပြီး
    ညဘက် ပီစီ သေသွားလို့ ဈာပန ချလိုက်ရတယ်ချင့်…..
    အသေစောလို့ …နှမျောထှာ …ဒဲလ်လေးရယ်….

    😀
    သများလည်း ….လှူပါ့မယ်ချင့် …..
    လိုက်ဖို့တော့ …
    အဟဲ
    သများကို ကတုံးတုံးပြီး သင်္ကန်းစည်းပေးမယ့်
    အကြံကို စွန့်မယ်ဆိုရင်တော့ လိုက်ပါ့မယ်ချင့်…..

    အာဟိ…

    • ဆူး

      March 12, 2012 at 9:06 am

      ရွာထဲက စလယ်ဘရတီ ကို ကတုံးတုံးပြီး သင်္ကန်းစည်းပေးရင် ပိုအောင်မြင်မယ်လို့ အာရုံရနေလို့ စည်းပေးချင်တာပါ.. လိုက်နိုင်ရင် လိုက်ပါ.. ကြိုဆိုပါတယ်။
      အားလုံး ပျော်ပျော် ပါးပါး စုစုရုံးရုံး သွားရတဲ့ အခါ မောင်နှမ အရင်းအချာတွေကို ပိုပြီး နွေးထွေးပြီး တယောက်နဲ့ တယောက် ခင်ခင် မင်မင် ပိုရှိလာမယ်လို့ ယုံကြည်တယ်။ နားလည်မှုလည်း ပိုရှိလာကြတာပေါ့။

      • inz@ghi

        March 12, 2012 at 9:18 am

        တိန်…..
        သများက ဘယ်တုန်းက ဆယ်လီဗျစ်တီ ဖြစ်သွားရသတုံးကွယ်…
        အသာလုပ်ပါ….

        မိဘ၂ပါး နဲ့ ညက ရန်ဖြစ်ထားပီး မခေါ်ဘူး ….ဖြစ်နေလေရဲ့….
        မိဘစော်ကားလို့ထင့် …. ပီစီလေး ပျက်တွားဘီ…

        ပကျွတ်… အိမ်မပြောင်းခင် ပီစီဝယ်ရဦးမယ်… အသည်းနာဒယ်….
        ပီး ..သယ်သွားရဦးမယ်….. ခွီး …..

        မိဘဒွေကလည်း လွန်ပါတယ်ဂျာ …
        အော်… ကိုယ့်သားလေး သူများတိုင်းပြည်မှာ ထားရာနေ စေရာသွား ..ခိုင်းတာလုပ်
        နှစ်ပေါက်အောင် ကျွန်ခံ ရပါတယ်ဆိုမှ ၂ပါတ်ကလေး အားတာ ….
        ပုဇင်းခံချင်တယ် တဲ့ တော်ရေ့……

        သူများတိုင်းပြည် မှာ ကျွန်ခံ..
        ကိုယ့်ဆီပြန်လာတော့ ပုဇင်းခံ …
        ဟုတ်တော့နေဘာဘီ …..

        သများမလည်း ခံ ဘက်ကချည်း …

        ဘယ့်နှယ့် …ဇိမ်ကျ မခံရဘူး …
        ၁ပါတ်လောက် …ညစာ မစားရမယ့် အဖြစ်…
        ပတောက်…. မျက်ရည်မခိုင်ဒေါ့ …

        မိန်းမလေးဘာလေး ပေးဇားမယ်မရှိဘူး …..
        ချစ်ဖို့ကောင်းတဲ့ မိဘ၂ပါး…
        ချဉ်ပါတယ်အေ….

        ဒက်ဂလောက်…ဒက်ဂလောက်…

        • ဆူး

          March 12, 2012 at 11:14 am

          မိဘ စကား နားထောင်တာ ကောင်းပါတယ်အေ.. ဇိမ်ဖုန်းကြီး မိန်းမ ပေးဇားရင် ဂျိမ်းဖုန်းကြီး ဖြစ်သွားမယ်ဆိုတာ သိလို့ ထေရဝါ ဘုန်းကြီး ဝတ်ခိုင်းတာ ဖြစ်မှာပေါ့..
          ဘုန်းကြီးသာ ဝတ်လိုက်ပါတော့..

  • yaungchikha

    March 12, 2012 at 7:32 am

    ကျနော်လည်း တတ်နိုင်သလောက် ကုသိုလ်ပါဝင်ပါမယ်၊ ဦးပေါက်ဆီကိုပဲ အလှူငွေပို့ပေးမယ်နော်၊ ကိုယ်တိုင်မလိုက်နိုင်တော့ အလှူဓါတ်ပုံတွေကြည့်ပြီး ပီတိဖြစ်တော့မယ်နော်… 🙂

    • MaMa

      March 12, 2012 at 8:02 am

      ရွာသူားတွေအတွက် အလှူဓာတ်ပုံတွေ တဝကြီး ကြည့်နိုင်အောင် ဓာတ်ပုံဆြာတွေကိုလည်း ဖိတ်ခေါ်ပါတယ်။

  • etone

    March 12, 2012 at 8:32 am

    အစ်မဆူးရေ … အသင်းဖွဲ့အနေနဲ့ ဦးဆောင် လှုပ်ရှားပေးတာ … အလွန်ကောင်းပါတယ် … ။
    ဒီတစ်ခါ ပျားတုပ်နေတာနဲ့ နှိုးဆော်ပေးရုံကလွဲလျှင် အလှူငွေကောက်ခံမှု အပိုင်းမှာ အားဖြည့်မကူညီဖြစ်တာတော့ … အားနာပါတယ် …. ။ 🙁

    အလှူကို လှူလည်း လှူပါမယ် ….လိုက်ဖြစ်အောင်လည်း ကြိုးစားပါမယ် … ဒါပေမယ့် … အသွားပြန်ကြာချိန်လေးတော့ … သိချင်သေးတယ် … မြို့ထဲ ပြန်ဝင်ချိန်ခန့်မှန်းလောက်နဲ့ ကြိုချိန်ပြီး …. appointment တွေရှိလျှင် ရွှေ့ထားလို့ရအောင်ပါ ။

    • MaMa

      March 12, 2012 at 9:09 am

      အီတုံးရေ- ငယ်ငယ်က ပန်းတနော် ရောက်ဖူးတယ် ဆိုလို့ အံ့ဩသွားတယ်။ လိုက်မယ်ဆိုလို့လည်း ဝမ်းသာပါတယ်။
      လမ်းခရီးကတော့ အသွားအပြန် ၂ နာရီစီလောက် ကြာမယ် ခန့်မှန်းပါတယ်။
      ကြားထဲမှာ အလှူပေးမှာ၊ ထမင်းစားမှာ၊ မြို့ထဲ ဝင်လည်မှာတွေကျတော့ အချိန်အတိအကျ မှန်းလို့ မရနိုင်ဘူး ဖြစ်နေတယ်။
      မသွားခင်တော့ ခရီးစဉ်ကို time table ဆွဲပြီး တင်ပေးဖို့တော့ စိတ်ကူးထားပါတယ်။
      အပြန်နောက်မကျအောင်လို့ စောထွက်ရင်လည်း အဆင်ပြေပါတယ်။
      အားလုံးအတွက်ဆိုတော့ ၆နာရီခွဲထက် စောထွက်ရင် အဆင်ပြေပါ့မလား။
      စုရပ်ကိုလည်း ဘယ်မှာ စုရမလဲဆိုတာ ဆူးနဲ့ တိုင်ပင်ရဦးမှာမို့။

    • ဆူး

      March 12, 2012 at 9:11 am

      ညီမ စိတ်မပူနဲ့ မနက် ၆ခွဲ ထွက်ပြီး ညနေစောင်း ၅နာရီ ၆နာရီလောက်မှ ရောက်လိမ့်မယ် ထင်တယ်။ ည၆နာရီ တောင် ဒီထက် မိုးချုပ်ရင် ညစာ စီစဉ်ရမှာ စိုးလို့.. ဟိဟိ..
      နောက်တာပါ.. အသွား အပြန် ကားပေါ်မှာတင် ၅နာရီကျော် လောက် ကြာလိမ့်မယ်။ ဟိုမှာ လည်မှာ ပတ်မှာနဲ့ အလှူ ကိစ္စ လှူပြီး စကားပြော ထမင်းစားပြီး ဈေးဝယ်ဘာညာ လုပ်မယ် ဆိုရင်တော့ ၁ဝနာရီ အနည်းဆုံး ကုန်သွားလိမ့်မယ် ထင်တယ်။
      အဲဒီနေ့ အတွက်တော့ ဘာမှ မချိန်းပဲ ပေါ့ပေါ့ ပါးပါး လိုက်နိုင်ရင် ပိုကောင်းလိမ့်မယ်။

      • etone

        March 12, 2012 at 10:05 am

        အန်တီမမနဲ့ အစ်မဆူးရေ …ပန်းတနော်က မအူပင်ထက်ပိုဝေးမယ်တော့ထင်တယ်နော် … ။
        ညနေ ငါးနာရီခြောက်နာရီလောက်ကတော့ .. ပြသနာမရှိပါဘူး … ။
        အဲ့ဒီထက်ပိုနောက်ကျမယ်ဆိုလျှင်တော့ လိုက်ဖြစ်မှာမဟုတ်တော့ဘူး .. ညဘက်အလုပ်ရှိသေးတာကြောင့်ရယ် … အဲ့ဒါကလည်း ပျက်လို့ မရတာကြောင့်ပါ … ကြိုမေးထားတာ … ။

        မနက်စောစောထွက်တာကတော့ ကောင်းတယ် မဟုတ်လျှင် .. နေအရမ်းပြင်းပြီး .. ကားမူးတတ်တဲ့ လူတွေ နွမ်းကုန်မှာလည်း စိတ်ပူမိတယ် … ။

        • ဆူး

          March 12, 2012 at 11:10 am

          ည၆နာရီ ထက်နောက်မကျပဲ ရန်ကုန် အဝင် ဖြစ်အောင် စီစဉ်ပေးမယ်။
          ၅နာရီလောက်မှန်းထားတာ ဟိုဝင် ဒီထွက် နီးစပ်ရာ လိုက်ချပေးရင် အပြန်ခရီးက အလာ စုရပ်ထက် ပိုပြီး အချိန်ကုန်မှာ စိုးလို့ ပိုတွက်တာပါ။

        • MaMa

          March 12, 2012 at 10:10 pm

          အီတုံးရေ-
          ပန်းတနော်က မအူပင်ထက် ပိုမဝေးတဲ့အပြင် လမ်းကလည်း မအူပင်လမ်းထက် ပိုကောင်းပါတယ်။
          ရန်ကုန် ပြန်အဝင်ကို ည၆နာရီထက် နောက်မကျအောင် အခြေအနေကြည့်ပြီး ခရီးစဉ်ကို လိုသလို ဆွဲဆန့်နိုင် ချုံ့နိုင်ပါတယ်။

        • etone

          March 13, 2012 at 9:02 am

          ဟုတ်ကဲ့ပါ အန်တီ မမနဲ့ … အစ်မဆူးရေ … ဒါဆိုလျှင် ..နှစ်ယောက်နာမည်စာရင်းတို့ထားလိုက်ပါ … ။ လောလောဆယ်ထိတော့ .. အထွေထူး .. ချိတ်ထားတာ မရှိပါဘူး .. ။အားလုံးနဲ့ အတူ .. အမှတ်တရ ခရီးစဉ်လည်းဖြစ်မယ်ထင်ပါတယ် …. ။

          ွှအလှူငွေကိုတော့ .. အိမ်က ကလေးတစ်ယောက်နဲ့ … အစ်မဆူးအိမ်ကိုပေးခိုင်းလိုက်မယ် … ။

  • kyeemite

    March 12, 2012 at 8:50 am

    ဟိုတစ်ခေါက်အလှူတုန်းကမပါဝင်နိုင်လိုက်ပေမဲ့
    ဒီတစ်ခေါက်တော့ လှူဖြစ်အောင်လှူပါ့မယ်ဗျို့..
    လူကိုယ်တိုင်လိုက်နိုင်ဖို့တော့…နီးမှဘဲပြောပါရစေ…
    စုပေါင်းအလှူတစ်ခုဖြစ်မြောက်ရေးဝိုင်းဝန်းလုပ်
    ကိုင်ပေးကြသူတွေကိုကျေးဇူးတင်ပါကြောင်း။

    • ဆူး

      March 12, 2012 at 9:32 am

      ဒီလိုစကားလုံးလေးတွေ မြင်ရတွေ့ရတာ အရမ်းကို အားရ ပီတိ ဖြစ်စရာပါပဲ.. ကြိုဆိုပါတယ်။
      အနည်းအများ ပမာဏကို ပကာသန မဖက်ပဲ စေတနာ ရှိသလောက် လှူဖို့နဲ့ အလှူကို လိုက်ကြဖို့ မျှော်လင့်နေပါတယ်။

  • နွယ်ပင်

    March 12, 2012 at 9:25 am

    ဆူးရေ အရမ်းကိုကောင်းတဲ့ အစီအစဉ်လေးပါပဲ .
    နွယ်ပင်လည်း ပါဝင်ပြီး ကုသိုလ်ယူလှူဒါန်းပါမယ် ..
    လိုက်ဖြစ်မဖြစ်ကတော့ အနားနီးရင်ပြောမယ်နော် …..

    • Shwe Tike Soe

      March 12, 2012 at 10:16 am

      ဒီတခါတော့ ကိုကို ဂ ကို ခေါ်ခဲ့နော် သများ မျက်နှာလေး မြင်ချင်လို.ပါ ဟယ်.. နော် နော်.. 😀

      • ဆူး

        March 12, 2012 at 12:47 pm

        ဂ ပါရမှာပေါ့..
        မိတိုက်က မစီလေးရယ်မှ မဆိုင် သူများ ပစ္စည်း မျက်စောင်းသွားမထိုးနဲ့။

  • amatmin

    March 12, 2012 at 9:29 am

    အန်တီဆူးရေ
    အားပေးပါတယ်ဗျို့….
    အလှူရှင်စာရင်းထဲ တို့ထားပေးပါဦး..နော်
    အဆင်ပြေတဲ့ တရက်ဖုန်းဆက်ပြီး လာလှူ လို်က်မယ်..
    အတူလိုက်နိုင်အောင်လည်း ပြင်ထား လိုက်မယ်..

    • ဆူး

      March 12, 2012 at 12:48 pm

      လိုက်ပါသူ စာရင်းထဲ ထည့်ထားပြီနော်..

  • Ma Ei

    March 12, 2012 at 9:52 am

    ဆူးရေ…ပါဝင်လှူဒါန်းပါမယ်…
    လိုက်ဖို့လဲကြိုးစားပါမယ်…
    Phone ဆက်မယ်နော်…

    • ဆူး

      March 15, 2012 at 4:17 pm

      အန်တီ အိ ရေ.. အလှူငွေ လက်ခံရရှိမှု စာရင်းမှာ ထည့်ထားပြီးပြီ။

  • Novy

    March 12, 2012 at 11:15 am

    ဆူးရေ.

    အလှူငွေထည့်ဖို့ကတော့ 100% ပါ
    လိုက်ဖို့ကတော့ 60% ပါ
    အလုပ်တွေမများရင်တော့ လိုက်နိုင်အောင် ကြိုးစာပါ့မယ်
    မရောက်ဘူးလို့ အရမ်းလိုက်ချင်ပါတယ်

    • ဆူး

      March 12, 2012 at 11:24 am

      မမ လိုက်ပါသူ စာရင်းမှာ သွင်းပေးထားလိုက်မယ်နော်..

  • ငပွကြီး

    March 12, 2012 at 12:20 pm

    မေဒေးနေ့ မဟုတ်ဘဲ အခြားတနင်္ဂနွေနေ့ တရက်ရက်လုပ်လို့မရဘူးလားဗျာ…
    မေးကြည့်တာနော်…

    • ဆူး

      March 12, 2012 at 12:45 pm

      မေဒေး နေ့ ဆိုတော့ အားလုံး ပိတ်ကြမယ် ထင်လို့ ရွေးလိုက်တာပါ။
      အခက်အခဲများ ရှိလား မသိဘူး.. ရက်တိုင်ပင်ပြီးတော့ ညှိလို့ ရပါသေးတယ်။

      • inz@ghi

        March 12, 2012 at 12:53 pm

        တိန်….
        ရက်ရွှေ့ဦးမှာလားဟင်င်င်င်…

        ရွှေ့ရင်လည်း စောစောလေးတော့ ပြောကြပါချင့်
        သများက မိုင်ထောင်ချီဝေးတဲ့နေရာကလာရမှာမို့ပါ…
        ၂ပါတ်ထဲနေရမှာ မို့ပါ….

        😀

        • ဆူး

          March 12, 2012 at 1:11 pm

          တတ်နိုင်သလောက်တော့ ရက်မရွေ့ချင်ပါဘူး။
          အားလုံးကို လိုက်စေချင်တယ်။
          အားလုံးကို စည်းစည်းလုံးလုံး နဲ့ အလှူပွဲမှာ ပျော်စေချင်တဲ့ ဆန္ဒကြောင့် အများ သဘော အတိုင်း ဖြစ်သလို တတ်နိုင်သလောက် တစ်ဦးချင်း ဆန္ဒကို အကုန် လိုက်လျောပေးချင်လို့ပါ။
          အများက ဒီရက် မဖြစ်နိုင်ဘူးဆိုရင် ရက်ရွေ့ဖို့ စဉ်းစားရမယ် ဆိုတဲ့ သဘောမျိုးပါကွယ် စိတ်မပူပါနဲ့။

  • may thu

    March 12, 2012 at 1:36 pm

    ကိုယ်တိုင်မလုပ်နိုင်တော့ လုပ်နိုင်တဲ့သူတွေကိုအားကျမိပါတယ်။
    အလှူငွေထည့်ချင်ပါတယ်။
    လို်က်လည်းလိုက်ချင်ပါတယ်။ဒါပေမဲ့ကားမူးတတ်တော့လိုက်ဖြစ်မယ်မထင်ပါဘူး။
    အမရယ်။

    • ဆူး

      March 12, 2012 at 4:02 pm

      ကားမူးတတ်ရင်တော့ ကားမစီးခင် ဆေးကြိုသောက်ရင် ကားမမူးတော့ပါဘူး။
      ကား အရမ်းမူးတတ်တဲ့ ဆူး မောင်လေး တယောက်ဆို မိုးကုတ် သွားတာ ကားပေါ် မတက်ခင်ကတည်းက နာရီကြည့်ပြီး ဆေးတိုက်သွားတာ ၉၉၉ ကွေ့ကို ဖြတ်သွားတာတောင် ဘယ်လိုမှ မနေဘူး။ ကိုယ်တွေ့ပဲ..

  • ahnyartamar

    March 12, 2012 at 2:07 pm

    I note down မမ & ဆူး contact numbers.
    when the day is near, I’ll donate some…………please keep my name in somewhere and also try to follow to there with the members of MG.

    • ဆူး

      March 12, 2012 at 5:28 pm

      လိုက်ဖြစ်အောင် လိုက်ခဲ့ပါ ကြိုဆိုပါတယ်။
      ဒါနဲ့ စကားမစပ်.. တနေ့က ခရီးထွက်တုန်းက မုံရွာဘက်မှာ ဆိုင်းဘုတ် တခု မြင်လိုက်လို့ ဦးလေး ကို သတိရမိသွားတယ်။
      “အညာတမာ လွမ်းရမည်”
      အဲလို ရေးထားတယ်။

    • MaMa

      March 12, 2012 at 11:09 pm

      အညာတမာရေ-
      အညာဒေသနဲ့မတူ ထူးခြားတဲ့ မြစ်ဝကျွန်းပေါ်ရဲ့ ရှု့မျှော်ခင်းတွေကို မြင်တွေ့နိုင်မယ့်အပြင်
      သကာသနမပါတဲ့ စိတ်ရင်းတွေနဲ့ အပြင်မှာတွေ့ရင် ပိုခင်သွားတတ်ကြတတဲ့ ရွာသူားတွေ၊ ရွာ့ဆွေ ရွာ့မျိုးတွေကို တစုတစည်းတည်း တွေ့ဆုံခင်မင်နိုင်မယ့် အခွင့်အရေးကို လက်မလွတ်စေနဲ့နော်။ 🙂

      • ရွာစားကျော်

        March 14, 2012 at 1:01 pm

        တတ်နိုင်သလောက် လှူဒါန်းပါဝင်သွားပါမယ်..
        ရွာသူားတွေလည်း ဒီတစ်ခေါက်အလှူမှာ ပိုစုံစုံလင်လင် လာကြမယ်ထင်တယ်..
        ဗဟုသုတလည်းရ ရွာထဲကအမျိုးတွေလည်း အစုံအလင်တွေရမှာဆိုတော့
        လိုက်ချင်ထာ..
        ရုံးတဖက်နဲ့ နေပြည်တော်ကလာရမှာမို့ နီးမှပဲ အခြေအနေအရ ပြောပါမယ်

  • Khaing Khaing

    March 12, 2012 at 2:42 pm

    မမဆူး ….. လှူမယ် လိုက်မယ် စားမယ်….. အလှူငွေကိုတော့ အဆင်ပြေသလိုပေးမယ်နော်…. ရုံးကနေအားရင် မမဆူးတို့ဘက်ကိုလှည့်လာမယ်….. မအားရင်လည်း ကိုရင်တူရတို့ မမအုံတို့နဲ့ပေးလိုက်မယ်.. လိုက်ဖို့ကိုတော့ အထွေအထူးကိစ္စမရှိရင်လိုက်ဖြစ်မယ်…. ကိစ္စရှိရင်တော့ ကြိုပြောမယ်နော်……နာရေးကူညီမှုကိုလှူတုန်းက အလှူငွေထည့်တာမမှီလိုက်ဘူး…. စိတ်မကောင်းဘူး… အခုတော့ လိုက်ဖို့ထက် လှူဖြစ်အောင်လှူလိုက်မယ်…..

  • Khaing Khaing

    March 12, 2012 at 2:42 pm

    မမဆူး ….. လှူမယ် လိုက်မယ် စားမယ်….. အလှူငွေကိုတော့ အဆင်ပြေသလိုပေးမယ်နော်…. ရုံးကနေအားရင် မမဆူးတို့ဘက်ကိုလှည့်လာမယ်….. မအားရင်လည်း ကိုရင်တူရတို့ မမအုံတို့နဲ့ပေးလိုက်မယ်.. လိုက်ဖို့ကိုတော့ အထွေအထူးကိစ္စမရှိရင်လိုက်ဖြစ်မယ်…. ကိစ္စရှိရင်တော့ ကြိုပြောမယ်နော်……နာရေးကူညီမှုကိုလှူတုန်းက အလှူငွေထည့်တာမမှီလိုက်ဘူး…. စိတ်မကောင်းဘူး… အခုတော့ လိုက်ဖို့ထက် လှူဖြစ်အောင်လှူလိုက်မယ်…..

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

  • Rose Minn

    March 12, 2012 at 2:53 pm

    လှူတာတော့လှူမယ် 100% တခြား ကုသိုလ် ကို မလုပ်နိုင်သေးဘူး (ဥပမာ- တရားအားထုတ်တာလေးမျိုးပေါ့လေ) လှူတဲ့ကုသိုလ် ကိုတော့ ရသလောက်ယူထားမယ်။ ကိုယ်ဖြစ်ချင်တာလေးပြောတာပါ။ လိုက်ဖို့ကတော့ ခရီးမသွားဖြစ်ရင် တခြား အရေးကြီးကိစ္စတွေ ဝင်မရှုပ်ရင် လိုက်ဖြစ်အောင် လိုက်မယ်ဆူးရေ။ ပထမတစ်ခေါက်ထဲ က အရမ်းပျော်ခဲ့တာ။ ဒီတစ်ခေါက်ကတော့ လိုက်ဖြစ်အောင်ကြိုးစားပါမယ်။ ရွာသူရွာသားတွေနဲ့တွေ့ရတာ အမျိုးတွေနဲ့တွေ့ရသလိုပါပဲ။

    • ဆူး

      March 12, 2012 at 5:32 pm

      အားလုံးက အမျိုးတွေ ချည်းပဲ ဆိုတော့ တကယ် ပျော်ရတာပေါ့။
      ခင်နေတော့ ပြောမနာ ဆိုမနာ ပျော်ဖို့ ကောင်းတယ်နော်။

  • ငပွကြီး

    March 12, 2012 at 3:20 pm

    မလိုက်ဖြစ်လဲ လူဖြစ်အောင်လူပါ့မယ် မေဒေး နေ့က ရုံးတွေပိတ်ပေမဲ့ ရူံးဝန်ထမ်းမဟုတ်တဲ့ သူတွေက မအားကြတတ်လို့ မေးရုံတင်ပါ ဝန်ထုတ်ဝန်ပိုး မဖြစ်ပါနဲ့ အဆင်ပြေမယ့်ရက်သာ လုပ်ပါ..

  • Uncle Lay

    March 12, 2012 at 5:06 pm

    သိပ်ကောင်းတဲ့ အစီအစဉ်ပါ။
    လိုက်ဖြစ်ဖို့မသေချာပါ….လှူဖို့တော့သေချာပါတယ်…။

    • ဆူး

      March 12, 2012 at 5:33 pm

      လိုက်နိုင်အောင် တတ်နိုင်သလောက် ကြိုးစားပေးပါနော်။ ပိုပြီး စည်စည်ကားကား ဖြစ်သွားတာပေါ့။

  • Tin Tin

    March 12, 2012 at 5:14 pm

    ဆူးရေ….
    စုပေါင်းအလှူတစ်ခုဖြစ်ဘို့အတွက် ဦးဆောင်ပြီးကမကထပြုပေးတာ ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ ကျန်းမာရေးအတွက် ဆေးဝါးကုသိုလ်ဖြစ်လို့ လှူချင်ပါတယ်။ ရွာသူရွာသားတွေ အားလုံးနဲ့လည်းရေစက်ဆုံအောင်လေ။ အလှူငွေထည့်ဘို့ ဖုန်းဆက်လိုက်မယ်နော်….
    အတူလည်းလိုက်ချင်ပါတယ်…အဲဒီဘက်ကိုမရောက်ဖူးဘူးလေ…ဒါပေမယ့် လိုက်ဖြစ်ဖို့က မသေချာဘူးနော်။
    ရွာသူရွာသားတွေအားလုံးကိုလည်း တွေ့ချင်ပါတယ်…အားလုံးပျော်ရွှင်ကြပါစေ……

    • ဆူး

      March 12, 2012 at 5:29 pm

      ကြိုဆိုပါတယ်. လိုက်ခဲ့ပါ.. ခင်မင်ဖို့ကောင်းတဲ့ ရွာထဲက ရွာဆွေ ရွာမျိုးတွေ ကိုလည်း တွေ့ရမှာပါ။

  • MaMa

    March 12, 2012 at 6:46 pm

    တင်တင်ရေ-
    သကာသနမပါတဲ့ စိတ်ရင်းတွေနဲ့ အပြင်မှာတွေ့ရင် ပိုခင်သွားတတ်ကြတာ ရွာသူားတွေရဲ့ ထုံးစံပါ။
    ရွာ့ဆွေ ရွာ့မျိုးတွေကို တစုတစည်းတည်း တွေ့ဆုံခင်မင်နိုင်မယ့် အခွင့်အရေးကို လက်မလွတ်စေနဲ့နော်။ 🙂

  • Oo Oo

    March 12, 2012 at 9:06 pm

    လှုုပါ့မယ် ဆူးရေ
    တော်တော်စည်မယ့်အလှုုပဲနော်
    အားရစရာပါပဲ

    • MaMa

      March 12, 2012 at 11:00 pm

      လိုက်နိုင်အောင်လည်း ကြိုးစားလေ။
      အပေါ်က စာကို ပြန်ကူးပေးလိုက်မယ်။
      (သကာသနမပါတဲ့ စိတ်ရင်းတွေနဲ့ အပြင်မှာတွေ့ရင် ပိုခင်သွားတတ်ကြတာ ရွာသူားတွေရဲ့ ထုံးစံပါ။
      ရွာ့ဆွေ ရွာ့မျိုးတွေကို တစုတစည်းတည်း တွေ့ဆုံခင်မင်နိုင်မယ့် အခွင့်အရေးကို လက်မလွတ်စေနဲ့နော်။ 🙂 )

    • ဆူး

      March 13, 2012 at 9:13 am

      အလှူကိုလည်း ကြိုဆိုပါတယ်။
      အလှူကို ကိုယ်တိုင် မလိုက်နိုင်လည်း ကိုယ်စားလှယ် လွဲပြီး လွတ်လည်း လက်ခံပေးတယ်နော်။

Leave a Reply