သီတဂူ သုမေဓာ ဆေးရုံ (အစုကြီး ကျေးရွာ)

ဆူးMarch 11, 20123min1508286

သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပါသည်။

ပန်းတနော် မြို့မှ ကားဖြင့် ဆက်သွားမယ် ဆိုလျှင် နာရီဝက်ခန့် မောင်းနှင်လျှင် ရောက်ရှိမည် ဖြစ်ပါသည်။

ရန်ကုန် မှ ပန်းတနော် ကိုတော့ လမ်းခရီး ကြာချိန် ၂နာရီ မောင်းနှင်လျှင် ရောက်ရှိနိုင်ပြီးတော့ နေ့ချင်းပြန် ခရီးဖြင့် သွားနိုင်ပါသည်။

ယခု လက်ရှိမှာတော့ ဆေးရုံကြီးဟာ ဆောက်လုပ်ရေး လုပ်ငန်းများ အပြီးတိုင်အောင် မပြီးစီးသေးပေမဲ့ လုပ်လက်စ လုပ်ငန်းများ ကို မြို့ခံ မြတောင် ဆရာတော်၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ကျောင်းနေ ရဟန်း သံဃာတော်များ ရွာခံ ရွာသားများက လုပ်အားပေး ကူညီနေကြပါတယ်။ အဆောက်အအုံအတွက် ကြီးစွာသော အထောက်အပံ့ကို သီတဂူ ဆရာတော် ဦးဆောင်ပြီး လှူဒါန်းခြင်း ဖြစ်ပါသည်။

 

သီတဂူ ဆရာတော်ကြီးနှင့် မြတောင် ဆရာတော် ဘုရားကြီး ဆေးရုံ ကိစ္စ ဆွေးနွေးတိုင်ပင် နေကြပုံ။

 

 

ဆောက်လက်စ လုပ်ငန်းခွင်

 

 

 

 

 

 

 

အထက်မှ ပုံတွင် မြင်တွေ့ရသည့်အတိုင်း အဆောက်အအုံ လိုအပ်ချက်ကတော့ တခါဖြည့်ရင် ပြည့်နိုင်ပေမဲ့ ဆေးဝါး ကုသရေး အတွက် လိုအပ်ချက်က အမြဲ လိုအပ်ဖြစ်နေအုန်းမှာပါပဲလို့ မြင်မိပါတယ်။

ရှေးယခင်ကတော့ ရွာနေ လူများ မကျန်းမမာ ဖြစ်တဲ့ အခါ ပန်းတနော် ဆေးရုံကို အားကိုးရပါတယ်။

စရိတ်မျှပေး ဆေးရုံ ဖြစ်တဲ့ အတွက် မပြည့်စုံမှုတွေ များလာတဲ့ အခါ ရောဂါကြီးကြီး ဖြစ်ချိန်မှာတော့ ရန်ကုန် ဆေးရုံကြီးကို လွဲပြောင်းပေးရပါတယ်။

ရွာနေ လူများ အနေနှင့် ပထမ အားကိုးရာ ဖြစ်တဲ့ ပန်းတနော် ဆေးရုံကို သွားဖို့ အတွက် အချိန် ပေးဆပ်မှု (ဝေဒနာ တောင့်ခံရခြင်း) ၊ ငွေပေးဆပ်မှု စတာတွေကို ပေးဆပ်နိုင်မှ ဆေးရုံကို ရောက်ရမှာ ဖြစ်ပါတယ်။ ထိုမှ တဆင့် ရန်ကုန် ဆေးရုံကြီးသို့ လွဲပြောင်းပေးမယ် ဆိုလျှင် ပိုမို ကြီးမားတဲ့ ပေးဆပ်မှုကို ဆက်လက် ပေးရပါတော့မယ်။ ထို့ကြောင့် မြတောင် ဆရာတော် ဘုရား၏ စိတ်အကြံ အတိုင်း ဖြစ်မြောက်စေရန် အတွက် သီတဂူ ဆရာတော်ကြီးမှ အဆောက်အအုံ၊ နည်းပညာ နှင့် ပစ္စည်း ကိရိယာများ အထောက်အပံ့ ခြင်းဖြင့် သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

 

တောရွာနေ လူထု အနေနှင့် ဆေးရုံ ဆေးခန်း ဝေးတဲ့ အခါ သွားလာရ မဖြောင့်ဖြူးခြင်းနှင့် ဆေးရုံတွက် ကုသလျှင် ကုန်ကျစရိတ် များမှာ စိုးရိမ်သည် ဆိုသည့် အယူအဆကြောင့် ဆေးရုံ ကို မသွားပဲ နီးစပ်ရာ ဆေးမြီးတိုများဖြင့် ကုသ ခြင်းများကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားသော လူပေါင်းများစွာ ရှိပါသည်။

ထို အစုကြီး ကျေးရွာ သည် ပန်းတနော် မြို့နှင့် အတန်ငယ် ဝေးကွာသော်ငြား ထိုဆေးရုံ တည်ရှိသည့် နေရာသည် ရွာပေါင်းများစွာမှ လူများ အားကိုးရာ ဖြစ်နိုင်သည့် အပြင် အခမဲ့ ဆေးဝါး ဒါန အဖြစ် ကုသပေးမှာ ဖြစ်တဲ့ အတွက် နောင် အနာဂတ်တွင် ထွန်းလင်းတောက်ပလာမည့် ကြယ်ပွင့် လေးများနှင့် တူသော မျိုးဆက်သစ် ကလေးငယ်များ သားကောင်း မိခင်များ သက်ကြီးရွယ်အို ကျားမ တို့၏ အသက်ပေါင်းများစွာ ကိုလည်း ထိုဆေးရုံကြီးမှ ကူညီ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

 

ဆေးရုံ မှ ဆေးဝါး အခမဲ့ ကုသပေးခြင်းသည် ဘာသာရေး လုပ်ငန်း မဟုတ်ပဲ ပရဟိတ လုပ်ငန်း သီးသန့် ဖြစ်သည့် အတွက် လူမျိုး ဘာသာ မရွေး အယုတ်အလတ် အမြတ်မရွေး အားလုံးကို တန်းတူ ကုသပေးမှာ ဖြစ်ပါသည်။

 

အလှူခံခြင်း

MG မှ ရွာသူားများ ကိုလည်း ထိုဆေးရုံကြီး မှ ကယ်တင်နိုင်မည့် အသက်ပေါင်း များစွာ ဆက်ပေးမည့် ဆေးဝါး ဒါန အတွက် အလှူခံချင်ပါသည်။

ဆူး တို့ လူသားတွေ အသက်ရှင်သမျှ ကာလာ ပတ်လုံး အနည်းဆုံးတော့ နှာစေး ချောင်းဆိုးတော့ ဖြစ်ဖူးကြမှာပါ။ မဖြစ်ဖူးသော လူလည်း ရှိကောင်း ရှိပါလိမ့်မည်။ ထိုသူသည် အလွန်ကံထူးသူ ဖြစ်ပါလိမ့်မည်။

 

ကျန်းမာရေးသည် လာဘ်တပါး ဆိုတဲ့ အတိုင်း ကျန်းမာခြင်းရဲ့ အကျိုးကျေးဇူးကိုတော့ နာမကျန်း ဖြစ်တဲ့ အခါ ပိုပြီး သိသာ လာပါလိမ့်မည်။

 

ထို့ကြောင့် ဆူး ရဲ့ ဒုတိယ မိသားစု လို ဖြစ်နေတဲ့ ဂေဇတ်မှ ရွာသူရွာသား များကိုလည်း ကိုယ်တိုင် လှူသလို ရွာသူ ရွာသားများကိုလည်း အလှူမှာ ပူးပေါင်းပြီး ပါဝင်စေချင်ပါတယ်။ နှမ်းတစေ့ဖြင့် ဆီ မဖြစ်နိုင်ပေမဲ့ နှမ်းစေ့ပေါင်း များစွာ ကတော့ ဆီဖြစ်လာပါလိမ့်မယ်။ ထိုကြောင့် သီတဂူ သုမေဓာ ဆေးရုံကြီး အတွက် မိမိတို့ လုပ်အားဖြင့် နေ့စဉ် ရှာဖွေ ထားတဲ့ ဖြူစင်သော ငွေကြေးများထဲမှ ဆန္ဒရှိသလောက် လှူဒါန်းကြပါစေလိုပါတယ်။

ပွင့်သော ပန်းကလေးများ အချိန်မတန်ခင် ညိုးနွမ်း ခြောက်သွေ့မသွားအောင် ရေလောင်းပေးနေသော ဥယျာဉ်မှူး အတွက် ရေပေး သကဲ့သို့

ကြင်နာမှု မေတ္တာ ဂရုဏာ တရားဖြင့် ပြီးပြည့်စုံသော လောကကြီး ဖြစ်စေဖို့

အားလုံး တူညီ လက်တွဲပြီး ဆေးရုံ အတွက် ဆေးဒါန ဖြည့်ဆည်းပေးကြပါစို့

လို့ တိုက်တွန်းချင်ပါတယ်။

 

အစီအစဉ်

ဆေးရုံကို ရွာသူ ရွာသားများ တူတူ သွားရောက် လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

ရန်ကုန် ပန်းတနော် နေ့ချင်းပြန် ခရီး ဖြစ်သည့် အားလျှော်စွာ ကိုယ်ပိုင် ကားများဖြင့် ကူညီ လိုက်ပါမည် ဆိုလျှင်လည်း ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အလှူ ကို ကိုယ်တိုင် လိုက်ပါချင်သူများ အဆင်ပြေပြေ လိုက်ပါနိုင်ရန် ခရီးစဉ် အခက်အခဲ မရှိ သွားလာနိုင်ရန် စာရင်းများ ကြိုတင်ပေးဖို့ နိုးဆော်ပါတယ်။

အသွားအပြန် လမ်းစရိတ်ငြိမ်း နှင့် နေ့လည် ထမင်းကို ဘုန်းကြီးကျောင်းတွင် သုံးဆောင်ရပါမည်။

ရွာသူ ရွာသားများ ပန်းတနော် ထွက်ကုန်များ လေ့လာ ဝယ်ယူနိုင်ရန် အချိန်ပေးပါမည်။

 

နေ့ရက်

မေလ ၁ရက်နေ့ (အင်္ဂါနေ့) [ မေဒေးနေ့ ] ဖြစ်ပါသည်။

မနက် ၆နာရီခွဲ စုရပ်မှ ထွက်ခွာမည် ဖြစ်ပါသည်။ နောက်ကျလျှင် နေပြင်းသည့် အတွက် အပူဒဏ် ခံရသက်သာ စေရန်အတွက် အားလုံး မနောက်ကျ စေရန် တိုက်တွန်းပါသည်။

မှတ်ချက်။   ။ ရက်သတ်မှတ်ခြင်းသည် ယာယီ ဖြစ်သဖြင့် အနားနီးလျှင် သေချာ ကြေညာပေးပါမည်။

 

အလှူ အတွက် အလှူငွေ ကောက်ခံရန်

ရန်ကုန်

မမ (MG)  – *****************

ဆူး (MG) – ************

 

မန္တလေး

ကိုပေါက် (မန္တလေး) (MG) – ***********

 

 

ပထမ စာမျက်နှာမှာ ရှိတဲ့ ကွန်မန်းများ ဖတ်ချင်လျှင် အောက်ပါ လင့်အတိုင်း သွားကြည့်နိင်ပါသည်။
https://myanmargazette.net/107492/health-fitness/comment-page-1#comment-178083

286 comments

  • unclegyi1974

    March 12, 2012 at 10:28 pm

    ဘတို့တော့မလိုက်နိုင်ပါဘူး
    အလှူငွေတော့ထည့်လိုက်ပါ့မယ်
    သာဓုခေါ်နေပါ့မယ်
    စားတဲ့အချိန်ဘအတွက်ပိုစားခဲ့နော်ဆူး

  • ဒို့လိုက်လိုက်မယ် ချန်မထားနဲ့
    အားလုံးသွားတော့ ပျင်းလှတယ်။
    ကျောင်းကြီးပေါ်မှာ မောင်မဆော့ပါ။
    ကြွေးသမျှစားပြီးအိပ်ပါမယ်။
    လိုက်မယ် လိုက်မယ်

    • ဆူး

      March 13, 2012 at 9:24 am

      မဒမ်ပေါက် ကို ချန် ထားခဲ့လို့ မဖြစ်နိုင်တဲ့ ပွဲပါကွယ်.. (ကိုပေါက်)
      သွားမယ် သွားမယ် တူတူ သွားပါမယ် (ကိုပေါက်)
      လိုက်ရမယ် လိုက်ရမယ်.. (မဒမ်ပေါက်)

  • Thel Nu Aye

    March 13, 2012 at 8:19 am

    ကောင်းမွန်သောအလှုအတွက်ပိုစ့်မှာဘယ့်နှယ်လုပ်ရဲရဲတောက်နေရတာတုန်း။ ဘယ်သူတွေကများဘယ်လို အကြောင်းနဲ့နီနေရတာလဲ။ နားမလည်ပါ။

  • Shwe Tike Soe

    March 13, 2012 at 8:59 am

    ဟုတ်ပဗျာ မကူညီချင်နေပါ မနှောက်ယှက်ကြပါနဲ.ဗျာ… မကြိုက်ရင်လဲ တခြားပို.စ်မှာလုပ်ကြပါလို. မေတ္တာရပ်ခံပါတယ်ဗျာ..
    အခုတော့ ကျွန်တော် အနီပျောက်အောင် လိုက်လုပ်လိုက်ပါပြီ…
    ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုတို.အစ်မတို.ညီလေးညီမလေးတို.ရေ.. အဲလိုမလုပ်ကောင်းပါဘူးနော်…
    မကျေနပ်ရင် မလှူနဲ. မလိုက်နဲ.ပေါ့ဗျာ…
    ကျေးဇူးတင်ပါတယ်.. 😀 😀 😀

    • inz@ghi

      March 13, 2012 at 9:09 am

      အဟတ်….
      ဒီမိုသဂျီးရဲ့ ရွာဂျီးကတော့ ….
      ကြိုက်တာရေး နီစေရမယ်…..

      ကျုပ်လို မထော်မနန်း ပေါက်ပန်းလေးဆယ် ရေးတဲ့ကောင်
      နီတာ တော့ ထားပါတော့ …အကောင်းရေးတဲ့လူတွေလည်း
      နီလို့နီ … ဟုတ်တော့ ဟုတ်နေဘာဘီ ….

      သဂျီးမှာဘဲ တာဝန်ရှိတယ်…
      (ချိုင်ချိုင် မချိုင်ချိုင်အေ…)

      အကောင်း ရွက်ဂျီစထွာ လုပ်ရေးနေတဲ့ မန်ဘာကျ…
      ကောမန့် ပုံထည့်ခွင့်မပေးဘူး …..
      ဘယ်ကမှန်းမသိတဲ့ …ခွန်နှထောင် ကျတော့ …
      အသားလွတ် (ပလိန်း) ဗြောင် နောက်ကျော ဓါးထိုးခွင့် ပေးထားတယ်….

      ဂလိုပြောရင် ..မေဂျာရတီ ရူးလ် တွေဘာတွေ ရွတ်ဦးမလား မသိ…..
      ချဉ်ထှာအေ …..

  • amatmin

    March 13, 2012 at 9:07 am

    ဒီရွာသူားတွေက သူတို့နီလေလေ ပိုညီညွတ်လေဖြစ်သွားတာ ခမျာလေးတို့ ခုထိမသိရှာသေးဘူးထင်တယ်.. 😛 😛

  • ahnyartamar

    March 13, 2012 at 9:23 am

    Hi Ma Ma,
    Thank you so much……..I do my best & I’ve no coloring between human being, even we didn’t see each others, I’m fully respect & like closed friends to all of MG members.

  • PEACEMAKER

    March 13, 2012 at 9:32 am

    မေဒေးနေ့ဆိုရင်တော့ မမီဘူး။ ၁ပတ်လောက်နောက်ဆုတ်ပြီးလုပ်ရင် သိပ်ကောင်းမှာပဲ။

  • ahnyartamar

    March 13, 2012 at 9:37 am

    Hi ဆူး……….
    Thank you for remember me but it is not my sign board. I don’t want to miss anyone.

  • သူရဇော်

    March 13, 2012 at 9:59 am

    အစ်မဆူးရေ သားသား သူရဇော် လိုက်ဖြစ်အောင် လိုက်ပါမည်ခင်ဗျာလို့………… သားသားရဲ့ သား အကြီးကောင် ဖက်ကပ်နဲ့ အငယ်ကောင် ရွှေတိုက်တို့က စိတ်မချရဘူးလေ ဟီး………………. သားသား လဲလိုက်မယ်ဗျို့………အလှူငွေကတော မမဆူးကို ပြောထားပြီးပါပီ………
    သံချပ်လေးနဲ့အားပေးလိုက်ပါတယ်…….

    ဝမ်းမြောက်ဝမ်းသာ ပျော်ရွှင်စွာ —– သီတဂူအလှူသွားစို့သွားစို့
    သွားလမ်းခရီးမှာ ပျော်ရွှင်စွာ —– ဂေဇက်ရွာကြီး လှလို့ ပလို့
    သိတော့ဝူးအေ

    • ဆူး

      March 13, 2012 at 10:23 am

      စာရင်းသွင်း ပြီးကြောင်းပါ။
      သံချပ် ရှည်ရှည် ရေးပြီး ဆေးရုံ အပေါက်ဝမှာ အော်ကြပါလား။

    • MaMa

      March 13, 2012 at 10:25 am

      ပြည်သူ့ရင်ပြင်တရားပွဲလုပ်တုန်းက ရွှေတိဂုံအတွက် ရေးစပ်ထားတဲ့ သံချပ်တစ်ပုဒ် (ဘယ်သူရေးတာလည်းတော့ မသိတော့ဘူး။) ကို တရားပွဲအသိမ်းမှာ ဆိုကြတယ်။
      နားထောင်ရတာ ပျော်ဖို့ကောင်းသား။
      သူရဇော်တို့ သားအဖတတွေ (သားကြီး ဖက်ကပ်၊ သားငယ် ရွှေတိုက် အပြင် သားလတ်၊ သားပိစိ တွေလည်း ပါရင်ရသေးတယ်) ရဲ့ သံချပ်လေးလည်း သီတဂူသုမေဓာ အစုကြီးဆေးရုံ အလှူအပြီးမှာ နားထောင်ရရင် ပိုပြီး ပြည့်စုံကောင်းမွန်သွားလိမ့်မယ်ထင်တယ်။ 😀

  • inz@ghi

    March 13, 2012 at 10:40 am

    တဖြည်းဖြည်းတော့ တက်လာဘီ …
    စိုးရိမ်စိတ်….
    😀
    သံချပ်ပါ ရွက်ဦးမတဲ့လားကွယ်…
    ပင်နီလေးဒွေပါ ဝတ်ခဲ့ကြပါလား ..အာဟိ……..

    ဒီခေတ်ကြီး …မစီးရတဲ့ ရထား ..ခဲနဲ့ ထု တဲ့ကောင်တွေပေါဘာသဘိနဲ့…
    အသာလုပ်ကြပါကွယ်ဒို့ …..

    သများကတော့ တက်ကယ်နက်ခ် အစိမ်းရောင်တစ်ထည်နဲ့ …
    ကာကီဘောင်းဘီ ၁ထည်ဆို ဥတုဘောဇန မျှတပီမို့ …ခိခိ…

    • ဆူး

      March 13, 2012 at 11:01 am

      လူညီရင် ဘာမဆို လုပ်လို့ ရတာပဲဟာ.. လုပ်ကြပါစေကွယ်.. ဆန္ဒရှိတာလေးတွေ..

  • သူရဇော်

    March 13, 2012 at 12:16 pm

    ဒါနဲ့ အားမရတာတစ်ခုကဗျာ အလှုလုပ်ဖို့ တင်ထားတဲ့ ပို့စ်ထဲမှာတောင် လိုက်နီနေတာ ဘယ်သူလဲဗျာ… မလိုလားရင်လဲ မဖတ်နဲ့ပေါ့ဗျာ………. မိန်းမလို မိန်းမရ လိုက်နီနေတာတော့ကောင်းဘူးဗျာ……… သတ္တိရှိရင် ပေါ်တင်ထွက်ချဲဗျာ
    မကူညီရင်နေ မနှောင့်ယှက်စေချင်ဘူး………. မေတ္တာရပ်ခံတာနော်……… ဒေါသလည်း ရှေ့ထားတတ်သဗျ……………ဂါးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • blackchaw

    March 13, 2012 at 1:33 pm

    ကျွန်တော်လည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ပြီး
    တတ်နိုင်သလောက် လှူဒါန်းပါဝင် သွားမည် ဖြစ်ပါကြောင်း။
    ကွန်းမန့်ရေးတာ နောက်ကျနေတဲ့အတွက်လည်း
    အနူးအညွတ်တောင်းပန်ပါကြောင်းးးးးးးးးးးးးးးးးး။။။။
    😀 😀 😀

    • inz@ghi

      March 13, 2012 at 1:40 pm

      သူလည်းပါလာပြီကိုးးးးးးးးးးးးးးးးးးးးးးးးး
      ဘယ်ပျောက်နေသလဲ မေးဦးမလို့ရယ်……………
      ကောင်းလေစွတကားးးးးးးးးးးးးးးးးးးးးးးးး
      😀

    • ဆူး

      March 13, 2012 at 2:16 pm

      စောတယ် နောက်ကျတယ် မရှိပါဘူး။ အလှူပွဲကြီး မပြီးဆုံးသေးတဲ့ အတွက် အနူးအညွတ်တောင်းပန်ခြင်းသည် အလွန်စောလွန်းလှပါတယ်။ ဒါကြောင့် ပြန်ရုတ်သိမ်းသင့်ပါတယ်။ 😉 😉

      တစ်စုတစ်ဝေးတည်း အားလုံး ပါဝင်နိုင်ခြင်း အတွက် ကြိုဆိုပါတယ်။

    • MaMa

      March 13, 2012 at 5:51 pm

      ကိုချောရေ-
      ကိုပေါက်ကို မှီအောင်လိုက်နော်။
      မဒမ်ချောကို မမြင်ဖူးသေးဘူး။
      ရွာ့ယောင်းမကိုလည်း မြင်ဖူးချင်ပါတယ်။ 😀

  • char too lan

    March 13, 2012 at 2:22 pm

    ဝင်မရ ထွက်မရ အယ်ရာချည်းပြပြနေတာ ဘာသဘောပါလိမ့်
    အတင်းနင်းဖြဲဝင်လို့ရကာမှ အပိုင်နှက်လိုက်မဟဲ့…. ဒီအလှူစာရင်း
    နာ့နာမည့်လဲသွင်းပေးပါအုံးးးးးလို့…
    လှူမလို့ဂျို……… လှူဂျင်ရို ့………… 🙂
    အနားနီးလာရင် အီးမဲနဲ့အကြောင်းကြားပါအုံးနော်

    • ဆူး

      March 13, 2012 at 5:46 pm

      အလှူကတော့ လက်ခံ စာရင်းပဲ တင်ပေးတာမို့..
      လိုက်ပါ စာရင်းမှာ ထည့်သွင်းပေးထားရမလား။

    • Shwe Tike Soe

      March 16, 2012 at 1:59 pm

      အေးအေး ချာချာရေ အလှူနီးလာရင် အီးထုပ် ပို.လိုက်မယ်နော်.. ခွိခွိ 😀

  • ရွှေဘိုသား

    March 13, 2012 at 5:03 pm

    ကျနော်လည်းလိုက်ပါရစေ မ ရေ
    ကျနော်လည်းလိုက်မယ် ချန်မထားနဲ့နော်
    လှူဖို့ပိုက်ဆံကို အိမ်ကမိန်းမအကုန်မပေးတော့ဘဲ
    ကြိုပြီးစုထားအုံးမယ် ဂယ်လိုက်ချင်လို့နော် လေ့လာရေးအနေနဲ့ရော မရောက်ဖူးလို့

    • ဆူး

      March 13, 2012 at 5:57 pm

      ရွှေဘိုသား ရေ လိုက်ပါ စာရင်း ထည့်သွင်းလိုက်ပြီနော်..

  • ရွှေဘိုသား

    March 13, 2012 at 5:06 pm

    ကိုသူရဇော် စိတ်လျှော့ပါဗျာ ဘယ်သူလုပ်ထားသလဲတော့မသိဘူး အလှူပို့စ်မှာ မနီစေချင်လို့ စေတနာရှေ့ထားပြီး ကျနော်ရွှေဘိုသားကပြန်စိမ်းလိုက်ပါတယ်။

  • kyawtheinmyint 23

    March 13, 2012 at 8:46 pm

    သူငယ်ချင်း တညင်သားရေ ပေးထားတဲ့ ဖုံးနံပါတ်ကို ဆက်သွယ်ပေးပါ(၀၁၀-၂၇၇၃-၃၃၇၉)

  • bigchef

    March 14, 2012 at 5:48 am

    မဆူးေ ရ ကျွန်တော့ အ မ phone ဆက် ရင် လှူငွေသွားယူပေး လို့ ရ ပါ မလားခင်ဗျာ။ဗဟိုစည်တင်ပါ။မဆူး phone နံပတ်တော့ပေး လိုက် ပြီ။20000ကျပ်လှူ ပါတယ်ခင်ဗျာ။

    • ဆူး

      March 14, 2012 at 9:43 am

      ဖုန်းဆက်လာပါတယ်။
      အလှူငွေ သွားယူပြီးရင်တော့ ဖိုရမ်မှာ အလှူငွေ စာရင်းတရားဝင် တင်ပေးထားပါမည်။

  • ဆူး

    March 14, 2012 at 1:32 pm

    ခရီးစဉ် အတွက် လူအများစုသွားနိုင်ရန် အတွက်
    ဧပြီလ ၂၆ရက်နေ့ ကြာသပတေးနေ့ နောက်ဆုံး ထားပြီး လိုက်ပါသူ စာရင်းနဲ့ စုရပ်မှတ်တိုင်တွေ ညှိနိုင်းမှာ ဖြစ်ပါတယ်။ လိုက်ပါသူ လူစာရင်းလည်း ဧပြီ ၂၆မှာ ပိတ်မှာ ဖြစ်ပါတယ်။ ယခု စာရင်းပေးထားသူများသည်လည်း အနားနီးလျှင် ထပ်ပြီး သေချာကြောင်း အကြောင်းထပ်ကြားပေးပါ။

    အလှူငွေစာရင်းကိုတော့ ဧပြီ ၂၉ မှာ ပိတ်မှာ ဖြစ်ပါတယ်။
    ဆန္ဒရှိသူများ ၂၉ရက် မတိုင်ခင်မှာ အပြီး လာလှူကြဖို့ တိုက်တွန်းပါတယ်။

  • ရွှေဘိုသား

    March 14, 2012 at 6:11 pm

    မမဆူးရေ ကျနော်ကတော့ သင်္ကြန်မှာဦးဇင်းဝတ်ပြီး ကုသိုလ်ယူမယ်လို့ စိတ်ကူးထားတာ အခုဒီပို့စ်တွေ့တဲ့နေ့ရစပြီး စိတ်ကူးပြောင်းသွားပြီ သင်္ကြန်ကိုအပြတ်ကဲပြီး မေလအလှူသွားလုပ်မဲ့နေ့ကျမှ ကုသိုလ်ယူတော့မယ် တော်ကြာ ကတုံး နဲ့လာရင် လေးဖြူနဲ့မှားပြီး အော်တို ထိုုးခိုင်းနေကြအုံးမှာ ရွာသူတွေက ကြိုတင်ကာကွယ်ထားရမှာ

    • ဆူး

      March 15, 2012 at 10:11 am

      အလှူကတော့ လိုက်ခဲ့ပါ။
      သင်္ကြန်မှာ ဘုန်းကြီးဝတ်တာလည်း ကောင်းပါတယ်။ ရေမစိုပေမဲ့ လူအေးချမ်းပါတယ်။
      ရေပက်ခံထွက်ရင် မထင်မှတ်ထားတဲ့ ခိုက်ရန်တွေလည်း ဖြစ်နိုင်တယ်လေ။
      ကုသိုလ် လုပ်တယ် ဆိုတာ ပိုတယ် မရှိပါဘူး မောင်လေးရယ်..
      လူတိုင်းက နေ့တိုင်း အကုသိုလ်ကင်းပြီးနေလို့မှ မရတာ.. ရခဲ့လှတဲ့ လူ့ဘဝမှ လူဖြစ်တဲ့ အခိုက်အတန့် သာသနာနဲ့ ကြုံကြိုက်တဲ့အခါလည်းဖြစ် အမျိုးကောင်းသားလည်း ဖြစ်နေတာပဲ ကံတရားက အဖက်ဖက်က ပြည့်စုံအောင် အထောက်အပံ့ပေးနေတာပဲ မောင်လေး ဘုန်းကြီးဝတ်တဲ့ ကိစ္စကိုတော့ မစွန့်လွတ်ပါနဲ့။ နဂိုရှိမှ နဂိုဏ်းထွက်မှာမို့ မောင်လေး အဆင်းလှလှ မလှလှ စိတ်လှဖို့သာ လိုပါတယ် မောင်လေးရယ် ကတုံးလည်း လိုက်လည်း မဆူး တို့ ကြိုဆိုပါတယ်။
      ရည်ရွယ်ချက်တွေ လက်မလျော့စေချင်ဘူး။

  • bigchef

    March 14, 2012 at 8:02 pm

    အလှူငွေ သွားရောက် ယူပေး တဲ့အ တွက်ကျေးဇူးပါ။ မဆူးရေ ကျွန်တော်က big chef ပါ.big chief မဟုတ်ပါ ခင်ဗျား။

    • ဆူး

      March 15, 2012 at 10:01 am

      ဟုတ်ကဲ့ ပြင်လိုက်ပါမယ်။
      အမှတ်တမဲ့ မှားယွင်းသွားတယ်လို့ သဘောထားပြီး ခွင့်လွတ်ပေးပါနော်။

  • akswe

    March 14, 2012 at 9:50 pm

    ဆူးရေ….
    အလုပ်များတာကြောင့် ရွာထဲလည်းမရောက် ရွာပြင်ကနေပဲ ခြံစည်းရိုးလေးဖြဲကြည့်
    တစ်ခါတစ်လေလည်း ရွာလယ်လမ်းက ဒုန်းစိုင်းဖြတ်ပြီး စိန်ပေါက်တို့ ဖရဲတို့ အံစာတို့ ရွှေတိုက်တို့ရဲ့ ခြံတွေထဲအလစ်ချောင်း
    ပြီးကိုပေါက် ရဲ့ဓါတ်ပုံဆိုင်ရှေ့ က ပတ် ပွရှ်ရဲ့ ပန်းခင်း ကို ချွတ်နင်းဝင် မဝေရဲ့ ချောင်းထဲ က မျှောချ ပြီး တီနုဆီမှာ
    အတန်းဝင်တက် အရေးထဲ နိုင်ငံစုံ သရဲတွေ ကလည်း ခြောက် ကြောက်ပါတယ်ဆိုမှ ကိုကြောင်ကြီး က လောင်းမလားဆိုပြီး
    အတင်း မေး မန်ဘာစာရင်းမှာလည်း အပြေးအလွှားသွားပေး ခဲ့ရတယ်…..မျက်ခြေ မပြတ် အောင်တောင် မနဲကြိုးစားနေ ရတော့
    …. အဘဆွေ မန်ဘာတွေ တွေ့ဆုံပွဲလည်းမတက်ခဲ့ရဘူး….
    အီးတုန်းလေး ဦးဆောင်ပြီး နာရေး ကူညီမှု အသင်း အလှူလုပ်တုန်းကလည်း မပါလိုက်ရဘူး…
    ဟိုဟာလည်း…….ပါလိုက်ရဘူး…..
    ဒီဟာလည်း………ပါလိုက်ရဘူး…….
    ဒီတစ်ခါတော့ မလွတ်ပါရစေနဲ.တော.
    ကိုယ်တိုင်လိုက်ဘို့ ကတော့ ဘယ်လို မှ မဖြစ်နိုင်ပေမယ့် အလှူငွေတော့ မရောက် ရောက် အောင် ပို့မယ် နော်..
    အားလုံး နတ်ပြည် တက်သွား လို့ တစ်ယောက်တည်း ကျန်နေခဲ့ရင်ပျင်းစရာကြီး ( ပြန်လိုက်ခေါ်မှာ)
    အဲ..အဲ အမီလိုက်မှာပေါ့ နော်..

    • ဆူး

      March 15, 2012 at 10:13 am

      နတ်ပြည်မှာ ထိုင်ခုံ တစ်နေရာစာ လွတ်အောင် ကြိုပြောထားပေးမယ်နော်။
      အဘဆွေရဲ့ အလှူကို စိတ်ဝင်စားမှု ကိုသိရတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။

  • ကြောင် လတ်လေး

    March 15, 2012 at 6:57 am

    ကျနော်လည်း နယ်ကနေလှူပါမယ်။ အိတုန်ဦးဆောင်တဲ့နာရေးအလှူတုန်းကလို ငွေလိုက်ထုတ်ပေးမဲ့အစီအစဉ်များရှိပါသလားခင်ဗျာ။ ဟိုတုန်းကတော့ ရွှေတိုက်စိုးသွားထုတ်ပေးပါတယ်၊ ကျေးဇူးပါရွှေတိုက်ရေ။

    • ဆူး

      March 15, 2012 at 10:16 am

      ငွေထုတ်ပေးမဲ့ သူရှိပါတယ်။
      ဖုန်းသာ ဆက်သွယ်လိုက်ပါ။ လိုအပ်တဲ့ အချက်အလက်များကို ဖုန်းမှာပဲ ပြောပေးပါ့မယ်။

    • etone

      March 15, 2012 at 11:47 am

      ဦးကြောင်လေးရေ … အဲ့ဒီတုန်းက ပိုက်ဆံလိုက်ထုတ်ပေးတာ .. အီးတီလေးပါ … ရွှေတိုက်မဟုတ်ပါဘူး … အဲ့ဒီအချိန် ရွှေတိုက်က .. လေးပေါက်နဲ့အတူ မန်းလေးမှာ … ကူညီပြီး ပိုက်ဆံလိုက်ကောက်ပေးနေတာပါ … ။

  • inz@ghi

    March 15, 2012 at 7:25 am

    ဇဂါးမစပ် …သဂျီးပြောတဲ့ ဟိုပါတီကို လှူမယ့် ကိစ္စက လီဒါမရှိလို့ ပျက်သွားပလား ….
    ပျက်သွားပြီဆိုလည်းပြော …အဲ့ဘက် လှူမယ့် ပိုက်ပိုက် ဒီဘက်ပြောင်းလှူလို့ ရတာပေါ့…
    😀

    • ဆူး

      March 15, 2012 at 10:17 am

      မျောက် ၃ကောင် ပေါင်းမှ သဂျီးတစ်ယောက် ဖြစ်တာပါ။
      မျောက် ၃ကောင် ပုံကိုတော့ သဂျီး ကွန်မန်းထဲမှာ တင်ဖူးပါတယ်။
      မေ့နေမှာစိုးလို့ အစဖော်ပေးလိုက်တယ်။
      မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် မျောက်သုံးကောင်ပါ။

      • inz@ghi

        March 15, 2012 at 10:26 am

        mizaru
        kikazaru
        iwazaru
        ဆိုတဲ့ ၃ကောင်ပါ …
        see no evil, hear no evil, speak no evil
        ပါ….
        ၃ကောင်ပေါင်း ရင် shizaru ဖြစ်ပါတယ်..
        do no evil ပါ…
        သဂျီးက ပုံတင်ခွင့်မပေးတော့
        လင့်ပဲ ပေးလိုက်ပါတယ်…အာဟိ
        http://ja.wikipedia.org/wiki/%E4%B8%89%E7%8C%BF

        • ဆူး

          March 15, 2012 at 10:57 am

          သဂျီး ဦးနှောက်သည် ဦးနှောက် ၃လုံး စာနဲ့ ညီသည်လို့ ပြောချင်တာလား။
          ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိဇာဂီ ရယ်…
          သဂျီး ဦးနှောက်သည် ၃ဆ ကြီးသည် ဆိုတော့.. ဂုဏ်ယူစရာပေါ့
          မျောက် ဦးနှောက် ဆိုတော့ စိတ်မကောင်းလိုက်တာ..

          စိတ်မကောင်းလွန်းလို့ ရွာထဲမှာ အလှူလုပ်ရင် သဂျီးဖလ ကို အမျှဝေပေးမယ်နော်။
          အနိစ္စ ဒုက္ခ အနတ္တ.. အဲဟုတ်ပါဘူး.. အမျှ အမျှ

  • စုံ စုံ

    March 15, 2012 at 9:53 am

    ဆူးရေ အခုမှပို့စ်နဲ့မန်းထားတာတွေသေချာဖတ်မိတယ်
    ရွာသူားစုံစုံလင်လင်နဲ့ပျော်စရာအလှူတခုဖြစ်မှာသေချာသိနေတယ်
    အရမ်းလိုက်ချင်ပေမယ့် လိုက်လို့မရနိုင်တဲ့အနေအထားဆိုတော့
    စိတ်ကူးနဲ့ဘဲလိုက်ခဲ့တော့မယ်
    လှူမယ့်ငွေကိုတော့ နွယ်ပင်ကတဆင့်ဆက်သွယ်လိုက်မယ်နော်

    • ဆူး

      March 15, 2012 at 10:19 am

      ရပါတယ် အဆင်ပြေသလိုသာ လုပ်ပါ။ အချင်းချင်းလည်း သိနေကြတာပဲ.. အမှန်တော့ အားလုံးကို တပျော်တပါး လိုက်စေချင်တယ်။
      မလိုက်နိုင်တဲ့ အကြောင်းကို သိထားတဲ့ အတွက် အတင်းကြီး မခေါ်တော့ပါဘူးနော်။
      နောက်တော့ ပုံတွေကို သာ အားရပါးရ ကြည့်နိုင်ပါလိမ့်မယ်။

  • ရွှေဘိုသား

    March 15, 2012 at 5:57 pm

    မမဆူးကတော့ မန်းသမျှရွာသူရွာသားတွေကို တစ်ယောက်မကျန်ပြန်ရှင်းပြနေတာ စိတ်အားထက်သန်ကြောင်း ပေါ်လွင်တယ်ဗျို့

  • Gipsy

    March 15, 2012 at 6:10 pm

    စိတ်အရမ်းပါတဲ့ အလှူ မို့ အမြန်ပြေးလာပြီး ညီမငယ်ဆူးထံပါး အလှူငွေ အပ်နှံပြီးပါပြီ…၊
    စိတ်ထဲမယ် ပီတိ ဖြစ်မိပါတယ်… ၊ တတ်နိုင် ခွန်အားရှိသလောက် လှူတန်းခွင့်ရရှိတဲ့
    အတွက် မမ နဲ့ ညီမငယ် ဆူး ကို ကျေးဇူးတင်ရှိပါကြောင်း….။
    နောင်များလဲ အခွင့်သာရင် သာသလို တတ်နိုင်ခွန်အား နဲ့ ကုသိုလ် ယူပါ့မယ်ဗျား …။

    • MaMa

      March 15, 2012 at 9:14 pm

      ဝိုင်းဝန်းပါဝင်လှူဒါန်းတဲ့ Gipsy နဲ့ မီးမီးသော် တို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်းးးးးးးးးး 🙂

      • အမလေး. မမရေ မီးမီးသော်တဲ့။ကျနော် လဲခုလိုဝင်ရောက်ပြီး နိုင်သလောက်လေး
        လှူခွင့်ရလို ့ဝမ်းသာရပါတယ်။နောက်လဲ ခုထက်ပိုလှူနိုင်ဖို ့ရာဆုတောင်းပါ၏။
        ကျေးဇူးပါ ခင်မျာ။

    • ဆူး

      March 16, 2012 at 8:53 am

      အလှူငွေ စာရင်းကိုလည်း ဖိုရမ်မှာ ရရှိပြီးကြောင်း တင်ရှိပြီး ဖြစ်ပါသည်။
      လူမျိုးဘာသာ အသက်အရွယ် လူကြီး လူငယ်မရွေး ဖြူစင်စွာဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးနေတာမို့ တကယ်ကို ကြီးမြတ်တဲ့ အလှူကြီး ဖြစ်ပါတယ်။
      ကိုဂျစ်ပစီ ကြီးလည်း အလှူအကျိုးကို အပြည့်အဝ ခံစားရရှိပါစေ။
      အလှူကိုလည်း လိုက်နိုင်မယ်ဆိုလျှင် လိုက်ခဲ့ဖို့ ထပ်မံ ဖိတ်ကြားပါတယ်။

      • Gipsy

        March 16, 2012 at 9:27 am

        ဟုတ်ကဲ့ဗျ ….
        လိုုက်ပါလိုစိတ် အရမ်းကို ရှိနေပါတယ်….
        အခြေ အနေပေးရင် အပြေးလေး လာခဲ့ပါ့မယ်…
        ဆူး ညီမငယ် ပေးတဲ့ဆု ကိုရရှိအောင် အမြဲ ကျိုးစားနေမှာပါ …။

  • မန်းလေးကတော့ အလှူငွေစမကောက်သေးဘူးနော်။
    အေပရယ်လ တစ်ရက်နေ့မှ စကောက်ပေးပါမယ်။
    နောက်မှ ငွေဘယ်လိုလွှဲပေးရမယ်ဆိုတာကို ဆက်သွယ်ပါမယ်။
    မန်းလေးက အဖွဲ့တွေဆီကို စာသီးသန့်ပို့ပါအုံးမယ်နော်။
    ကောင်း၏။

  • surmi

    March 16, 2012 at 12:03 am

    ကိုပေါက်ရေ …
    ပဉ္စမဟာရဇ် ဓတ်ပုံအဖွဲ.တော.စုံဘောင်ခေါ်ခဲ.နော်
    ပုံတွေအားရပါးရကြည်.ချင်လို.။

  • inz@ghi

    March 16, 2012 at 10:14 am

    ဟုတ်ပါဘီ..
    နေစောင်းရင်သာ ဇိမ်ဖုံးဂျီးကို
    ဘာယီ ဖျော်ရည် ကပ်ဖို့ မမေ့နဲ့နော်……
    😀

    ခင်တဲ့
    ဂီ

    • ဆူး

      March 16, 2012 at 10:24 am

      တောမှာ ဘာယီ ဖျော်ရည် မရနိုင်တဲ့ အတွက် အငံရည်ပဲ ကပ်နိုင်ပါတယ်။
      ဇိမ်ဘုန်းကြီးဆိုတော့ အမှတ်အားကောင်းမယ် ထင်ပါတယ် ဒါကြောင့် မွေးရင် မွေးတယ် မှတ်ပြီး နံရင် နံတယ်သာ မှတ်ပြီး ဘုန်းပေးပါနော်။

    • MaMa

      March 16, 2012 at 8:31 pm

      ဇိမ်ဖုံးဂျီးကို ဈာန်ဘုန်းကြီး ဖြစ်အောင် အဲဒီဘုန်းကြီးကျောင်းမှာပဲ တခါတည်း ဇိကုပ်ပြီး နတ်ပြည်တင်ပေးလိုက်မယ်။ 😆

  • Uncle Lay

    March 16, 2012 at 11:18 am

    ” ပေးရတဲ့အရသာ ”
    လှူရတာကိုပျော်လေ နိဗ္ဗာန်နဲ့နီးလေ ယူရတာကိုပျော်လေ နိဗ္ဗာန်နဲ့ဝေးလေ..။
    မေတ္တာရှင်(ရွှေပြည်သာ)

  • Burmese or Chinese

    March 17, 2012 at 5:22 am

    လိုက်ချင်တယ် ဒါပေမဲ ့ Jun မှ ရန်ကုန် ရောက်မှာဆိုတော့ 🙁

    • ဆူး

      March 17, 2012 at 9:04 am

      တလ စောပြန်လိုက်.. လိုက်လို့ ရသွားပြီ။

      • Burmese or Chinese

        March 18, 2012 at 3:09 am

        ကျောင်းမပိတ်သေးဘူး 🙁

        • MaMa

          March 18, 2012 at 5:09 pm

          သနားထှာ 😆
          ကလေးမို့ နောက်တာပါ။
          နောက်ထပ်လည်း ရွာသူားတွေ တွေ့ဆုံနိုင်မယ့် အခြေအနေတွေ ပေါ်လာဦးမှာပါ။
          မပေါ်လာရင်လည်း အဘဖောလို ဘူဖေးကျွေးပြီး ဖိတ်လိုက်ရင် မငြင်းပါဘူး။ 😆

  • တညင်သား

    March 17, 2012 at 11:01 am

    ရွာတော်ရှင် ခင်ဗျား ကျွန်တော် နာမည်နဲ့ ဖုန်းနံပါတ်ပေး ဆက်သွယ်စေချင်သူကို ဖုန်းဆက်ကြည့်တော့ ခိုယီးရားက သူကြီးတို့အမျိုး ဖြစ်နေပါတယ် သူကလဲ အလှူမှာ တက်နိင်သလောက်လေး ပါဝင်ချင်တာကြောင့် ကူညီလိုက်ပါတယ်…
    ငွေလွဲ အခတ်အခဲကြောင့် လှူချင်သူများ ခိုယီးရားမှ သူကြီး အမျိုးတွေ ပါဝင်လှူတန်းချင်ရင် နဲသည်များသည် သဘောမထား ( ဝ၁ဝ ၈၆၇၂ ဝ၉၃ရ ) သို့ ဆက်သွယ် လှူတန်းနိင်ပါကြောင်း ထပ်လောင်းပြောကြားပေးပါခင်ဗျ…….

    စာကြွင်း…….အဖ မြန်မာပြည်တွင်းနေ အမျိုးသမီးများ အဆက်သွယ်ရ … 😛

    • ဆူး

      March 17, 2012 at 5:16 pm

      ငွေလွဲရန် အခက်အခဲ ရှိသူများ ကို တညင်သား ကို ဆက်သွယ်ပြီး ပေါင်းလွဲကာ လှူဒါန်းနိုင်ပါသည်။

  • ba gyi

    March 17, 2012 at 6:14 pm

    အိမ်း ကောင်းလေစွ၊ ကောင်းလေစွ၊ကောင်းလေစွ။
    ပန်းတနော် ရန်ကုန်လမ်းမကြီးကောင်းပါသဗျား၊ အဲယောင်လို့ မြောင်းမြလမ်းတို့၊ ဓနုဖြူ- ဇလွန်တို့
    ဘက်တော့ သွားမည်ကြံပါက –
    ဖုံထူ၊ချိုင့်ပေါ၊သောကဗျာပါ၊ဒေါပွကာ နေရပေအံ့။
    ပန်းတနော် မှာအလှူဒါန သာဓုအနုမောဒနာပြုရင်း- အလွန်နာမည်ကြီးသော ပန်းတနော်သင်ဖျူး ဖျာချော များ ဝယ်နိုင်သလို၊ ငါးခြောက်ဆားပေါ့ပေါ့ကလေးများလည်းဝယ်ရနိုင်ပါသဗျား၊ ငယ်စဉ် က ၊ ပန်းတနော်မှ
    ဦးကုလားကြီးတို့ လင်မယား ယူယူလာပေးသော ငါးနုသန်းခြောက်ကလေးကို ကင်လိုက်တဲ့အခါ၊ ငါးအဆီ ကလေး တစ်ရွှဲရွှဲ၊တစ်မွှေးမွှေးနှင့် အားပါးတစ်ယ လွှေးရသောအရသာကြီးကို မြိန်ယှက်စွာမြင်ယောင် —၊
    လိုက်ဖြစ်အောင်ကျိုးစားမယ်ဗျို့။

    • MaMa

      March 17, 2012 at 8:52 pm

      ဘကြီးရေ-
      ခေတ် ခေတ် ခေတ် လို့သာ ပြောလိုက်ချင်တော့တာပါပဲ။
      ငါးနုသန်းခြောက် (တချို့က ငါးသန်းနုလို့ ခေါ်တဲ့) ငါးခြောက်ကလေးတွေ
      မရှိသလောက် ရှားသွားပြီ။
      ငါးနုသန်းကပဲ ရှားသွားတာလား။
      ငါးစိမ်းဈေးကြီးလို့ ငါးခြောက် မလုပ်ကြတော့တာလားတော့ မသိဘူး။
      ဒါပေမယ့် အခြား တောစာတွေ အများကြီး ရှိသေးတယ်နော။
      ပန်းတနော်သင်ဖျူးဖျာချောချောတွေ ဝယ်နိုင်ဖို့တော့ စီစဉ်ထားပါတယ်။ 🙂

      • ဆူး

        March 18, 2012 at 10:09 am

        ဆူး ကတော့ ငါးရံ့ ခြောက် နဲ့ ငါးပုတ် ခြောက် ငါးနီတူး ခြောက် အဲဒါကလွဲလို့ ကျန်တဲ့ ငါးခြောက် သိပ်မသိဘူး။
        ငါးခြောက်ဆိုရင် ငါးရံ့ခြောက်တော့ ဆွေတော် မျိုးတော် များ ခွဲပေးလို့ ဝယ်စားစရာ မလိုလှဘူး။ ငါးခြောက် အကြောင်း သိပ်မသိလှတာကို စိတ်မကောင်း ရှိလေစွ..
        ရောင်းတဲ့ ဆိုင်များ ရောက်လျှင်သာ အစစ် ဟုတ်မဟုတ်သာ ကိုယ်တိုင် အကဲဖြတ် ကြည့်ရှုဖို့ မျှော်လင့်ပါတယ်။

        လိုက်ပါသူ စာရင်းမှာ ထည့်သွင်းပေးလိုက်ပြီနော်။

  • အားလုံးနဲ ့တူတူလိုက်ပါချင်လိုက်တာဗျာ။ဖြစ်နိုင်အောင် ကြိုးစားပေါ့မယ်ဗျာ။လောလောဆယ်တော့
    ကံကြမ္မာက ခရီးသွားဖြစ်ဖြစ်နေတုန်းမို ့ ဆက်ခရီးနှင်လိုက်ပါအုံးမယ်။အင်တာနက်လဲ မသုံးဖြစ်တော့
    ရွာနဲ ့အဆက်ပြတ်နေအုံးမှာပါ။

  • windtalker

    March 18, 2012 at 12:12 pm

    ကျုပ် အနေနဲ ့ အလှူအတွက် သဒ္ဒါတရားထက်သန်စွာ အလှူငွေ ထည့်ဝင်ပါမယ် ။
    လိုက်ဖြစ်ဖို ့ကတော့ ၊ မသေချာပါဘူး ။
    ဘာဘဲဖြစ်ဖြစ်
    သည်ပွဲမှာ ရွာထဲက အပျိုကြီးများနဲ ့လူပျိုကြီးများအတွက် ချိတ်နဲ ့ကြိုးများ လက်ဆောင်ပါးလိုက်ချင်ပါကြောင်း
    ရယ်ပါလေ

    • ဆူး

      March 18, 2012 at 12:35 pm

      မောင်ပေ အလှူကို ဝမ်းမြောက် ဝမ်းသာစွာ ဖိတ်ခေါ်ပါတယ်။
      အလှူငွေ ကိုတော့ မန်းမြို့ရွှေမြို့တော်ရဲ့ ကိုယ်စားလှယ် ကိုပေါက် ထံ ယုံကြည် စိတ်ချစွာ အပ်နှံနိုင်ပါသည်။
      အလှူခရီးစဉ်ကိုလည်း ပျော်ရွင်စွာ ပူးပေါင်း ပါဝင်ဖို့လည်း ဖိတ်ခေါ်ပါတယ်။
      လိုက်လည်း လိုက်ခဲ့စေချင်ပါတယ်။

    • MaMa

      March 18, 2012 at 5:05 pm

      မောင်ပေ ကျောက်အောင်တဲ့ ပုံ ပေါက်နေတယ်။
      (ကြည့်ရတာ နေပူတော်ကျောက်ပွဲမှာ ဝါးလိုက်ရတယ်ထင်တယ်။) 😀
      ဟိုတလောက ကွန်မန့်ရေးတာတောင် မရယ်နိုင် မပြုံးနိုင်ဖြစ်နေလို့
      လူမမာကို သတင်းတောင် မေးမိသေးတယ်။ 🙂

  • aye.kk

    March 18, 2012 at 6:02 pm

    ဆူး…
    ကုသိုလ်ရေးမှာရဲရင့်တဲ့ဆူးရေ..
    အန်တီလည်းအလှူထဲ့ဝင်ပါ့မယ်နော်…။။

    • ဆူး

      March 19, 2012 at 11:02 am

      အန်တီအေး
      အလှူ အတွက် ငွေလွဲပြီးရင် ဆူး ဆီကို ဖုန်းဆက်ပေးပါနော်။
      အန်တီ အလှူ အတွက် ဝမ်းမြောက် ဝမ်းသာ သာဓုခေါ်ပါတယ်။

  • kyeemite

    March 19, 2012 at 8:18 am

    အန်တီဆူး..ခင်ဗျား ဆန်းဒေး(၁၈-၃-၁၂)ကအလှူငွေလာထည့်
    မယ်ပြောပီး နယ်ဧည့်သည်တွေရောက်လာလို့ မလာဖြစ်လိုက်ဘူး..
    တစ်ရက်တော့ဆက်ဆက်လာလှူပါ့မယ်ဗျို့..

    • ဆူး

      March 19, 2012 at 10:57 am

      ရပါတယ် အန်တီကြီး.. အဆင်ပြေတဲ့ အချိန် လာပေးလို့ ရပါတယ်။
      အလှူ အတွက် ဆန္ဒရှိနေတာကို သိရတဲ့ အတွက်ကိုပဲ အရမ်းဝမ်းသာလှပါပြီ။

  • ba gyi

    March 19, 2012 at 10:03 am

    windtalker ရေ ၊ ချိတ် နဲ့ကြိုး ပေးလိုက်ရင်တော့ ဝါး ဟား ဟား ဟား ——–
    ရယ်ခိုင်းလို့ရယ်လိုက် ဒါ ။
    တစ်လွဲမတွေးကြနဲ့နော် — ဟဲ ဟဲ ဂိမ်း ဆော့လို့ရတာပေါ့ဗျား။လေပူပေါင်းဘောလုံးပါအဆစ်ထည့်ပေးနော်။
    ဆူး နှင့် မမ ဂျီးဒို့ ခင်ဗျား၊ ကောင်းမွန်ထူးမြတ်သောခရီးဖြစ်လို့လိုက်ဖြစ်အောင်ကျိုးစားပါ့မယ်ဗျား၊ကုမ္ပဏီ မှခရီးထပ်မလွှတ်ခဲ့ရင်ပေါ့ခင်ဗျာ။
    လေးစားစွာဖြင့်

    • ဆူး

      March 19, 2012 at 11:07 am

      ဘကြီး ရဲ့ လိုက်ပါ စာရင်းကိုတော့ အနားနီးမှ ဆူး စာရင်းသွင်းပေးထားပါမယ်နော်။

  • akswe

    March 19, 2012 at 2:27 pm

    သကြီး ကလည်း အားပေးတဲ့ အနေနဲ့ ပိုစ့်ကိုစတစ် ပေးထားတယ်…
    ဘာမှလည်းမိုက်ရိုင်းတဲ့ အကြောင်းအရာမပါဘူး..
    ဘယ် ဘာသာ ဘယ် အယူဝါဒ ကိုမှလည်းမထိခိုက်ဘူး..
    အမေး အဖြေ လုပ်ရင်းမန်းထားတာတွေ ကလည်း လှူ ချင်တဲ့ သူနဲ့ လှုံ့ဆော် ပေးသူ…
    အားလုံး အဝေးရော အနီးရော အားတက်သရောနဲ့ ပါဝင်ကြဖို့ ကြိုးစားနေချိန်မှာ …

    လူ့အဖြစ်ရရှိခြင်းရဲ့ တန်ဘိုးကိုနားမလည်တဲ့ ပေးကမ်းလှူဒါန်းရခြင်းရဲ့ အရသာကို မသိဘူးတဲ့ ဘဝမှာတစ်ခါဘူးမှ ပျော်ရွင်ခြင်းဆိုတာ ကို မခံစားဘူးတဲ့ သူတစ်ပါးပျော်ရွင်ကြည်နူးတာကို မမြင်ရက်နိုင်အောင် စိတ်ဓါတ် နိမ့်ပါးတဲ့
    အဖွဲ့ အစည်း အသင်း အပင်း စည်းလုံးညီညွတ် တာကို မရှုစိမ့်တဲ့ ဖျက်လိုဖျက်ဆီး နဲ့စေတနာ သေးနုပ်သိမ်ဖျင်းတဲ့
    ဟီရိဩတ္တပ တရား အောက်ဆုံးအဆင့် ကို စလွယ် သိုင်းပြီး မစ္ဆေယ ခါးတောင်းကြိုက် ထားတဲ့ လူတစ်ယောက်က…
    မင်းသားမလုပ်ရရင် ပတ်မကြီး ကိုထိုးဖောက် မယ်ဆိုတဲ့ အဝီစိရှေးရှု လမ်းစဉ်ကို ဦးထိပ်ပန်ဆင်ပြီး..
    သူတပါးကော်မန့်တွေကို အကြောင်းမဲ့ သက်သက် လိုက်နီနေတယ်….
    အားလုံးပဲ စိတ်မပျက်ကြဖို့ နဲ့ လုပ်နေတဲ့ အလုပ်ကို ဘယ်လိုအနှောက် အယှက်တွေ ရှိပါစေ ပြီးဆုံးအောင်မြင်အောင် ဆက်လုပ်ဖို့
    လိုက်နီနေတဲ့ နွား ရဲ့ ကိုယ်စားတောင်းပန်လိုက်ပါတယ်..
    ….ဟဲ့ နွားရဲ့ ဒီကော်မန့်ကိုလည်းနီလို့ ရတယ် သိလား တစ်ခြားကော်မန့်တွေလည်း လိုက်ပြီး နီလိုက်ဦး နင် နီပြီးတာနဲ့ နင့်အမျိုး ထဲက ရှိသမျှ အမတွေ အကုန်လုံးကို အဘပုဦးဆောင် ပြီး ရွာထဲက ကာလသားတွေ နဲ့ အမျိုးတော်ကြမယ်…
    ရွာထဲ စရောက်တည်းက တစ်ခါမှဒီလို မရိုင်းဖူးပါဘူး စိတ်တိုလွန်းလို့ပါ အစ်မတွေ နှစ်မတွေ ကို တောင်းပန်ပါတယ်..
    အဘပု ဘယ်ရောက်နေလည်း ဗျာ..လုပ်ပါဦး..

    • ဆူး

      March 19, 2012 at 2:49 pm

      အဘရေ အနီ မြင်လို့ စိတ်ညိုညင်မှု မဖြစ်ခဲ့ပါဘူး။ အကောင်းမြင်စိတ် ရှိသလို အဆိုးမြင်စိတ် ရှိလို့လည်း ဖြစ်ပါလိမ့်မယ်။ သူတို့ ဆန္ဒ ဘာရှိတယ် ဆိုတာ ထုတ်ဖော် မပြောရဲတဲ့ အငုံ့ စိတ်ရှိလို့လည်း ဖြစ်ပါလိမ့်မယ်။
      အလှူ ကိစ္စ အတွက် စိတ်ကို အဖြူ ဆုံး ဖြစ်အောင် မွေးမြူ ထားတာ ဖြစ်တဲ့ အတွက် စိတ်ထဲမှာ ဘယ်လိုမှ သဘော မထားမိအောင် နေပါတယ်။
      အနီ နဲ့ အစိမ်း ကာလာ သည် ကြည့်ရှူ့လို့ မြင်သာ ထင်သာ သလို စာဖတ်တဲ့ သူတွေ ရဲ့ ရင်ထဲမှာ လည်း စာသားတွေ ရဲ့ အဓိပ္ပါယ် ဆိုလိုရင်းကို သိနေကြတာမို့.. အနီ ရောင်များတိုင်း သိမ်ငယ်စိတ်လုံးဝ မဝင်ပါဘူး။
      အားပေးမှု အတွက် ကျေးဇူးတင်ရှိပါတယ်။

    • MaMa

      March 19, 2012 at 5:18 pm

      အဘဆွေရဲ့ အားပေးထောက်ခံမှုကို ကျေးဇူးတင်ပါတယ်။
      ဒီပိုစ့်ကို စတင်ကတည်းက အနီတွေပေါ်လာလိုက် ပြန်စိမ်းပေးတဲ့ သူတွေကပေးလို့ ပျောက်သွားလိုက်နဲ့
      အင်းးးးးးး တက်လိုက် ကျလိုက် လောကဓံကိုခံနိုင်ရည်ရှိအောင် သင်ကြားပေးနေသလိုပဲလို့တောင် ထင်မိတယ်။ 🙁
      ကောင်းတဲ့အလုပ်ကို လုပ်နေတာမို့ စေတနာကောင်းရင် ကံကောင်းမယ်လို့သာ မှတ်ယူပြီး အနီတွေကိုလည်း စိတ်ထဲမထားတော့ပါဘူး အဘဆွေရယ်။

  • fatty

    March 19, 2012 at 4:02 pm

    ဆူး မမ ရေ ရှိသမျှ စာရင်းတွေထဲ အကုန် နာမည်သာထည့်ထားပေးလိုက်ပါတော့
    ကိုယ်ရေးကိုယ်တာလေးတချို့ရယ် ကျန်းမာရေးရယ် သူဂျီးခိုင်းထားတာကိုလဲ မင်းဂွန်းခေါင်းလောင်း
    ကြီးကိုစစ်စီးသုတ်ပြီးထမ်းထားရသလို လေးလေးနက်နက်ကြီးလုပ်နေရတာရယ်ကြောင့် မန်းတာနောက်ကျသွားရပါတယ် ခွင့်လွှတ်တော်မူကြပါလို့ …. ။

    • ဆူး

      March 19, 2012 at 4:51 pm

      လိုက်ပါ စာရင်းထဲမှာ ထည့်သွင်းထားလိုက်ပါပြီ။ အနားနီးမှ ဦးလေး အွန်လိုင်း မဝင်နိုင်လည်း ဆူး ဖုန်းနဲ့ ဆက်သွယ်ပြီး သေချာရှင်းပြပေးပါမယ်။ ကျန်းမာရေးကိုတော့ ဂရုစိုက်ပါအုန်း။ ကျန်းမာမှ ပျော်ရွင်နိုင်မှာ မို့.. ခရီးစဉ် ပျော်ပျော်ပါးပါး ဖြစ်အောင် ကျန်းမာပါစေလို့ ဆုတောင်းပေးတယ်နော်။

Leave a Reply