သီတဂူ သုမေဓာ ဆေးရုံ (အစုကြီး ကျေးရွာ)

ဆူးMarch 11, 20123min1484286

သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပါသည်။

ပန်းတနော် မြို့မှ ကားဖြင့် ဆက်သွားမယ် ဆိုလျှင် နာရီဝက်ခန့် မောင်းနှင်လျှင် ရောက်ရှိမည် ဖြစ်ပါသည်။

ရန်ကုန် မှ ပန်းတနော် ကိုတော့ လမ်းခရီး ကြာချိန် ၂နာရီ မောင်းနှင်လျှင် ရောက်ရှိနိုင်ပြီးတော့ နေ့ချင်းပြန် ခရီးဖြင့် သွားနိုင်ပါသည်။

ယခု လက်ရှိမှာတော့ ဆေးရုံကြီးဟာ ဆောက်လုပ်ရေး လုပ်ငန်းများ အပြီးတိုင်အောင် မပြီးစီးသေးပေမဲ့ လုပ်လက်စ လုပ်ငန်းများ ကို မြို့ခံ မြတောင် ဆရာတော်၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ကျောင်းနေ ရဟန်း သံဃာတော်များ ရွာခံ ရွာသားများက လုပ်အားပေး ကူညီနေကြပါတယ်။ အဆောက်အအုံအတွက် ကြီးစွာသော အထောက်အပံ့ကို သီတဂူ ဆရာတော် ဦးဆောင်ပြီး လှူဒါန်းခြင်း ဖြစ်ပါသည်။

 

သီတဂူ ဆရာတော်ကြီးနှင့် မြတောင် ဆရာတော် ဘုရားကြီး ဆေးရုံ ကိစ္စ ဆွေးနွေးတိုင်ပင် နေကြပုံ။

 

 

ဆောက်လက်စ လုပ်ငန်းခွင်

 

 

 

 

 

 

 

အထက်မှ ပုံတွင် မြင်တွေ့ရသည့်အတိုင်း အဆောက်အအုံ လိုအပ်ချက်ကတော့ တခါဖြည့်ရင် ပြည့်နိုင်ပေမဲ့ ဆေးဝါး ကုသရေး အတွက် လိုအပ်ချက်က အမြဲ လိုအပ်ဖြစ်နေအုန်းမှာပါပဲလို့ မြင်မိပါတယ်။

ရှေးယခင်ကတော့ ရွာနေ လူများ မကျန်းမမာ ဖြစ်တဲ့ အခါ ပန်းတနော် ဆေးရုံကို အားကိုးရပါတယ်။

စရိတ်မျှပေး ဆေးရုံ ဖြစ်တဲ့ အတွက် မပြည့်စုံမှုတွေ များလာတဲ့ အခါ ရောဂါကြီးကြီး ဖြစ်ချိန်မှာတော့ ရန်ကုန် ဆေးရုံကြီးကို လွဲပြောင်းပေးရပါတယ်။

ရွာနေ လူများ အနေနှင့် ပထမ အားကိုးရာ ဖြစ်တဲ့ ပန်းတနော် ဆေးရုံကို သွားဖို့ အတွက် အချိန် ပေးဆပ်မှု (ဝေဒနာ တောင့်ခံရခြင်း) ၊ ငွေပေးဆပ်မှု စတာတွေကို ပေးဆပ်နိုင်မှ ဆေးရုံကို ရောက်ရမှာ ဖြစ်ပါတယ်။ ထိုမှ တဆင့် ရန်ကုန် ဆေးရုံကြီးသို့ လွဲပြောင်းပေးမယ် ဆိုလျှင် ပိုမို ကြီးမားတဲ့ ပေးဆပ်မှုကို ဆက်လက် ပေးရပါတော့မယ်။ ထို့ကြောင့် မြတောင် ဆရာတော် ဘုရား၏ စိတ်အကြံ အတိုင်း ဖြစ်မြောက်စေရန် အတွက် သီတဂူ ဆရာတော်ကြီးမှ အဆောက်အအုံ၊ နည်းပညာ နှင့် ပစ္စည်း ကိရိယာများ အထောက်အပံ့ ခြင်းဖြင့် သီတဂူ သုမေဓာ ဆေးရုံကြီး ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

 

တောရွာနေ လူထု အနေနှင့် ဆေးရုံ ဆေးခန်း ဝေးတဲ့ အခါ သွားလာရ မဖြောင့်ဖြူးခြင်းနှင့် ဆေးရုံတွက် ကုသလျှင် ကုန်ကျစရိတ် များမှာ စိုးရိမ်သည် ဆိုသည့် အယူအဆကြောင့် ဆေးရုံ ကို မသွားပဲ နီးစပ်ရာ ဆေးမြီးတိုများဖြင့် ကုသ ခြင်းများကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားသော လူပေါင်းများစွာ ရှိပါသည်။

ထို အစုကြီး ကျေးရွာ သည် ပန်းတနော် မြို့နှင့် အတန်ငယ် ဝေးကွာသော်ငြား ထိုဆေးရုံ တည်ရှိသည့် နေရာသည် ရွာပေါင်းများစွာမှ လူများ အားကိုးရာ ဖြစ်နိုင်သည့် အပြင် အခမဲ့ ဆေးဝါး ဒါန အဖြစ် ကုသပေးမှာ ဖြစ်တဲ့ အတွက် နောင် အနာဂတ်တွင် ထွန်းလင်းတောက်ပလာမည့် ကြယ်ပွင့် လေးများနှင့် တူသော မျိုးဆက်သစ် ကလေးငယ်များ သားကောင်း မိခင်များ သက်ကြီးရွယ်အို ကျားမ တို့၏ အသက်ပေါင်းများစွာ ကိုလည်း ထိုဆေးရုံကြီးမှ ကူညီ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

 

ဆေးရုံ မှ ဆေးဝါး အခမဲ့ ကုသပေးခြင်းသည် ဘာသာရေး လုပ်ငန်း မဟုတ်ပဲ ပရဟိတ လုပ်ငန်း သီးသန့် ဖြစ်သည့် အတွက် လူမျိုး ဘာသာ မရွေး အယုတ်အလတ် အမြတ်မရွေး အားလုံးကို တန်းတူ ကုသပေးမှာ ဖြစ်ပါသည်။

 

အလှူခံခြင်း

MG မှ ရွာသူားများ ကိုလည်း ထိုဆေးရုံကြီး မှ ကယ်တင်နိုင်မည့် အသက်ပေါင်း များစွာ ဆက်ပေးမည့် ဆေးဝါး ဒါန အတွက် အလှူခံချင်ပါသည်။

ဆူး တို့ လူသားတွေ အသက်ရှင်သမျှ ကာလာ ပတ်လုံး အနည်းဆုံးတော့ နှာစေး ချောင်းဆိုးတော့ ဖြစ်ဖူးကြမှာပါ။ မဖြစ်ဖူးသော လူလည်း ရှိကောင်း ရှိပါလိမ့်မည်။ ထိုသူသည် အလွန်ကံထူးသူ ဖြစ်ပါလိမ့်မည်။

 

ကျန်းမာရေးသည် လာဘ်တပါး ဆိုတဲ့ အတိုင်း ကျန်းမာခြင်းရဲ့ အကျိုးကျေးဇူးကိုတော့ နာမကျန်း ဖြစ်တဲ့ အခါ ပိုပြီး သိသာ လာပါလိမ့်မည်။

 

ထို့ကြောင့် ဆူး ရဲ့ ဒုတိယ မိသားစု လို ဖြစ်နေတဲ့ ဂေဇတ်မှ ရွာသူရွာသား များကိုလည်း ကိုယ်တိုင် လှူသလို ရွာသူ ရွာသားများကိုလည်း အလှူမှာ ပူးပေါင်းပြီး ပါဝင်စေချင်ပါတယ်။ နှမ်းတစေ့ဖြင့် ဆီ မဖြစ်နိုင်ပေမဲ့ နှမ်းစေ့ပေါင်း များစွာ ကတော့ ဆီဖြစ်လာပါလိမ့်မယ်။ ထိုကြောင့် သီတဂူ သုမေဓာ ဆေးရုံကြီး အတွက် မိမိတို့ လုပ်အားဖြင့် နေ့စဉ် ရှာဖွေ ထားတဲ့ ဖြူစင်သော ငွေကြေးများထဲမှ ဆန္ဒရှိသလောက် လှူဒါန်းကြပါစေလိုပါတယ်။

ပွင့်သော ပန်းကလေးများ အချိန်မတန်ခင် ညိုးနွမ်း ခြောက်သွေ့မသွားအောင် ရေလောင်းပေးနေသော ဥယျာဉ်မှူး အတွက် ရေပေး သကဲ့သို့

ကြင်နာမှု မေတ္တာ ဂရုဏာ တရားဖြင့် ပြီးပြည့်စုံသော လောကကြီး ဖြစ်စေဖို့

အားလုံး တူညီ လက်တွဲပြီး ဆေးရုံ အတွက် ဆေးဒါန ဖြည့်ဆည်းပေးကြပါစို့

လို့ တိုက်တွန်းချင်ပါတယ်။

 

အစီအစဉ်

ဆေးရုံကို ရွာသူ ရွာသားများ တူတူ သွားရောက် လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

ရန်ကုန် ပန်းတနော် နေ့ချင်းပြန် ခရီး ဖြစ်သည့် အားလျှော်စွာ ကိုယ်ပိုင် ကားများဖြင့် ကူညီ လိုက်ပါမည် ဆိုလျှင်လည်း ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

အလှူ ကို ကိုယ်တိုင် လိုက်ပါချင်သူများ အဆင်ပြေပြေ လိုက်ပါနိုင်ရန် ခရီးစဉ် အခက်အခဲ မရှိ သွားလာနိုင်ရန် စာရင်းများ ကြိုတင်ပေးဖို့ နိုးဆော်ပါတယ်။

အသွားအပြန် လမ်းစရိတ်ငြိမ်း နှင့် နေ့လည် ထမင်းကို ဘုန်းကြီးကျောင်းတွင် သုံးဆောင်ရပါမည်။

ရွာသူ ရွာသားများ ပန်းတနော် ထွက်ကုန်များ လေ့လာ ဝယ်ယူနိုင်ရန် အချိန်ပေးပါမည်။

 

နေ့ရက်

မေလ ၁ရက်နေ့ (အင်္ဂါနေ့) [ မေဒေးနေ့ ] ဖြစ်ပါသည်။

မနက် ၆နာရီခွဲ စုရပ်မှ ထွက်ခွာမည် ဖြစ်ပါသည်။ နောက်ကျလျှင် နေပြင်းသည့် အတွက် အပူဒဏ် ခံရသက်သာ စေရန်အတွက် အားလုံး မနောက်ကျ စေရန် တိုက်တွန်းပါသည်။

မှတ်ချက်။   ။ ရက်သတ်မှတ်ခြင်းသည် ယာယီ ဖြစ်သဖြင့် အနားနီးလျှင် သေချာ ကြေညာပေးပါမည်။

 

အလှူ အတွက် အလှူငွေ ကောက်ခံရန်

ရန်ကုန်

မမ (MG)  – *****************

ဆူး (MG) – ************

 

မန္တလေး

ကိုပေါက် (မန္တလေး) (MG) – ***********

 

 

ပထမ စာမျက်နှာမှာ ရှိတဲ့ ကွန်မန်းများ ဖတ်ချင်လျှင် အောက်ပါ လင့်အတိုင်း သွားကြည့်နိင်ပါသည်။
https://myanmargazette.net/107492/health-fitness/comment-page-1#comment-178083

286 comments

  • minn zaw

    April 24, 2012 at 8:29 am

    ဆူးနဲ့ မမ ခင်ဗျာ ကျွန်တော် ၃ဝ ရက်နေ့ မန္တလေးလာဖြစ်မှာပါ။

    ရေသန့်ကိုဘယ်နေရာ လာပို့ပေးထားရမလဲ။ လိပ်စာပေးထားပါလား။

    • ဆူး

      April 24, 2012 at 10:53 am

      ရေသန့်ကို ဆူး ရဲ့ ဆိုင်ကိုပဲ လာပို့ထားပေးပါ..

  • laypai

    April 25, 2012 at 5:15 pm

    ဒီတခေါက်တော့ လှူ ဖြစ် အောင် လှူ ရမယ်။
    တစ်သောင်း လှူ ဖို့ ရည်ရွယ် ပါတယ်။
    ၂၉ ရက်နေ့ တနင်္ဂနွေ နေ့ မှာ ကြည့်မြင်တိုင် ပန်လှိုင်လမ်း က ပန်ထူးသာ သင်္ဃန်း တိုက် မှာ သွား လှူ မယ်။
    လိပ်စာ မှန်ပါ တယ်နော်။

    • ဆူး

      April 25, 2012 at 5:36 pm

      မှန်ပါတယ်။

  • MaMa

    April 25, 2012 at 8:59 pm

    ရွာစားကျော်အတွက် ပိုအဆင်ပြေမယ်ထင်တဲ့ ပုံစံလေးပြောပေးချင်တယ်။
    အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေ ဘုရင့်နောင်တံတားအတက်က မြဝတီဘဏ်ရှေ့ (စုရပ် ၃) ကို ကားငှားလာရင် အချိန်ကုန်လည်း သက်သာပြီး ပိုလည်းအဆင်ပြေလိမ့်မယ်။
    နယ်ဝေးကားတွေက အောင်မင်္ဂလာအဝေးပြေးဂိတ်ရောက်ရင် လူချ၊ ကုန်ချနဲ့ မြို့ထဲသွားဖို့ အချိန်နည်းနည်း စောင့်ရမယ်ထင်တယ်။
    နောက်ပြီး ဒဂုံစင်တာ စုရပ်က ပထမဦးဆုံး စုရပ်ဖြစ်တဲ့အတွက် အချိန်အနည်းငယ်ပိုစောလိမ့်မယ်။
    မြဝတီဘဏ်ရှေ့ကို ပေးရမယ့် ကားငှားခနဲ့ ဒဂုံစင်တာကို ကားငှားခလည်း တူတူလောက်ပဲ (သို့) မြဝတီဘဏ်ရှေ့က ပိုသက်သာလိမ့်မယ်လို့ ထင်ပါတယ်။
    လိုလိုမယ်မယ် ဖုံးနံပါတ်လေးတွေလည်း မှတ်လာခဲ့စေချင်ပါတယ်။

  • Khin Latt

    April 30, 2012 at 3:20 pm

    ဆူးလေး ရေးထားတာ အခု မှ ဖတ်ရတယ်။
    ကျေးဇူးပါ သမီးရေ။
    ငယ်ငယ်ရွယ်ရွယ်၊ လှလှပပ မိန်းကလေး တစ်ယောက် ဒီလိုမျိုး ထက်ထက်မြက်မြက်၊ တည်တည်ကြည်ကြည် နဲ့ လုပ်ငန်းတွေ လုပ်နေတာ တွေ့ရတာ မြန်မာအမျိုးသမီး တွေကိုယ်စား အားရ ဂုဏ်ယူမိပါတယ်။
    ဇီ ကလေး Post မှာ ဆူးဖေဖေ မရှိတော့ တာ သိလိုက်ရလို့ စိတ်မကောင်းပါဘူးကွယ်။
    မြန်မာအမျိုးသမီးကောင်း တစ်ယောက် အနေ နဲ့ ရပ်တည်နေတဲ့ သမီးလိမ္မာလေး အတွက် ဆူးဖေဖေ လဲ ဝမ်းမြောက်မှာပါ။

    တွေ့ခဲ့တဲ့ အစ်မပဒုမ္မာ၊ မမ နဲ့ ဝေဝေ တို့ဟာလဲ မြန်မာအမျိုးသမီးတွေ အတွက် တကဲ့ ရှေ့ဆောင်လမ်းပြ ပါဘဲ။
    သူတို့ အားလုံး လဲ တကဲ့ကို ချစ်ဖို့ ကောင်းတာပါဘဲ။
    အချိန်ကိုသာ မကြည့်ရင် ညလုံးပေါက် စကားတွေ ထိုင်ပြောနေမိမလား။
    မမ ရော၊ ဝေရော ကို အိမ်တွေကတောင် စိတ်ပူပြီး ဖုန်းခေါ်နေကြရတဲ့ အထိဘဲ။
    ဒါလဲ ရှေးက ပါလာတဲ့ ရေစက်လား။ သူကြီး သိရင် အဲဒီ ရေစက် က ရေတွေ ကို လူတွေသုံးဖို့ ဝေပေးခိုင်းနေဦးမယ်။ 😀

    ဒီရွာထဲ မှာ ဒီလို မျိုး အတုယူစရာ တစ်ခြားမိန်းကလေး တွေလဲ အများအပြား ရှိနေတာမို့ ပိုလို့ တောင် ဂုဏ်ယူမိပါတယ်။
    တကယ်တော့ ရုပ်ရည်၊ ပညာ၊ ငွေကြေး တွေ ထက် အများကြီး ကြီးမြတ် တင့်တယ် တဲ့ “လူသားချင်းစာနာ ထောက်ထားစိတ်၊ အားနည်းသူ ကို အားပေးကူလိုစိတ်” များက သူတို့ နှလုံးသား မှာ စိုးမိုးနေလို့ပါဘဲ။

    သူကြီး ရေ – တစ်နေ့တော့ အပြင်မှာ သူကြီး တို့မိသားစု နဲ့လဲ ဆုံချင်ပါတယ်။
    ကကြောင်ကြီး – ကျွန်မ ခင်ပွန်း ကို တော့ အလကား မတ်တင်း စိတ်ရှိလက်ရှိ ဗူးပါရှင်။ အခွင့်ပေးပါတယ်။
    ကိုဆွေ – အိမ်ပြန်လက်ဆောင် ပါပါ့ရှင်။ စာတိုက်က ပို့ပေးမယ်။

    ခရီးစဉ် အတွေး လေးတွေ ရေးဖို့ ကြိုးစားနေပါတယ်။
    အဲဒီ “အချိန်” ဆိုတာကြီး နဲ့ ရန်ဖြစ်ဖြစ်နေရလို့။

    မနက်ဖြန် ခရီးစဉ် လေး အတွက် စိတ်နဲ့ လိုက်နေမှာပါ။
    အားလုံးဘဲ အလှူမှာ ပျော်ရွှင်စွာနဲ့ ရွှင်လန်းချမ်းမြေ့ ကြပါစေ။
    ဓာတ်ပုံ တွေ ကို မျှော်နေပြီ။

    ချစ်ခင်စွာဖြင့်
    အရီးလတ်

    • weiwei

      April 30, 2012 at 3:34 pm

      အရီးလတ်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အတွက် ဝမ်းသာပါတယ် …
      အရီးလတ်ရဲ့ ပွင့်လင်းတဲ့စတိုင်နဲ့ ထက်မြက်မှုတွေကို လေးစားအားကျမိပါတယ် …
      နောက်များကြုံခဲ့ရင် အကျိုးရှိမယ့်အစီအစဉ်ကလေးတွေ လုပ်ကြည့်ကြရအောင်နော် … အတွေ့အကြုံဖလှယ်တာမျိုးပဲဖြစ်ဖြစ် .. သင်တန်းတိုလေးဖြစ်ဖြစ် … စုပေါင်းအလှူမျိုးပဲဖြစ်ဖြစ်ပေါ့ …

      မနက်ဖြန်အလှူမှာလဲ အရီးလတ်ကို သတိရနေမှာပါ …
      အရီးလတ်တို့ မိသားစုအားလုံး ကျန်းမာချမ်းသာပါစေ ….

    • kai

      April 30, 2012 at 3:34 pm

      အယ်လ်အေလည်လည်လာလေ…
      တွေ့မှာပေါ့…။
      ယူအက်စ်မှာ လည်စရာအများဆုံးပြည်နယ်ပါနော…

      အယ်လ်အေဝန်းကျင်တခုထဲတင်… ဒစ်စနေလန်းဒ်၊ ဟောလိဝုဒ်၊ ယူနီဗာဆယ်စတီရီယို၊ လေဂိုလန်းဒ်၊ ဆစ်ဖလက်မောင်တိန်၊ ဆန်တာမော်နီကာကမ်းခြေ၊ ဗင်းနစ်စ်ကမ်းခြေ၊ ချိုင်းနားတောင်း၊ တွေနဲ့.. တပါတ်ကုန်သွားမယ်..။
      သမုဒ္ဒရာကမ်းခြေလည်းရှိတယ်…။
      တောင်တန်းတွေလည်းရှိတယ်..။
      သဲကန္တာရလည်းရှိတယ်..။
      နှင်းပွင့်ခဲဖတ်လည်းကျတယ်..။
      တောနက်လည်းရှိတယ်..။
      ရေအိုင်ကြီးတွေလည်းရှိတယ်..။ :mrgreen:

      မြန်မာပြည်နဲ့သိပ်တော့မတူဘူး..
      ဖလော်ရီဒါက ပိုတူတာ… 😕

      ရွာသူားတွေထဲကလည်း.. လည်လည်လာသူတွေရှိရင်.. အသိပေးနိုင်ပါတယ်နော..
      (အခုရက်ပိုင်းတင်.. မြန်မာပြည်က..လူ၆ဝလောက် တိုးနဲ့ရောက်နေကြတာကြားရတယ်..။)

      • Khin Latt

        April 30, 2012 at 3:51 pm

        ဝေရေ
        အားလုံးအတွက် ကျေးဇူးပါနော်။
        နောက်တစ်ခေါက် ပိုကောင်းတဲ့ အစီအစဉ်လေးတွေ ဖြစ်အောင် ကြိုးစားတာပေါ့။ 🙂

        သူကြီး
        သူကြီးတို့ကို လဲ အနောက်ကျွန်း ကို အလည်လာဖို့ ဖိတ်ပါတယ်။
        လမ်းကျဉ်းကျဉ်း၊ အိမ်သေးသေး တွေ ကိုတော့ သည်းခံပါ။
        Kate Winslet, Cameron Diaz and Jude Law တို့ပါတဲ့ The Holiday ကို ကြည့်ဘူးတယ် မဟုတ်လား။
        Holiday အတွက် အိမ်တွေ ကို ခဏလဲ ပြီး လည်ကြတာလေ။
        အနောက်ကျွန်း က လူ Kate Winslet ကတော့ အမေရီးကားက အိမ်ကြီးကြီး၊ လမ်းကျယ်ကျယ် တွေ ကြည့်ပြီး အရမ်းပျော်နေချိန်
        အမေရီးကားက Cameron Diaz က လမ်းကျဉ်းကျဉ်း၊ အိမ်သေးသေး တွေ ကို သည်းမခံနိုင်လို့ ပြန်တော့မယ် လုပ်ပြီးမှ Jude Law နဲ့ တွေ့ပြီး မပြန်နိုင်ဖြစ်သွားတာ။ 😀

  • ရွာစားကျော်

    April 30, 2012 at 3:54 pm

    မေဒေး မွေးနေ့ရှင် သမီးလေး မေဝတီထွန်းရဲ့ မွေးနေ့အထိမ်းအမှတ် သီတဂူသုမေဓာဆေးရုံသို့ အလှူငွေ တစ်သိန်းကျပ်တိတိ ထည့်ဝင်ပေးပါရန် ကျနော့် အသိတယောက်က ယခုပဲ မှာလိုက်ပါတယ်ခင်ဗျာ..။
    အလှူငွေစာရင်း ပိတ်ထားပြီဖြစ်လို့ ဆေးရုံရောက်တဲ့ အချိန်မှာပဲ ကိုယ်စားလှူပေးလိုက်မယ်… စိတ်ကူးပါတယ်ဗျာ.။

    သမီးလေး မေဝတီထွန်း.. နောင် သက်ဆုံးတိုင် ကျန်းမာပျော်ရွှင်စွာဖြင့် အောင်မြင်ပြည့်စုံတဲ့ ဘဝ တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်..။

    • ဆူး

      April 30, 2012 at 4:45 pm

      သမီးလေး မေဝတီထွန်း အတွက် အလှူ စာရင်း မှတ်ထားပေးမယ်နော်။
      သမီးလေး မေဝတီထွန်း ဆန္ဒနဲ့ ဘဝ တထပ်တည်းကျပါစေ။
      အစစအရာရာ အဆင်ပြေချောမွေ့ပြီး ပညာတတ်ကြီး ဖြစ်ပါစေ။
      မိဘကို သိတတ်တဲ့ သမီး အလိမ်မာလေးလည်း ဖြစ်ပါစေ။

  • ဆူး

    April 30, 2012 at 4:59 pm

    အရီးလတ် ရေးတဲ့ ကွန်မန်းလေး အခုမှ တွေ့ပြီး ဖတ်မိတယ်။
    ဆူး ရဲ့ အဖေက ဆူး တို့ မိသားစု ကို ခွဲခွာ သွားတာ ရနှစ်ကျော်သွားပါပြီ။
    အဖေ မရှိတဲ့ နောက်ပိုင်း အဖေ ကို အကြောင်းပြုပြီး ကုသိုလ်တွေ အများကြီး ပြုဖြစ်လာတယ်။ မဆုံးခင်မှာလည်း လုပ်နိုင်တဲ့ အတိုင်းအတာ တခုလောက် အထိတော့ သေချာ ပြုစု ပေးခဲ့ ရပါတယ်။
    အဖေက အိပ်ယာထဲ လဲ နေခဲ့တာ ၂နှစ်ခွဲ ကျော်ပြီး သေတဲ့ အချိန်အထိ အိပ်ယာပေါ်လဲ နေခဲ့ပေမဲ့ ကျောပူအနာတောင် မပေါက်ခဲ့ပါဘူး။
    အကောင်းဆုံး လုပ်ပေးနိုင်တယ် ဆိုတာကို တော့ ယုံကြည်တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 1, 2012 at 3:36 am

    ထကြဗျို့ အလှူသွားမယ့်ကားက အခြေနေအရ
    နောက်ကြတဲ့သူကိုစောင့်လို့မရတဲ့အတွက်
    စောစောထပြီးပြင်ဆင်ပြီးတော့ စုရပ်ကို ကြွကြပါဗျို့
    မှတ်ချက်။ ။ ဤကွန်မန့်ကို မြန်မာစံတော်ချိန် ကြက်သီချင်းဆိုချိန်
    နံနက် 3:30 နာရီတွင် ရေးသားသည်။
    ( အကြောင်းကြောင်းကြောင့် ဘာမှမတတ်နိုင်တဲ့အတွက် တတ်နိုင်သောအလုပ်ကိုသာလုပ်လိုက်ပါကြောင်း )

    • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

      May 1, 2012 at 3:43 am

      ငခြောက်တို့ရွာက ကြက်က မနက်သုံးနာရီခွဲသီချင်းဆိုတယ်ပေါ့လား
      ကျုပ်တို့ရွာက ကြက်တွေကတော့
      လေးနာရီမှသီချင်းဆိုတာ
      ဘာတဲ့
      ဆီများများးးးးးးးးထည့်

    • MaMa

      May 1, 2012 at 8:54 pm

      အလှူအတွက် စိတ်ဓာတ်ခွန်အားပေးတဲ့ နိဗ္ဗာန်ဆော်ကြီး ဘကြီးပုလည်း လှူဒါန်းတဲ့ ကုသိုလ်ဒါနတွေကို ထပ်တူရပြီး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်နိုင်ပါစေ။ 🙂

    • ဆူး

      May 2, 2012 at 12:47 pm

      ဘကြီးပု ရေ.. ဆူး တော့ မနက် ၄နာရီ ထတယ်။
      အလှူ မတိုင်ခင် စိတ်တွေ များနေလို့.. စိတ်ငြိမ်အောင် တရားမှတ်ပြီး သတိနဲ့ အိပ်တာ ဆိုတော့ အိပ်ယာနိုးချိန် ကြည်ကြည်လင်လင် ဖြစ်နေခဲ့တယ်။
      အလှူကို သွားဖို့ စုရပ်ကို သွားပြီး အားလုံး ပျော်ပျော်ရွင်တဲ့ ခရီးစဉ်လေး ဖြစ်အောင် ဖန်တီး နိုင်ခဲ့တယ်။
      လိုက်ပါသူတွေ လူကြီးမှ ခလေး အဆုံး အားလုံး ပျော်ကြတယ် ဆိုတာ သိရလို့ ဝမ်းသာ ပီတိ ဖြစ်နေပါတယ်။
      ဘာပဲ ပြောပြော အလှူတော့ အောင်မြင်စွာသွားပါပြီ။

      သတိတရ နိုးတဲ့ အတွက် ဝမ်းသာပါတယ်။
      ဘကြီးပု စိတ်ထဲမှာ အမှတ်တရ ဖြစ်ပြိး နိုးပေးတာကိုက တကယ် ဝမ်းသာ ပီတိ ဖြစ်နေမိပါတယ်။
      ပုံတွေ လည်း အားပေးလိုက်အုန်း။

  • Foreign Resident

    May 1, 2012 at 10:55 am

    အဘ ( Foreign Resident ) က အဲဒီအလှူမှာ
    ငွေ တစ်သိန်း လှူတယ်လို့ မှတ်ထားပေးပါကွယ် ။
    ပိုက်ဆံ ကိုတော့ ဒီလ လယ်လောက် ( May )
    မဆူး ဆီကိုဖြစ်ဖြစ် ၊ မမ ဆီကိုဖြစ်ဖြစ် ၊ လာပေးပါ့မယ် ။
    ( ဖုန်းဆက်ပြီးတော့လည်း ပြောပြီးပါပြီ ၊ ထပ် Confirm လုပ်ပေးတာပါ )

    • ဆူး

      May 4, 2012 at 3:21 pm

      အလှူနေ့က ဖုန်းဆက်တဲ့ အချိန် ကားပေါ်မှာ ရွာသားတွေရဲ့ MG Brand ကြီး အရမ်းကို စည်ကားနေတဲ့ အချိန်ပါ။ ဖုန်းဆက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • Khin Latt

    May 1, 2012 at 2:26 pm

    ဒီအချိန်မှာ သူတို့ ထမင်းလုံး စီ နေကြပြီ။ ( မြန်မာ စံတော်ချိန် နေ့လည် နှစ်နာရီ ခွဲ)
    သာဓု၊ သာဓု၊ သာဓု။ 😀

    • ဆူး

      May 4, 2012 at 3:24 pm

      မြန်မာစံတော်ချိန် ၂နာရီခွဲ အချိန်လောက်မှာတော့ အစုကြီးရွာကနေပြန်လာပြီး ပန်းတနော် က ဖျာ ဆိုင်မှာ shopping ထွက်ပြီး ဖျာဝယ်နေကြပါသည်။
      အဲဒီ အချိန် ပန်းတနော် မှာ မိုးဖွဲဖွဲကလေး ရွာနေပါတယ်။
      ထိုအချိန်ကတော့ ကာလသား သီချင်းတီးဝိုင်း ခဏ ထားပါတယ်။
      ၃နာရီ ဝန်းကျင်လောက်မှ ခရီးဆက်ရင် သံစုံတီးဝိုင်းပြန်လည် နိုးထ လာပါတယ်။

  • weiwei

    May 1, 2012 at 6:39 pm

    ရွာအလှူတော် အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့ပါပြီ ..
    စုစုပေါင်းအလှူငွေ သိန်း ၅ဝ လှူဒါန်းနိုင်ခဲ့ပါတယ် …
    အားလုံးကို အမျှပေးဝေပါတယ် …
    အမျှ … အမျှ … အမျှ

  • Swal Taw Ywet

    May 1, 2012 at 6:49 pm

    Updated at 6:45 pm Myanmar time.
    Received Information from Ko Pauk,
    The donation trip bus arrive back to Yangon around 6:20 pm ( Ba Yint Naung ).
    The donation was success.
    I do proud of Mandalay Gazette.
    သာဓု၊ သာဓု၊ သာဓု။

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • aye.kk

    May 1, 2012 at 6:58 pm

    ဝမ်းမြောက်ဝမ်းသာ..
    ကျေနပ်ပီတိဖြစ်ရပါသည်..
    သာဓု..သာဓု..သာဓု..ပါ။

    • ဆူး

      May 4, 2012 at 3:26 pm

      ဆူး တို့ ရဲ့ အလှူကို ဝမ်းမြောက်စွာ သာဓု ခေါ်တဲ့ အတွက်လည်း ဝမ်းမြောက်ပါတယ်။
      အလှူရှင်များ ကိုယ်စား သွားရောက် လှူဒါန်းခြင်း ဖြစ်တဲ့ အတွက် ကိုယ်အလှူလို့ သဘောထားလို့ ရပါတယ်။

  • mg mg

    May 1, 2012 at 7:36 pm

    သာဓုပါဗျာ-သာဓု—သာဓု။
    နောက်နောင်လည်း ဒီထက်မကလှူနိုင် တန်းနိုင်ကြပါစေ၊
    အလှူရှင်အပေါင်းလည်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေကြောင်း၊
    လိုအင်ဆန္ဒမှန်သမျှလည်း ပြည့်ဝနိုင်ကြပါစေကြောင်း၊
    နိဗာန်မဂ်ဖိုလ် မျက်မှောက်ပြုနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
    (သတင်းအတွေ့အကြုံနှင့်ဓာတ်ပုံလေးများလည်း မျှဝေပေးကြပါဦး)

    • ဆူး

      May 4, 2012 at 3:35 pm

      ပို့သ သော မေတ္တာကြောင့် အစစ အရာရာ အဆင်ပြေချောမွေ့ခဲ့ပါတယ်။
      နောက်ထပ်လည်း အလှူတွေမှာ ပါဝင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်နော်။
      ပို့သသော မေတ္တာတွေလည်း ရရှိခံစားရတယ်လို့ ထင်ပါတယ်။

    • ဆူး

      May 4, 2012 at 3:39 pm

      ဆူး ကို ယခု အလှူ အတွက် ပထမဆုံး လှူတဲ့ စာရင်းထဲမှာ ပါတဲ့ အလှူရှင်တွေ မို့ ကောင်းစွာ မှတ်သားထားပါတယ်။

  • ငပွကြီး

    May 1, 2012 at 7:49 pm

    သာဓု…သာဓု…သာဓု….ဗျာ…
    လိုက်ဖို့အားလုံးစီစဉ်ပြီးမှ အနားကပ်ပျက်သွားရလို့ ခံစားရတယ်…..

    • ဆူး

      May 4, 2012 at 3:45 pm

      ဆူးလည်း ကိုပွကြီးကို အလှူကို လာစေချင်ပါတယ်။
      အလှူသွားတဲ့ လမ်းခရီးမှာ သတိတရ ဖုန်းဆက်ပေးတာ ကျေးဇူးတင်ပါတယ်နော်။

  • တညင်သား

    May 1, 2012 at 8:00 pm

    ပြုသမျှ ကုသိုလ်အစုစု အတွက် အမျှ . အမျှ . အမျှ ပေးဝေရင်း…..
    ဝမ်းမြောက်ဝမ်းသာ …သာဓု..သာဓု ..သာဓု ခေါ်ဆိုပါတယ်….

    • ဆူး

      May 4, 2012 at 3:46 pm

      အလှူ ကိစ္စ သတင်းမေး ဖုန်းဆက်ပေးတာကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

  • ရောင်ခြည်ခ

    May 1, 2012 at 9:10 pm

    ပီတိများဖြင့် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်နော်၊

    • ဆူး

      May 4, 2012 at 3:48 pm

      အလှူ ပိုစ်တွေ ဖတ်ပြီး မနက်စောစော စီးစီး ဝမ်းမြောက် ဝမ်းသာ ဖုန်းဆက် သတင်းမေးပြီး ဝမ်းသာကြောင်း ပြောပြတာကိုလည်း ကျေးဇူးတင်ပါတယ်။
      ဆူး ကို ဖုန်းဆက် သတင်းမေးတဲ့ သူ အပေါင်းကိုလည်း ကောင်းစွာ မှတ်သားထားပါတယ်။

  • zin min

    January 30, 2013 at 5:37 pm

    ကျတေ်ာ မသိလို ့မေးပါစေ ခင်ဗျာ. အလှူ လုပ်တယ်ဆိုတာ ရေစက်ချပြီးတဲ ့ပစ္စည်းတွေကိုသာ လက်ခံရတယ်လို ့ ကျတေ်ာကြားသိရပါတယ်.။ သီတဂူဆရာတော်ကြီးက ဇီးကုန်းမြို ့မှာ တရား နောက်ဆုးံည
    ဟောတုန်းက တရားတစ်ပုဒ်ကို နာရီဝက်နဲ ့ မဟောချင် ဟောချင်နဲ ့ ဟောသွားပါတယ်.။ နာရီဝက် အချိန်ဆိုတာ ရေစက်ချဖို ့တောင် အချိန်မလောက်လိုက်ပါဘူး ခင်ဗျာ..။ ကျတေ်ာပြောတာ မယုံရင် ဇီးကုန်းမြိ ု့က လူတွေ အားလုးံသိပါတယ်.။တရား ခုံပေါ်က ဆင်းသွားတာကလည်း စောင် ့ချည်း အောင် ့ချည်းနဲ ့ ဆင်းသွားပါတယ်.။ ဒေသခံတွေပြောတာတော ့ မိုက်မကောင်းလို ့ဆိုဘူး တရားဆက်မဟောတော ့ဘဲ အဆုးံသတ်လိုက်တာလို ့ပြောကြပါတယ်.။ တရားပွဲက သိန်း၄ဝ ကျော်ကို တော ့မနက် ရောက်တော ့ သွားပေးပါတယ် မယူဘူးလို ့တောင် မငြင်းပါဘူး ငြိမ်ငြိမ်လေး ယူသွားပါတယ်.။ တွေးကြည် ့ပါဆရာတော်ကြီး ရေစက်ချပြီးရထားတဲ ့ ငွေတွေမဟုတ်ပါဘူး..။ တရားဟော တာလား မင်းသား လုပ်ချင်တာလား ဆိုတာ မိမိကိုယ်တိုင် သာ သိပါလိမ် ့မယ်…။တပည် ့တော် အကြံပေးတာပါ…..။

    • အရီးခင်လတ်

      January 30, 2013 at 5:47 pm

      ဆရာတော်ကြီး တရားဟော တာကတော့ ဟောလိုက်တဲ့ တရား ကိုသာ ရနိုင်သ၍ အရယူလိုက်တာကောင်းပါတယ်။
      ဆရာတော်ကြီး စေတနာ ပါ/မပါ က သူ့ ကိစ္စဘဲ ထားလိုက်ပါ။
      မဟုတ်ရင် ကိုယ့်မှာ အကုသိုလ်ဖြစ်ပါတယ်။
      တစ်ခါတစ်ခါ အတွေးမှား အမြင်မှား လဲ ဖြစ်တတ်တာ အများကြီးပါ။

      ကျွန်မတို့ မိသားစု အခုနောက်ပိုင်း လှူနေတာတွေ ကတော့ ဘယ်တော့မှ ရေစက်မချပါဘူး။
      လိုလဲ မလိုဘူးလို့ ထင်တာပါဘဲ။
      ဘယ်သူလှူတယ် မပြောဘဲလဲ လှူကြတာတွေရှိပါတယ်။
      စေတနာ မပါရင် မလှူ ဘဲ ကိုယ့်စိတ်ပြတ်ပြီး လှူချင်တဲ့ နေရာ ကိုသာ လှူတာ ပိုအကျိုးများသလားလို့။
      အလှူ ဆိုတာ အဓိက ကိုယ့်ဖို့ ထက် ကိုယ်လှူတဲ့ နေရာ၊ လူ အကျိုးများ စေဖို့ဘဲ လိုရင်း လို့ တွေး လိုက်ရင် ကျန်တာ ဘာမှ မလို လောက်ပါဘူး လို့ ထင်တာပါဘဲ ကိုဇင်မင်းရှင့်။

  • အောင် ထက်

    June 6, 2013 at 12:19 pm

    အစုကြီးရွာအကြောင်းလေးသိချင်လို့ပါ နည်းနည်းလောက်ဖြစ်ဖြစ်ပြောပြကြပါဦး ပြီးတော့ ဘယ်လိုသွားလို့ရမလဲဆိုတာလေးပါသိချင်လို့ပါ

  • Ma Ma

    June 6, 2013 at 3:04 pm

    အစုကြီးရွာကို သွားချင်ရင် ရန်ကုန်-ပုသိမ်လမ်းကနေ သွားရပါတယ်။
    ဗိုလ်မြတ်ထွန်းတံတားကို ကျော်ပြီး ပန်းတနော်မြို့ကိုလွန်သွားရင် ဝါးခယ်မလမ်းခွဲ (ရန်ကုန်-ပုသိမ်လမ်းရဲ့ ဘယ်ဘက်အခြမ်း) ကိုတွေ့ပါလိမ့်မယ်။
    ဝါးခယ်မလမ်းအတိုင်း ဝင်သွားပြီး နာရီစင်ကို (လမ်းရဲ့ညာဘက်အခြမ်း) ရောက်ရင် အဲဒီလမ်းအတိုင်း ဆက်သွားရင် အစုကြီးကို ရောက်ပါတယ်။

  • အောင် ထက်

    June 6, 2013 at 10:14 pm

    ရွာအကြောင်းလေးပါတစ်ချက်လောက်ပြောပြပေးပါလား ကျနော် အရမ်းသိချင်နေလို့ပါ ကျေးဇူးတင်ပါတယ်

    • Ma Ma

      June 7, 2013 at 6:08 am

      ရွာတန်းရှည် ရွာတစ်ရွာပါ။
      ရွာအဝင်ဆိုင်းဘုတ်အရ အိမ်ခြေ ၅၀ဝ ကျော်ရှိပြီး၊ လူနေ ၂၀၀ဝ ကျော် ရှိပါတယ်။
      ရွာရဲ့ အဓိက စီးပွားရေးလုပ်ငန်းက ကိုင်းစိုက်ပျိုးခြင်းပါ။
      ပဲတို့ ငြုပ်တို့ စိုက်ကြပါတယ်။
      အစုကြီးရွာက ပန်းတနော်ငြုပ် အဓိကထွက်တဲ့ ရွာပေ့ါ။
      ရေလုပ်ငန်းလည်း လုပ်ကြပါတယ်။
      ရွာလေးက စီးပွားရေး အသင့်အတင့်ရှိပြီး သန့်ရှင်းသပ်ရပ်တဲ့ ရွာပါ။
      ရွာမှာ မူလတန်းကျောင်းရှိပြီး အရင်က ဆေးရုံဆေးခန်းမရှိပါဘူး။
      အဲဒီရွာမှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် နဲ့ မူစလင်ဘာသာစတဲ့ ဘာသာပေါင်းစုံ ကိုးကွယ်သူတွေ ရှိပါတယ်။
      သိသလောက်တော့ ပြောပြထားပါတယ်။
      နောက်ထပ်သိချင်တာ ရှိရင်လည်း မေးပါ။
      သိသလောက် ဖြေပါ့မယ်။ :hee:

      • အောင် ထက်

        June 8, 2013 at 12:05 pm

        မေးလက်စနဲ့ ထပ်မေးပါရစေဗျာ အဲ့ရွာလေးမှာ ဖုန်းဆက်လို့ရလားမသိဘူး ဖုန်းလိုင်းမမိဘူးလို့ကြားလို့ပါ ပီးတော့ ရွာကိုသွားတဲ့လမ်းကရော ကောင်းလား ရွာလေးအကြောင်းကို သိချင်လို့ပါ

        • Ma Ma

          June 8, 2013 at 2:02 pm

          မနှစ်က ဒီရွာက ရွာသူားတွေ စုသွားတုန်းကတောင် ဖုံးလိုင်းမိပါတယ်။
          လမ်းကတော့ နာရီစင်လောက်အထိကောင်းပါတယ်။
          ကျန်တာတော့ ရွာလမ်းပေ့ါ။ မဆိုးမကောင်းလို့ ပြောရမယ်ထင်တယ်။

  • Char Too Lan

    June 8, 2013 at 6:56 pm

    အိုက်နေရာပေါ့ မနှစ်ကမင်းသားမင်းသမီးတွေသိန်းနားဆယ်ဂျော် တွားလှူခဲ့တာလေ ပျော်စယာဂျီး 🙂

  • အောင် ထက်

    June 9, 2013 at 7:32 pm

    ခုလိုသိသမျှပြောပြပေးလို့ အရမ်းကျေးဇူးတင်ပါတယ် နောက်လဲမသိတာရှိရင်မေးမယ်နော် ကျေးကျေး 🙂

Leave a Reply