တို့မြေ / တို့ရေ /တို့မန္တလေး နှင့် ယုတ်ယုတ်များ

san diApril 2, 20121min30229

ရာသီတွေအခါခါပြောင်းလို့ တန်ခူးလရောက်ခဲ့ပြီလေ။ ရွက်ဟောင်းတွေကြွေပြီး ရွက်နုတွေ ဝေကြ ပေတော့မည်။ နှစ်ဟောင်းကအညစ်အကြေးတွေဆေးကြောပြီး နှစ်သစ်ကို ဒီမိုကရေစီနှင့်အတူချီတက်ကြပေတော့ပေမည်။အော် ကြည်နူးစရာပါတကား။                                ဒါ လေးကတော့ကျနော့်ရင်ထဲ့ကပျော်ရွင်မှုနဲ့အတူ ခံစားရတဲ ့ရသလေးပေါ့။ နှစ်သစ်နှင့်အတူ       ဂေဇက်မိသားစုကြီးလည်းကိုယ်စိတ်နှစ်ပါအေးချမ်းကြပါစေ။                ကြည်နူးနုူးလေးခံစားနေတုန်း မနွယ်ပင်ရဲ   ့ရန်ကုန်တွင်အလှည့်ကျမီးပေးတော့မည်        post  လေးကို         ဖတ်မိရာကစလို့    မကျေနပ်ချက်တွေဖြစ်ပေါ်ပြောင်းလဲလာမိပါတယ်။      လျှပ်စစ်ဆိုတော့ဧရာဝတီနဲ့ပတ်သက်ပြီး ကြားခဲ့ရတဲ့ သတင်းတစ်ခုကိုသတိရသွားမိပါတယ်။       ကြားရတာမကြာသေးပါဘုုူး။မတ် ၃ဝ ရက်နေ့ ၁၁နာရီလောက်က မြစ်ကြီးနားက လာတဲ့ တူလေးတစ်ယောက် ဆီက တိတိကျကျ ကြားခဲ့ရတာပါ။

မြစ်ဆုံဘက်မှာ မြန်မာပြည်ကနာမည်ကြီးcompany တစ်ခု ရောက်နေတယ်လို့သီတင်းအတိအကျရထားတာပါ။။ကယ်ကြပါအုန်း ။မွေးစမှအခုချိန်ထိ ဧရာဝတီနဲ့ အသက်ရှင် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနေရတာပါ။ ဘယ်လိုနှိုင်းပြလို့မရတဲံ ့အသက်သခင်ပါ။ လိုအပ်ရင်ကျေးဇူးဆပ်တဲ့အနေနဲ့တရုတ်တွေက်ို တိုက်ထုတ်ပြစ်ရမယ်။ တို့မန္တလေးမှာ          တရုတ်တွေမင်းမူနေ တာကြာပြီ။ တို့မန္တလေးသားတွေမြို့ပြင်   ထွက်နေရတာရင်နာတယ်။     အခုလည်း တတ်န်ိုင်သလောက်လေးနဲ့     မြို့ သစ်ထွက်နေဖို့ဟာ ကုန်ပါပြီ။         ပြည်ကြီးတံခွန်မြို့နယ် ဆရတနာပုံရပ်ကွက်  ဒဒ၊ဓဓ   ဘာမှမကျန်တော့ဘူး။ ၁၉၉၃ ခုနှစ်ကတည်းက စည်ပင်သာယာနယ်မြေသတ်မှတ်ပြီး  တောင်သူတွေရော်ကြေးမြေ ရပြီးသား။                အခု ဇီးအုပ်ရွာ  ရရကဥက္ကဌ နဲ့ရွာသားတွေကို တရုတ်မကမြှောက်ပေးပြီး လယ်တွေဝယ်ပြီးပိုင်းရောင်းနေတယ်။ လက်ရှိစည်ပင်ရဲ့ မြို့ကွက်သစ်ပျောက်သွားပြီ။ တရုတ်မရဲ  ့ရပ်ကွက်ဖြစ်နေပြီ။    တို့မြန်မာပြည်ကမြေတွေကို              တရုတ်မချယ်လှယ်နေပြီ။ ဇီးအုပ်ရွာ ဥက္ကဠ လာဘ်စားပြီး                                စည်ပင်ပိုင်မြေတွေက်ိုရောင်းစားတာဘယ်သူမှ အရေးမယူကြဘူးလား။ဝန်ထမ်းတွေအတွက် ရတဲ့အကွက်လေးကိုဝယ်ပြီးမြို့ပြင်ထွက်နေရမည့်တို့မန္တလေး သားတွေအတွက်ဘယ်သူကယ်တင်ပေးမှာလည်း။မြို့တော်ဝန် မြို့သူမြို့သားတွေဒုက္ခတွေကို မျှဝေမခံစား ဘူး။ရရကဥက္ကဌက ကြံ့ဖွတ်မို့များလား။နစ်နာရတာတို့မြို့သားတွေပဲ။မန္တလေးမှာ ဝန်ကြီးချုုပ် ၊ဝန်ကြီးများ၊ မြို့တော်ဝန်၊ဘာအာဏာမှမရှိတော့တာလား။တရုတ်တွေက်ိုကြောက်နေတာလား။မဲလိမ်ဖို့ပဲ စဉ်းစားနေကြတာလား။တို့မန်းလေးသားတွေသွေးစည်းကြဖ်ို့လိုနေပြီနော်။သွားကြည်ကြည့်ပါ။ဆဆ၊ဓဓ စတဲ့မြို့ကွက်သစ်လုံးဝမရှ်ိပါဘူး။တရုတ်မ၊ဇီးအုပ်ဥက္ကဌ။ရွားသားတွေရဲ့ ကျူးကျော်ရပ်ကွက်ပဲရှ်ိတယ်။ စည်ပင်ကမြို့သစ်ကိုမြေပုံထဲမှာ ၂အိမ်၁လမ်းပေးထားတာ။ စက်မှုုပုံစံပေါ့ ။အခုတော့လမ်းဘယ်မှာမှန်းမသ်ိ။မီးသတ်ကားတောင်ဘယ်နားကဝယ်ရမှန်းမသိ။ မီးလောင်ရင်ဒီတိုင်းထိုင် ကြည့်နေရမည့်ပုံပါပဲ   ။မြေကို၁သိန်းဘ်ိုးလည်းရောင်းတယ်။ဝယ်ရင်ဥက္ကဌက လက်မှတ်ထ်ိုးပေးတယ်။ပိုင်ဆိုင်မှုုုအနေနဲ့ဥက္ကဌလက်မှတ်ရတယ်လို့ဝယ်ထားတဲ့သူတွေကပြောတယ်။ အဓိကကတော့တရုတ်တွေကြောင့်မြန်မာတွေဒုက္ခရောက်ရတာပါ။အခုလည်းအမေစုတု့ိ ပြင်းပြင်းထန်ထန် ကြိုးစားနေတဲ့ဒီမိုကရေစီကိုအလွဲသုံးစားလုပ်ပြီး တောင်သူတွေက်ို သွေးထိုးပေးနေတာ။တရုတ်မပါ။ တရုတ်မကပြန်ရောင်းစားလို့သူကဂုတ်သွေစုတ်ပြီးပြီ။ တောင်သူ၊ အစိုးရ၊မြန်မာအချင်းချင်း ရန်တ်ိုက်ေပေး နေတာတရုတ်ပဲ။မြန်မာ့မြေက်ိုမြန်မာတွေမပိုင်ဆ်ိုင်နိုင်အောင်ဈေးကစားခဲ့တာလဲတရုတ်ပဲ၊                     သုုုတု်ိ့ကတော့တကယ့်နေရာတွေကို                                                       ပိုင်ဆ်ိုင်ထားကြတယ်။                    ကျနော့်ရင်ထဲမခံနိုင်လွန်းလို့ ဒီခံစားချက် ကလေးကိုတင်မိတာပါ။   ဝိုင်းပြီးခံစားပေးနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။                        နွေရာသီရောက်ရင် ရွက်ဟောင်းကြွေလို့ရွက်သစ် ဝေရပေမည့်    တို့မြေ  / တို့ရေ  / တို့မန္တလေး  ကတော့ ယုတ်ယုတ် တွေကြောင့် ရာသီမရွေး  ရွက်ဟောင်းတင်မက ရွက်သစ်ပါ မကျန်  တစ်ပင်လုံးပြုတ်ပြုတ်  ပြုန်းရတော့ပေမည်တကား။

 

29 comments

  • san di

    April 2, 2012 at 2:44 pm

    ပထမဆုံးပို့ တင်ခြင်းပါ။ ကိုအံစာတုံး နှင့် ကို ဗိုက်ကလေးအား ကျေးဇူးတင်ပါသည်။ ရင်ထဲ တကယ်ခံစား နေရတာ မချိလွန်းလို့တင် လိုက်တာပါ။ ဘဝသစ်ကို ဂေဇက် နဲ့ စလိုက်တာပါ။ အားပေးကြပါအုန်း။ မြေကွက်လေးကိုမြင်သာမြင်လိုက်ရပြီး မကြင်လိုက်ရတဲ့ ဘဝ ပါလား။ စာတွေကလည်း အဆီအငေါ် တည့်ဘူးလို့ထင်တာပဲ။ သင်ဆရာ မြင်ဆရာများ အားလုံးကျေးဇူးပါ။

  • char too lan

    April 2, 2012 at 3:30 pm

    ဟေ………….. လေးပေါက်ရဲ့ ဓါ့ပုံတွေကြည့်ပီး မန်းလေးကအေးဆေးသာသာယာယာပဲမှတ်တယ် ခုကြားရတဲ့စနက် ဘယ်အချက်ကြောင့်ပါလဲ… ဟဲ… ဟဲ… ဟဲ…
    ဘယ် ငှက်ကထလဲ နာမည်ကောက် သက်သေရှာ ဓါ့ပုံရိုက် ပီးရင်ဒီမှာ လာဖွ ဒီမှာမန်းလေးသားတွေအားဂျီးပဲ ထိရောက်တယ်နော် မယုံရင်လေးပေါက်မေးကြည့် အာဇာနည်ဗိတ်မှန်ကေစ့်က သူ့လက်ချက်ပဲ
    ရှုးးးးးးးးးးးးးးး ဘူမှအတိစေနဲ့ 😉

  • ရင်နင့်

    April 2, 2012 at 6:02 pm

    အမှတ်မမှားရင် ဒီကိစ္စကိုအဘ FR ပြောဖူးတယ်ထင်တယ်
    အူးကြောင်ကြီးတော့ဘာပြောမလဲမသိ (@~@)

  • Foreign Resident

    April 2, 2012 at 8:03 pm

    အဘ မကြာခဏ ဗမာတွေ ကိုယ်တိုင်ကပေါ့လျော့လို့
    ပါရတာဖြစ်ကြောင်း ခဏခဏ ပြောပြီးပါပြီကွယ် ။

    အဘ တို့ တရုတ် ဘိုးဘွားများလည်း ဗမာပြည်ကို
    ခါးဝတ်ခါးစား နှင့်ပဲ စစ်ပြေးလာရတာပါ ။
    ရွှေငွေ မပါခဲ့ပါဘူး ။

    အဘ တစ်သက်မှာ တရုတ်ဖြစ်လို့
    အခွင့်ထူးရတာ တစ်ခါမှမရှိခဲ့ပါဘူး ။
    တရုတ်ဖြစ်လို့ အခွင့်အလမ်းတွေ ပိတ်ခံရတာ ၊
    မတရား ဖိနှိပ်ချုပ်ချယ်ခံရတာပဲ ရှိခဲ့တာပါ ။

    အဲလောက် တရုတ်တွေကို ဖိနှိပ်ထားတဲ့ကြားက
    တရုတ်တွေက ပိုပို ချမ်းသာလာပြီး ၊
    ဗမာတွေက ပိုပို ဆင်းရဲလာတာကတော့ ၊
    ဗမာတွေ ပက်ပက်စက်စက် ကို ဖျင်းလို့ ပျင်းလို့ လို့ပဲ
    ကောက်ချက်ဆွဲစရာရှိတော့တယ် ။

    အဲဒါမှ မှန်မှန်ကန်ကန် ကောက်ချက် မဆွဲချင် ၊
    ပြဿနာရဲ့ အဖြေမှန်ကို မသိချင် မဝန်ခံချင်ရင်တော့ ၊
    အဲဒီ လူ / လူမျိုး ဟာ နောက် ဆယ်သက် မကြီးပွား ပါဘူး ။

    ဘယ့်နှယ် ဘယ်သူမပြု မိမိမှု ဟာ ။
    သူများချည်း အပြစ်တင် နေချင်တယ် ။
    ကိုယ့်အပြစ် ကိုယ်မကြည့်ဘူး ။

    အဲလို စိတ်ဓါတ်နှင့် လူတွေများ ၊
    အဘ တို့က ဆယ်ယောက် တစ်ယောက် ၊
    စီပွားရေး ပြိုင်လုပ် ရဲတယ် ။ သနားတယ် ။

    ဖက်ပြိုင်ပြီးပြောနေရတာ စိတ်လေတယ် ။

    • ရင်နင့်

      April 2, 2012 at 10:09 pm

      ဟုတ်ပါ့အဘရယ် ကျွန်တော့်အဘိုးအဘွားများလည်း တရုတ်ပြည်မှာစစ်ဖြစ်နေတုန်းပြေးလာခဲ့
      တာပါပဲ ဘာအရင်းအနှီးမှလည်းမပါ ပါဘူး ကလေးမြို့မှာစီးပွားရေးလုပ်ပြီး မန်းလေး၈၃လမ်း
      မြို့လယ်ခေါင်မှာတိုက်ကြီးဝယ်နိုင်ခဲ့တာပဲ ကိုယ်ကြိုးစားမှဖြစ်မှာပါ လူများကိုပဲလက်ညှိုးထိုးပြီး
      စွပ်စွဲနေရင်တော့ အမေစုလဲမကယ်နိုင်ပါဘူးဗျာ

    • thet pying phyo

      April 3, 2012 at 9:42 am

      Aba, don’t you know, do you? I guess that case is not, coming from citizens. It coming from bad policy. Can you accept it?

  • ငပွကြီး

    April 2, 2012 at 11:55 pm

    F R ပြောသွားတာတော်တော်ပြည့်စုံနေပါပြီ..ကျုပ်တို့ခေတ်က FRC ( အဖေရော အမေရော ကိုယ်တိုင်ရော မြန်မာနှိင်ငံမှာမွေးပြီး မြန်မာနှိင်ငံသားမဖြစ်တဲ့ နှိင်ငံခြားသားမှတ်ပုံတင်) ကိုင်ဆောင်လို့ အမှတ်မှီရဲ့သားနဲ့ စာတော်ပါရက်နဲ့ ဆရာဝန် အင်ဂျင်နီယာ မဖြစ်လိုက်သော တရုတ်ကို နဲမှ မနဲဘဲ…
    ဒီနေ့ထိ မြန်မာနှိင်ငံမှာ (မြန်မာပြည်ဖွား)တရုတ်မို့ဦးစားပေးအခွင်ုအရေး မကြားဖူးသေးပါဘူး…

  • san di

    April 3, 2012 at 3:29 am

    ကျနော်မှာ မိဘလိုခင်ရတဲ့သူရော၊ချစ်ရတဲ့သူငယ်ချင်းရော၊ ကျေးဇူးရှင်အက်ိုကြီးတွေရော မြန်မာပြည် ဖွား တရုပ်လူမျိုးတွေရှိပါတယ်။ သူတို့ကို ကျနော်က တရုပ်လို့တောင်သတိမရဘူး ။ ကိုယ် နဲ့အတူတူပဲမှတ်တာ။ ကျနော်ရေးတာ အဆီအငေါ် မတည့်ပါဘူးလ်ို့်ပြောသားပဲ။ ကျနော်ပြောတာ အခုမှ ဖက်စပ်လာလုပ်တဲ့ သူတွေကိုပြောတာ ဒီနိုင်ငံကမဟုတ်ဘူး။ ဦးပွ၊ရင်နင့် ၊အဘတို့ ပြောတဲ့ မြန်မာပြည်သားတွေကိုပြောတာ မဟုတ်ဘူးနော်။ ကိုယ့်နိုင်ငံမှာနေတဲ့သူတွေက ကိုယ့်နိုင်ငံသားပဲ၊ န်ိုင်ငံခြားမှာ နိုင်ငံသားခံယူနေတဲ့ မြန်မာတွေရှိတာပဲံလေ။ ဇီးအုပ်ရွာအကြောင်း သေချာ လေ့လာပေးပါ ။ မြန်မာပြည်ပေါက် မဟုတ်ပါဘူး။ ဦးပွတို့ အဘတို့က ကျနော့်လိုမန်းလေးသားလို့ခံယူဘူလား၊ ကျနော်က မန်းလေးမှာမွေးပြီး ကြီးပြင်းတဲ့ ကချင်မလေး စစ်စစ် ပါရှင့်၊ မရည်ရွယ်ပါဘဲ ထိခိုက်မိသွားရင် မြန်မာပြည်ဖွား သွေးသားတရုတ်လူမျိုး များကို ရိုသေစွာတောင်း ပန် ပါတယ်။

  • kai

    April 3, 2012 at 4:00 am

    အဲဒါမျိုးတွေမြင်လို့..
    ၁) မြန်မာပြည်ပေါက်တွေကို.. မြန်မာတွေအဖြစ်ပဲ ရေးကြပြောကြဖို့.. ပြောခဲ့ဖူးတယ်..
    မြန်မာပြည်မှာမွေး.. မြန်မာ့လေမြေ..ယဉ်ကျေးမှုတွေနဲ့ကြီးလာသူတွေကို.. ဘယ်နှယ် ..ဘယ်က.. မြန်မာမဖြစ်အောင်.. လုပ်လွတ်လိုက်သလည်းဆိုတာလည်း.. ရေးဖူးတယ်..
    ဦးနေဝင်းရဲ့.. divide and rule အရ.. ရည်ရွယ်ချက်ရှိရှိလုပ်ထည့်လိုက်တာတွေပါ..
    အဲဒါကြောင့်.. မြန်မာပြည်မှာ.. ဘိုးစဉ်ဘောင်ဆက်မွေးသူတွေက.. နိုင်ငံခြားသာ(FRC)တွေ.. ဧည့်နိုင်ငံသားတွေ.. နိုင်ငံသားပြုမှုခံရသူတွေ ဖြစ်ရရှာတယ်..
    အင်မတန်ယုတ်မာတဲ့.. လုပ်ရပ်ပါ…။
    ဆိုတော့..
    အခုလွှတ်တော်က.. အဲဒီနိုင်ငံသားပြု/ဖြစ်တဲ့ ဥပဒေတွေကို ပြန်သုံးသပ်သင့်တယ်..

    ၂) နှုတ်ကျိုးနေကြပြီဆိုလည်း..
    မြန်မာပြည်ပေါက်ကို.. တရုတ်လို့ခေါ်ရင်.. ချိုင်းနားကို.. China လို့ပဲခေါ်သင့်ပါတယ်.
    China ပြည်ထဲက.မွေးတဲ့..သူတွေကို .. Chinese ချိုင်းနီးစ်လို့ပဲ.. ခေါ်သင့်ပါတယ်…

    အဲလို.. :mrgreen:

    • ဖားသက်ပြင်း

      April 3, 2012 at 8:29 am

      သဘူတော ပါတယ်ဗျို့ …..
      အဘရယ် …သဂျီးရယ် …ကျုပ်ရယ် ကိုတော့ …
      ဝင်ရိုးစွန်း.. လစ်ဘရယ် လက်ဝဲဂိုဏ်း ဆိုပီး ဝိုင်းသမ မှာတော့ မြင်ယောင်သေး…

      ကျုပ်တို့လူမျိုးများ အတော်ခက်သဗျာ …
      လီဒါရှစ် ဆိုတာ အက်ရှင်လား ..ပိုဇစ်ရှင်လား
      ဖော်လိုဝါရှစ ်ဆိုတာ တင်းမ်ဝါ့ခ်လား အိုဘေး သက်သက်လား…
      လေနဲ့ဝမ်း မကွဲတဲ့ လူကအများသား…
      ချဉ်ထှာ…

      သိပ်နှစ်သက်တဲ့ တီလုပ် စကားပုံပဲ ပြန်ပြောချင်ရဲ့….
      ဘာတဲ့ … သစ်ဟာ သံလောက် မမာလို့ နေရာဖယ်ပေးရတာပါတဲ့….

      အင်း …..သတိရသွားဘီ…
      ငယ်ငယ်က ကြိုက်ခဲ့တဲ့ …ဂျက်ခ်နီကိုဆင် ရဲ့တော်ကီကို…
      မီးထဲမှာ သံမဟုတ်တဲ့ လူတွေနဲ့ အတူ အလုပ် မလုပ်ချင်ဘူး ဆိုတာလေးလေ…..

      Ref: http://en.wikipedia.org/wiki/As_Good_as_It_Gets

      တော်သေးဘီဗျာ..

  • paw tar

    April 3, 2012 at 7:54 am

    အဲ့ဒါပြောတာပေါ့ဗျာ ကျန်တော်လည်း great great grandfather ကစာလို့ ဗမာစစ်စစ်ကြီးပါ တရုတ်ဆို တော်ကြာတရုတ်ဖက်လိုက်ပြောတယ် ထင်နေဦးမယ် မှတ်ပုံတင်နဲ့ မျိုးရိုးစဉ်ဆက် ပါပြတယ်နော်၊ အမှန်က တရုတ်ဖြစ်ဖြစ် ကုလားဖြစ်ဖြစ် ဂျပန်ဖြစ်ဖြစ် လူမျိုးက လူမျိုးပါ… ကောင်းတာဆိုးတာက ရှီပီးသားက တရုတ်မှာလည်း ကောင်းတာရှိမယ်ဆိုးတာရှိမယ်…..ကုလားမှာလည်းကောင်းတာရှိမယ် ဆိုးတာရှိမှာပဲ………လူတွေက အခုမြန်မာပြည်မှာနေနေတဲ့ နိုင်ငံချားသား တရုတ်ပဲဖြစ်ဖြစ် နိုင်ငံသား တရုတ်ပဲဖြစ်ဖြစ် အမြင်တိမ်းဆောင်း မနေသင့်ပဲ တရုတ်တွေဘယ်လိုလုပ်လို့ချမ်းသားတယ်ဆိုတာ ကိုလေ့လာသင့်ပါတယ်….တရုတ်တော်တော်များများ ကိုလေ့လာကြည့်တဲ့အခါမှာ တရုတ်လူမျိုးတွေဟာ အားမနာတတ်ချင်းနဲ့အခွင့်အရေးကိုအပြည့်အဝ အသုံးချနိုင်ချင်း တို့ကြောင့် အောင်မြင်လာတာကို တွေ့ရပါတယ် နယ်ဖက် မှာ မုန့်ညှင်းချဉ်နဲ့ တို့ဖူးယမ် ကိုပဲစားပြီး ချမ်းသာလာတဲ့တရုတ်တွေ ဒုနဲ့ဒေးပါ…ကျန်တော်တို့မြန်မာတွေ ကြိုးစားရပါမယ် ကောင်းကွက်တွေကို သူများတွေစီက အတုယူရပါမယ်.. လူမျိုးချားဖြစ်လို့အပြစ်တင် နေမယ့်အစား ကြိုးစားရပါမယ် တရုတ်တွေဇွဲကောင်းတယ် မြန်မာတွေ ဇွဲမရှိပါဘူး ကျန်တော်လည်းအပါအဝင်ပေါ့ဗျာ။ ဒါကြောင့်ကျန်တော်လည်းမချမ်းသာသေးတာနေမှာပေါ့၊ တရုတ်တွေက စည်းလုံးတယ် မြန်မာတွေက ၃ယောက်ရှိရင် ၂ယောက်ကမတဲ့တော့ဘူး၊ မြန်မာတွေလိုအပ်ချပ်တွေ အများကြီးရှိနေပါတယ် ဒီတော့ ကျန်တော်တို့ဗမာ မြန်မာ လူမျိုးတွေ ၂ဆ ကြိုးစားရပါမယ်။ ကြိုးစားကြပါစို့လားဗျာ …..

  • ကြောင်ကြီး

    April 3, 2012 at 9:05 am

    အဲဒီတရုတ်မဆိုတာ ရွာထဲက ကြေးမုံလေးများလား..သူဆိုရင်တော့ ရှိဘဇေ ရှိဘဇေ…။

  • Onyx

    April 3, 2012 at 11:37 am

    အင်းဟုတ်တော့နေပါပြီ ။ ဒီမြေဒီရေ မှာကြီးလာတဲ့ သူများကိုမပြောလိုပါ ။ တစ်ကယ်ပြောရရင်တော့
    ကိုတို့ လူမျိုးတွေအမှားတွေက စတာပါ နယ်စပ်ကနေ လူဝင်မှု ကနေစပြီး လက်ခံတယ်လေ အဲဒီထဲက စမှားတော့တာပဲ ကိုယ်တွေများသူများနိုင်ငံမှာ နေဖို့ မပြောနဲ့ သွားလည်ရင်တောင် ခက်ခဲတာ
    ဒီကတော့ လာပါကြိုဆိုပါသည် နဲ့ စမှာသေချာတယ်။ အရင်ရှိပြီးသားတရုတ်လူမျိုးများ(မြန်မာပြည်ဖွား)နဲ့
    အခုရောက်လာတဲ့ သူများက ကွဲလွဲ ချက်တွေ အများရှိပါတယ် ။FR က
    “အဘ တို့ တရုတ် ဘိုးဘွားများလည်း ဗမာပြည်ကို
    ခါးဝတ်ခါးစား နှင့်ပဲ စစ်ပြေးလာရတာပါ ။
    ရွှေငွေ မပါခဲ့ပါဘူး ” အဲလိုပြောတယ်နော် အခုရောက်လာတဲ့ သူများက ကောအဲလိုလား။ မဟုတ်ပါဘူး
    ပိုက်ဆံကို အထုပ်လိုက်ပိုက်ပြီး ရောက်လာတာပါ ။ လာရောက်တဲ့ ရည်ရွယ်ချက်ကရော မတူပါဘူး
    ရင်နင့် says:

    “ဟုတ်ပါ့အဘရယ် ကျွန်တော့်အဘိုးအဘွားများလည်း တရုတ်ပြည်မှာစစ်ဖြစ်နေတုန်းပြေးလာခဲ့
    တာပါပဲ ” လို့ပြောတယ်နော် အခုရောက်လာသူများကကော ဘာကြောင့်ပါလဲဆိုတာ မေးစရာလိုပါပြီ။
    နိုင်ငံခြားမှာ နေပြီး အလုပ်သွားလုပ်ကြတဲ့ အဘFR ကပိုသိမှာပါ ကို့နိုင်ငံထက် အဆင်ပြေတဲ့ နိုင်ငံ မှာပဲ အလုပ်ကို သွားလုပ်ကြတာများပါတယ် ။ ကိုယ့်နိုင်ငံထက် အောက်ကြတဲ့နိုင်ငံမှာ အလုပ်လာလုပ်တယ် ဆိုတဲ့ ရည်ရွယ် ချက်က ဘာကြောင့်လို့ ထင်ပါသလဲ။
    ကျွန်တော်တို့ တိုင်းရင်းသား များကအများအားဖြင့် ရိုးသားတယ် ။ လည်လည်ဝယ်ဝယ် မရှိကြဘူး ။
    ပျင်းတာထက် ဖျင်းတာပါ ။ အဘFR ပြောသလိုပါပဲ ဗမာတွေပါလို့ ဖြစ်တာပါ လူဝင်မှု ကြီးကြပ်ရေးက တရုတ်ဝင်မှု ချောင်ချိရေး ဖြစ်နေတာက အဓိကပေါ့လေ
    အဓိက တော့ တို့ တိုင်းရင်းသားတွေ စည်းလုံးပြီး ဝိရိယ ထားဖို့ လိုတာပါ
    သူများထက် ခြေနှစ်လှမ်းမဟုတ်ပါဘူး ဆယ်လှမ်းလောက် ကို လှမ်းရမဲ့ အချိန်ခါပါ

    • Foreign Resident

      April 3, 2012 at 1:40 pm

      ” သူများထက် ခြေနှစ်လှမ်းမဟုတ်ပါဘူး
      ဆယ်လှမ်းလောက် ကို လှမ်းရမဲ့ အချိန်ခါပါ ”

      ဟုတ်ပြီ ၊ လုပ်လိုက်စပ်းပါ ။
      မြန်မာပြည်တွင်းက ဘယ်တိုင်းရင်းသားတွေ မဆို ၊
      မှန်မှန် ကန်ကန် ကြိုးစားလို့ ၊
      အဘ တို့ ပြည်တွင်း တရုတ်တွေကို
      မှီယုံမကပဲ ကျော်သွားရင်တောင် ၊
      အဘ မှာ ဝမ်းသာလွန်းလို့ ( ဝမ်းသာလွန်းလို့ )
      ကောင်းချီးတောင် ပေးလိုက်ဦးမယ် ၊
      လုပ်လိုက်စမ်းပါ ဒါမျိုး ။

      ဒီမြေ ဒီရေ မှာ အတူတူ မွေးလာတာ ။
      အဘတို့ တရုတ်တွေ ဘာမှ မနာလိုစရာ မရှိဘူး ။
      ဗမာတွေ ချမ်းသာလာလို့ အဘ လည်း နစ်နာစရာ မရှိဘူး ။
      အဖေအို အမေအို ကလွဲပြီး ရှိသမျှ ညီအစ်ကိုတွေ
      အကုန်လုံး နိုင်ငံခြားမှာ ချည်းပဲ ။

      နောက်ပြီး အဘတို့ အပေါ် ဗမာပြည် ကျေးဇူး ရှိတယ် ။
      ဝန်ခံတယ် ။ ဘယ်တော့မှလဲ မမေ့ဘူး ။
      ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုပေမယ့်
      ဒီ မြေ ရေ လေ ကို အခြေခံပြီး ၊
      ဒီ ဗမာတွေနှင့်ပဲ လက်တွဲ လုပ်ကိုင်ပြီး ၊
      အဘ တို့လည်း ဒီအခြေအနေကို အောင်မြင်လာတာ ။

      သောက်မြင်ကပ်တာက ကိုယ့်သောက်ပြစ်က အဓိက ဆိုတာ ၊
      ရှင်းရှင်းကြီးပေါ်နေရဲ့သားနှင့် ဝန်မခံချင်ပဲ ၊
      ဘယ့်နှယ့် အားအားရှိ ပုဏ္ဏားတိုင် လာလာနှဲ့ နေတဲ့ ၊
      ငတုံးတွေကို စိတ်အချဉ်ပေါက်တာ ။

      ဗမာကို မမုန်းတာ ကတော့ ပြောမနေနှင့် ၊
      အဘ ချစ်လို့ ယူထားတဲ့ အဘ မိန်းမ က ” ဗမာမ ” စစ်စစ်ကြီး ။
      ( တစ်လ ဒေါ်လာ ၆၀၀ဝ – ၇၀၀ဝ ရတဲ့ သင်္ဘော ကပ္ပတိန် အလုပ်ကို
      မလုပ်ပါနှင့်တော့ သူတစ်သက်လုံး ရှာကျွေးပါ့မယ် ထိုင်စားပါတော့ တဲ့
      ဘယ်လောက် ချစ်စရာကောင်းလည်း ။ ဟီဟိ )

      ယူချင်ရင် အကြံကောင်း ဉာဏ်ကောင်းတွေတောင်
      တထောကြီး ပေးလိုက်ဦးမယ် ။

      အေး ၊ ဝမ်းနည်းစရာ တစ်ခုတော့ပြောရမယ် ။
      ဒီတစ်သက်တော့ မမှီတော့ဘူး ။ တကယ်ပြောတာ ။
      နောက် Generation အသစ်ကြမှ ကြိုးစားလွန်းမှ မှီယုံရှိဦးမယ် ။

      ဘာဖြစ်လို့လဲ ဆိုတော့ ၊
      အဘ တို့က ငယ်ငယ်ထဲ က နားရည်ဝ ပုံစံဝင်နေတဲ့
      Mind set တွေးပုံခေါ်ပုံ ကို ဗမာတွေ လိုက်ပြောင်းနိုင်မှရမယ် ။
      အဲဒါတွေကလည်း အဘတို့ အတွက်က
      မွေးကတည်းက ရိုက်သွင်းခံရပြီးသား ။

      ဥပမာ ။ ။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ ရှုံးရှုံး မြတ်မြတ်
      နှစ် နှစ်ဆယ် လောက် မဆုတ်မနစ် လုပ်ရတာတို့ ။
      မအောင်မြင်မချင်း နေ့မအိပ် ညမအိပ် ကျိုးစားတာတို့ ။
      အောက်သက်ကျေ ၊ အပိုးကျိုးတာတို့ ။
      အခွင့်အရေး အရိပ်အရောင် မရှိခင်ကတည်းက ကျိုးစားတာတို့ ။
      တရုတ်မတွေကလည်း ပိုက်ဆံ မရှာတတ်တဲ့ကောင်ကို လူရာမသွင်းတာတို့ ။
      မိသားစုကို အိမ်တစ်ဆောင် မီးတစ်ပြောင် မထားနိုင်ပဲ မိန်းမ မယူတာတို့ ။

      အများကြီးပဲ ထပ်ရေးရင် တစ် Post စာဖြစ်သွားမယ် ။
      သိထားဖို့က
      တရုတ်တွေ တစ်ယောက်စ နှစ်ယောက်စ ချမ်းသာလာတာ မဟုတ်ဘူး ။
      တရုတ်ထဲမှာ ဆင်းရဲတဲ့သူ မရှိသလောက်ဖြစ်နေအောင်
      အကုန် နီးနီး ချမ်းသာသွားတာ ။

      လူမျိုး နှစ်မျိုး ကြားမှာ Mind Set တော်တော်ကွာနေတာ သိသာတယ် ။
      သွား ရန် ရှာမနေနှင့် ၊ နမူနာယူဖို့ ကျိုးစား ။
      အဲလိုမှ မလုပ်နိုင်ရင် ၊ နေခဲ့တော့ ။

  • နေဝန်းနီ

    April 3, 2012 at 11:54 am

    တစ်ကယ်တော့ ဒီကိစ္စဟာ ကြွက်မနိုင်လို့ ကျီ မီးနဲ့ရှို့နေကြတာပါ….။ ကြွက်ဖမ်းမဲ့ ကြောင်မရှိလို့ပေါ့….။ လူဝင်မှုကို ကြပ်မတ်လိုက်ရင်….။ ပြောသာပြောရတာ ဟိုးအပေါ်က ဘာတွေ သဘောတူညီချက် ယူထားသလဲမသိ…။

  • kai

    April 3, 2012 at 2:51 pm

    ကျုပ်ကတော့..
    ခိုးဝင်လာတဲ့.. ချိုင်းနီးစ်တွေ… မှတ်ပုံတင်ဝယ်ထားသူတွေကို.. အထူးထောက်လှမ်းရေးတခုဖွဲ့ပြီး လိုက်ဖေါ်.. ပြီးရင်.. ဒေါ်လာငွေ၅သောင်းဒဏ်ငွေ + ဝင်ငွေရဲ့.. ၅ဝရာခိုင်နှုန်းအခွန်နဲ့.. ၅နှစ်စောင့်ခိုင်းပြီးမှ..
    …မြန်မာ နိုင်ငံသားရတဲ့.. ဥပဒေ.. လုပ်ထုံးထုတ်စေချင်တာ….
    အားလုံးတရားဝင်ပေါ့….
    ဒီလူတွေ ..တရားဝင်သွားပြီး.. သေသေချာချာ ဝိုင်းလုပ်ကြရင်.. မန္တလေးဟာ.. ဟောင်ကောင်လိုနေရာ.. နှစ်နည်းနည်းကြာတာနဲ့..မရောက်လာဘူး.. ပြောမရဘူးလေ…။

    အဲဒီလူတွေက.. ငွေကို အပြင်ပြန်မထုတ်သွားရင်.. ဖွံ ့ဖြီုးဆဲ.. တိုင်းပြည်အတွက်လိုအပ်သူတွေလို့( အကြမ်းအားဖြင့်) မြင်ရပါတယ်..။
    လူပါအပြင်မထွက်နိုင်အောင်.. ဆွဲစိတတ်ဖို့လိုလိမ့်မယ်..

    ဦးနေဝင်းမှားခဲ့တဲ့.. စူစကာစစ်ဆင်ရေးလို.. သူဌေးတွေနဲ့.. စွမ်းဆောင်နိုင်သူတွေချည်း.. ရွေးပြီး. တိုင်းပြည်က ကန်ထုတ်တဲ့..အမှားမျိုးထပ်မလုပ်ဖို့.. လိုလိမ့်မယ်.. 😆

    • Mr. MarGa

      April 3, 2012 at 3:37 pm

      ထောက်ခံပါတယ် သူကြီးခင်ဗျာ

  • Onyx

    April 3, 2012 at 3:28 pm

    အင်း ဟုတ်တယ်ဗျို့ အဲလိုတွေကိုပြောတာ…. လုံးဝထောက်ခံပါသည် ။

  • san di

    April 3, 2012 at 7:07 pm

    မြန်မာပြည်ဖွားအဘအားတောင်းပန်ပါသည်။ ကျနော်တို့မြန်မာလူမျိုးများ အချို့ ပျင်းကြသည်ကို ဝန်ခံပါသည်။ ကျနော်တို့မြန်မာအချို့မကောင်းလို့ ဖြစ်ရသည်ကိုလက်ခံပါသည်။ ကျနော် ခံစားချက်ပြင်း သွားသည်ဟုထင်ပါသည်။ အနည်းငယ်စဉ်းစားပေးပါ။ ကျနော် ရန်ကုန်သို့ ကိစ္စ တစ်ခုဖြင့် သွားပြီး ၂၈။၃။၁၂ နေ့ မြတ်မန္တလာထွန်း ကားဖြင့် ည ၈းဝဝ နာရီ ကားဖြင့်ပြန် လာခဲ့ပါသည်။ ဘေးခုံတွင် company လာလုပ်သည်ဟု ထင်ရသော chinese( from china)(တစ်ဦးထိုင်ပါသည်။ မြန်မာစကားမတတ်ပါ။ သူ၏လက်ဟာ တစ်ချိန်လုံး ပေါင် တင်ပါး ရင် တို့ကို ရွစိ ရွစိဖြင့် ထိနေပါသည်။ လှမ်းကြည့်လိုက်လျှင် အိပ်ပျော်နေပါသည်။ ကျနော် ဘာလုပ်ရမည်နည်း ။ အရပ်ကကျနော့်ထက် အများကြီးရှည်ပါသည်။ အိမ် က်ို MESSAE နဲ့ လှမ်းပြောတော့ အပ်နှင့်ထိုးပါလိုု့ပြောတယ်။ကားတစ်စီးလုံး ရုတ် ရုတ် သဲသဲ ဖြစ်မှာရယ် ရှက်တာရယ်ကြောင့်ကျနော်မလုပ်ရဲဘူး။ ရဲရဲ မကြည့်ရဲပါ။ ငယ်မယ်ထင်ပါသည်။ ၁၀၅မ်ု်ိင် ရောက်တော့ toilet ကမှန်ထဲမှာ ကိုယ်ကိုယ်ကို ပြန်ကြည့်မိပါသည်။ အထင်သေးစရာရုပ်များ ဖြစ်နေသည်လားလို့လေ။ ကျနော်အသက်မငယ်တော့ပါ။ ရိုးရိုးပဲနေပါသည်။ မန်းလေးရောက်သည်ထိမအိပ်ရဲတော့ပါ ။ အဘတို့လို ကျနော့်အသိ များဒီလိုစိတ်ဓာတ် မရှိပါ။ ကျောက်ဖြူရေနက်ဆိပ်ကမ်း မှာchinese များမိန်မများဗြောင် ခေါ်ထားပါသည်။ အကြောင်းအရာ များသွားပြီး post တစ်ခုဖြစ်လာခြင်းပါ။သေချာ ခွဲခြား မရေးမိသော ကျနော်၏ အမှားသာဖြစ်ပါသည်။ ကျနော်နှင်ခင်သော အကိုကြီးတစ်ယောက်ဆို ဘာသာရေးကိုင်းရှိုင်းပြီး ရက်ရောပေးကမ်းမှု များပါသည်။ နားလည်ပေးနိုင်ကြပါစေဟုဆန္ဒပြုလျှက်။

    • Foreign Resident

      April 3, 2012 at 8:39 pm

      သမီးရဲ့ ကားစပါယ်ရာ ကိုတိုင်ပြီး နေရာပြောင်းခိုင်းရမှာလေ ။
      ဒါမှ ဒီကောင်တွေ အရှက်ကွဲပြီး မှတ်သွားမှာ ။

      ဘာမှမဟုတ်ဘူး ဒီခွေးကောင်တွေက မြန်မာ နိုင်ငံ နှင့်
      မြန်မာ လူမျိုးကို နဂိုကတည်းက အထင်သေးနေတာ ။
      တိုင်းပြည်ကလည်း မွဲရုံတင်မကဘူး ၊
      မတရားမှုကလည်း ထွန်းကားတော့ ၊
      တရုတ်က အစ အထင်သေးတာခံနေရတယ် ။

      တောင်းပန်ပါတယ် သမီးရယ် ။
      မြန်မာပြည်ကို ဝင်လာတာတွေက ၉ဝ % က ယူနန်တရုတ်တွေကွဲ့ ။
      တောသား အရိုင်း အစိုင်း တွေပေါ့ကွယ် ။
      နောက်ပြီး ကွန်မြူနစ် စံနစ်ကလည်း လူကို ပိုပြီး ရိုင်းစေပြန်တယ် ။
      တကယ့် ပီကင်း ရှန်ဟိုင်း တရုတ်တွေက ဒီလောက် မရိုင်းဘူးကွယ့် ။

      ကိုယ်တွေ ဘဝ ကလည်း ကံဆိုးတော့ ဒီလို အရိုင်း အစိုင်း တွေနှင့်ပဲ ၊
      ဆက်ဆံရမယ့် အခြေအနေ / ဘဝ ဖြစ်နေတာကိုးကွယ် ။

      ဥပမာ ပြောရရင်
      TV / VDO တွေထဲမှာတော့ ကိုရီးယား တွေဟာ အရမ်း ယဉ်ကျေးပါ့ ။
      ဒါပေမယ့် အဘ တို့ သင်္ဘော လောက မှာ တွေ့ရတာကတော့ ၊
      ကိုရီးယား တွေဟာ အရမ်း ရိုင်းတဲ့နေရာမှာ နာမည်ကြီး ပေါ့ကွယ် ။
      တကယ်ကတော့ အဘ တို့က ကိုရီးယား လူမျိုး တွေထဲက
      အောက်ခြေ ပညာမဲ့ လူကြမ်း လူဆိုး နှင့် တွေ့ရတဲ့ အခြေအနေ ကိုးကွယ့် ။

      အဲလိုပဲပေါ့ကွယ် တရုတ် ထဲက အရိုင်း နှင့်ပဲ ဆက်ဆံနေရတဲ့ ဘဝ ကိုး ။
      အဘ လဲ ဝန်ခံရတော့မှာပါ ဒီကောင်တွေ မကောင်းတာကို ။
      တစ်ယောက် ပြောတာ ခံငြင်းလို့ ရပေမယ် ၊
      အယောက် တစ်ရာ ပြောလာရင်တော့ ၊
      ဒီကောင်တွေ တခုခု မဟုတ်တော့တာ သေချာနေပါပြီ ။

      ဟင်းးးးး ။ ကမ္မသကာ ပဲလေ ။

    • kai

      April 4, 2012 at 3:12 am

      Chinese, Japanese, American, English ဘာကောင်ဖြစ်ဖြစ်.. ကားပေါ်မှာ.. ကိုယ်ထိလက်ရောက်.. စော်ကားလာရင်.. ပါးချလိုက်ပေါ့ကွယ်..
      အော်ပေါ့ကွယ်.. တိုင်ပေါ့ကွယ်…။

      အဲ..
      မြန်မာဖြစ်လည်း.. ပါးသာချလိုက်..
      အဲ..အဲ.. ကချင်ဖြစ်နေလည်း.. လက်နှေးနေဖို့မလိုအပ်ပါ..
      မိန်းမတယောက်ရဲ့.. အခွင့်အရေးဖြစ်ပါကြောင်း..။
      ယဉ်ကျေးမှုမြင့်တဲ့ နိုင်ငံက.. လူတိုင်း(လူတိုင်း) က.. ကိုယ့်ဖက်(မိန်းမဖက်)ကပါပြီး.. ရပ်တည်ပေးကြမှာဖြစ်ပါကြောင်း..။ 🙂

    • Moe Z

      April 4, 2012 at 11:34 am

      ဖြစ်မှဖြစ်ရလေ တစ်လမ်းလုံးသည်းခံလာတယ်ပေါ့
      သဂျီးပြောသလိုပါးမရိုက်ရဲရင်တောင်
      ကားပေါ်မှာနေရာလဲဖို့ဆိုတာ သိပ်မခက်တဲ့ကိစ္စပါကွယ်
      တစ်ခြားခရီးသည်အမျိုးသားတစ်ယောက်ယောက်ကို အကူအညီတောင်းလိုက်ရင်တောင်အဆင်ပြေမှာပါ
      မိန်းကလေးပေမယ့် ဒီလိုမျိုးကြုံခဲ့ရင်ရှက်ကြောက်မနေသင့်ဘူး
      အဲဒီအရိုင်းအစိုင်းတွေကို အားပေးသလိုဖြစ်သွားမယ်
      ရင်မောပါတယ်ကွယ် 👿

  • san di

    April 3, 2012 at 7:09 pm

    ုုုkai ပြောတာလက်ခံပါသည်။

  • san di

    April 3, 2012 at 9:11 pm

    အဘထံမှ ခွင့်လွတ်မှုနှင့် သမီးခေါ်သံကြောင့် ဝမ်းသာ၍ မျက်ရည်ဝဲမိတာ အဘမြင်စေချင်ပါသည်။ သေသွားသော မိဘနှစ်ပါးကို သတိရမိပါသည်။

    • Foreign Resident

      April 4, 2012 at 6:17 am

      သမီးရေ အဘ ရေးထားတဲ့
      ” စဉ်းစားကြစေလိုပါတယ် ( ၁၃ ) ” ကိုပါ
      ဖတ်ကြည့် စေလိုပါတယ်ကွယ် ။

      အမှန် တကယ် ကတော့
      ခြံစည်းရိုး ခတ်ဖို့ တာဝန် ရှိတဲ့သူတွေ ကိုယ်နှိုက်က
      ခြံစည်းရိုး မခတ်တဲ့ အပြင် ( အပြင် )
      သူတို့ရဲ့ ပုဂ္ဂလိက ကိုယ်ကျိုးစီးပွား အတွက် ၊
      ကိုယ့် ခြံစည်းရိုး ကိုယ်ပြန်ပြီးတောင် ထင်းပြန်ခွေနေလို့ ၊
      ခြံစည်းရိုး မလုံဖြစ်နေတာ ပါကွယ် ။

      အဲဒီတော့ အဘတို့ မြန်မာ သားချင်းများ ခမျာ ၊
      ကိုယ့် ဖအေ အရင်း ကိုယ်တိုင် က မကောင်းတဲ့ အခါမှာတော့ ၊
      အမိမဲ့သား ရေနည်းငါး ၊ ပထွေးမျှော် ဘဝ ကို ရောက်ရရှာတာပါ ။

      အဘ လည်း တစ်ခါတစ်လေ ၊ ဂရုဏာ ဒေါသော နှင့် ပြောမိပေမယ့် ၊
      အဘ ကိုယ်တိုင်လည်း မြန်မာ သားချင်းတွေရဲ့ ဘဝ အတွက် ၊
      စဉ်းစားမိတိုင်း စိတ်မကောင်း ဖြစ်ရပါတယ်ကွယ် ။
      သူတို့ ( အဘ တို့ မြန်မာ သားချင်းတွေ ) စိတ်ကောင်းရှိကြရှာတယ် ။
      အဘ သိတယ် ။
      သူတို့ ( အဘ တို့ မြန်မာ သားချင်းတွေ ) ဒီဘဝ နှင့် မထိုက်တန်ဘူး ။
      အဘ သိတယ် ။

      အဘ ကံကောင်းတယ် တရုတ် ကပြားဖြစ်နေလို့ ။
      မြန်မာ စစ်စစ်ဖြစ်လို့ကတော့ ၊
      အဘ စိတ်ခံ နှင့် သေချာတယ် နိုင်ငံရေးသမားဖြစ်နေပြီ ။
      ထောင်ထဲကို ဝင်ချည် ထွက်ချည် နေမှာ ။

  • ko ko soegyi

    April 3, 2012 at 9:15 pm

    “ဒီမြေဟာ ငါတို့မြေ.. ငါတို့ရောင်းစားဖို့မြေ” လို့များမှတ်နေကြလားမသိဘူး.. ဈေးလေးနည်းနည်း တက်လာရင်ကို ရောင်းချင်နေကြပြီ.. အချိန်အခါမသိ.. အခြေအနေမကြည့်.. အမြင်လည်း မရှိ.. မြေရောင်းပြီး မြို့ပြင်ထွက်ဖို့ပဲပြင်နေကြတာကိုး.. ရလာတဲ့အမြတ်အစွန်း.. အဲ. မဟုတ်ပါဘူး.. ငွေပိုလေးတွေကျတော့လည်း ဘာတွေလုပ်လိုက်သည် မသိ.. ဗလာနှင့် မရှိ… (ငပိ ချဉ်ပေါင်နဲ့ပဲ ထိုက်လို့ထင်ပါတယ်… )

  • shwe kyi

    April 3, 2012 at 9:44 pm

    San di ရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။

  • Green Rose

    April 3, 2012 at 10:52 pm

    အဲဒီ့ကိစ္စ Green Rose လည်းသတင်းကြားတယ်။ (မြစ်ဆုံမှာ) မြေကိုဝယ်ပြီး မြေပေါ်မှာ တစ်ခုခုလာလုပ်တာမျိုးမဟုတ်ဘူး ။ မြေကြီးတွေကို ဝယ်ပြီး တရုတ်ပြည်ကို ကားနဲ့တင်ပြီးယူသွားတာ။ Green Rose သိရသလောက်တော့ အဲဒီ့မြေကြီးတွေထဲမှာ တချို့ အဖိုးတန်၊ အသုံးဝင်တဲ့သတု္ထတွေ ပါတယ်တဲ့။ ဒုံးကျည်ထိပ်ဖူးမှာသုံးတာဆိုလား…… နောက်ပြီး ရွှေလိုမျိုးလည်းပါမယ်ထင်တယ်။ နောက်တစ်နေရာက ကယားပြည်နယ်က ဘော်တွင်းက မြေကြီးတွေကို ရောင်းစားနေတာ တော်တော်ကြာပြီ (အရင်ကတော့ ဒေါ်ကြိုင်ကြိုင်ရဲ့ Fund လို့ပြောတယ်)
    အဖိုးတန်တယ်လို့ သတ်မှတ်ထားတဲ့ တွင်းထွက်လိုမျိုးတွေကိုပေးလိုက်ရတာကိုမနှမြောပါဘူး။ စဉ်းစားနေမိတာက အဲလို မြေကြီးတွေကို အမြောက်အမြား ဖယ်ထုတ်လိုက်ရင် နောက်ပိုင်းဖြစ်လာမယ့် အကျိုးဆက် သဘာဝဘေးအန္တရယ် တွေကိုပါ။ လက်လှမ်းမှီတဲ့လူတွေ စုံးစမ်းကြပါဦးနော…. Green Rose လည်း သူများပြောတာပဲ ကြားခဲ့တာဆိုတော့ မသေချာလို့ပါ။ ဟုတ်ဖို့တော့ များပါတယ်။
    ရေရှည်ကို မကြည့်ပဲ ခုခဏလေးအကျိုးအတွက်ပဲ ကြည့်ကြည့်ပြီး လုပ်ချင်ရာလုပ်တဲ့လူတွေနဲ့တော့ စိတ်ညစ်ပါတယ်။ (ကိုယ်ကျိုးနည်းတာမဟုတ်ဘူး ကိုယ်ကျိုးတွေများနေတာ)

  • Oo Oo

    April 3, 2012 at 11:38 pm

    ဦးဦးလဲစစ်တွေမြို့မှာမွေးဖွါးပြီး လူ့လောကထဲကိုရောက်လာခဲ့ရတဲ့ တရုတ်လူမျိုးတစ်ယောက်ပါပဲ။
    ဦးနေဝင်း နှိပ်ကွပ်မှုအောက်မှာ .နိုင်ငံမဲ့တဲ့လူသားတစ်ယောက်အဖြစ် ဟိုမရောက်ဒီမရောက်ကြီးပျင်းလာခဲ့ရတာကို
    ဆယ်တန်းအောင်ပြီးလို့တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အချိန်ကျမှသိခဲ့ရတယ်။
    ကလေးဘဝကထဲက စာကြိုးစားခဲ့လို့၁ဝတန်းမှာအမှတ်ကောင်းခဲ့ပေမယ့် အမေက FRC ဖြစ်လို့ (RIT) ဆိုတဲ့ရန်ကုန်စက်မှုတက္ကသိုလ်
    ကိုတက်ခွင့်မရခဲ့ပါဘူး…ဝါသနာပါလွန်းတဲ့စက်မှုအင်ဂျင်နီယာဘာသာရပ်ကိုသင်ယူခွင့်ဆုံးရှုံးခဲ့ရတယ်..ကလေးဘဝကထဲက
    မက်ခဲ့တဲ့အိမ်မက်တွေဟာ ဆယ်တန်းအောင်ပြီးလို့တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အချိန်မှာ ပြိုကျပျက်စီးသွားခဲ့ရတယ်
    ဒါဟာမြန်မာပြည်မှာမွေးဖွါးလူဖြစ်လာခဲ့တဲ့ တရုတ်အနွယ်ဖွါး လူသားတစ်ဦးရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ နာကျင်ချက်သေးသေး
    လေးပါပဲ..အဲ့ဒီသေးသေးလေးက ကျနော့ဘဝကိုအကြီးကြီးပြောင်းလဲစေခဲ့တယ်..ပညာရှင်တစ်ယောက်အဖြစ်အသက်မွေးနိုင်ခွင့်
    ကိုရိုက်ချိုးခံခဲ့ရပေမယ့်..အခြားတစ်ဖက်မှာအစွမ်းကုန်ကြိုးစားခဲ့ရတယ်။အဲ့လိုခံစားချက်တွေရှိခဲ့ပေမယ့်လည်းစိတ်ထဲမှာ
    အခုအချိန်အထိ မြန်မာပြည်ကိုကိုယ့်တိုင်းပြည်အဖြစ်ချစ်နေဆဲပါပဲ။တိုးတက်နေတဲ့တိုင်းတစ်ပါးမှာအခြေချနေခွင့်ရှိနေပေမယ့်
    တနေ့မှာပြည်တော်ပြန်ဖို့ဆုံးဖြတ်ထားဆဲပါပဲ..ထေရဝါဒဗုဒ္မတရားတော်တွေဟာအသိစိတ်ထဲမှာကိန်းအောင်းနေဆဲပါပဲ။
    ကိုယ့်ကိုကိုယ်လည်းမြန်မာလူမျိုးအဖြစ်သာခံယူထားဆဲပါပဲ…
    (ဒါကတော့..မြန်မာပြည်ဖွါးတရုတ်လူမျိုးတစ်ယောက်ဖြစ်တဲ့ .. ကျနော့ရဲ့မှုပိုင်ခံစားချက်ကိုချပြယုံသက်သက်ပါ )

Leave a Reply