“ဟာသ အတိုအထွာများ”

“ဟုတ်သားပဲ”

ကျောင်း၌ သင်ထားသော သင်ခန်းစားများကို သားအား အမေက စစ်၏။

အမေ။ ။ သားရေ…ကမ္ဘာကြီးလုံးတယ်လို့ ဘယ်သူက ပြောခဲ့သလဲ။

သား ။ ။ ပထဝီသင်တဲ့ ဆရာမပါ…အမေ။

“ငါး အမြန်ကြော်နည်း”

ကုမ္ပဏီတစ်ခု၌ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပျှော်ပွဲရွှင်ပွဲများ ကျင်းပပေး၏။ ထိုပျှော်ပွဲရွှင်ပွဲထဲမှ ထူးထူးခြားခြား ငါးအမြန်ကြော်နိုင်သူအား ဆုပေးမည့် အစီအစဉ်လည်း ပါဝင်၏။ ထိုပြိုင်ပွဲပြီးဆုံးချိန်တွင် ဆုရရှိသူမှာ ငါးအား တစ်စက္ကန့်တည်းဖြင့် အမြန် ကြော်နိုင်သူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူက ငါးအား အောက်ကိုချ၍ ဟိုဘက် ဒီဘက် ခုန်ကျော်လိုက်သောကြောင့်ပင်။

“စကား မဆုံးသေးဘူး”

မနီ၏ အိမ်ရှေ့သို့ ရဲတစ်ယောက် ရောက်လာခဲ့၏။ ထိုရဲက မနီအားမြင်သောအခါ ဝမ်းနည်းသော လေသံဖြင့်

ရဲ။ ။ ဒီအိမ်က မနီရဲ့ အိမ်လား ခင်ဗျာ။

မနီ။ ။ ဟုတ်ပါတယ်ရှင့်။ ဘာများ အကြောင်းထူးလို့လဲ။

ရဲ။ ။ ခင်ဗျား ယောက်ျား ခင်ဗျားသုံးဖို့ ကားအသစ် တစ်စီး ဝယ်လာတယ်ဗျ။

မနီ။ ။ အော်… ဘာများလဲလို့။ ဒါ ဝမ်းသာစရာ သတင်းပဲဟာ။ ရှင်က ဘာဖြစ်လို့ မျက်နှာမကောင်း ဖြစ်နေရတာလဲ။

ရဲ။ ။ နေအုံးလေ…ကျွန်တော် စကား မဆုံးသေးဘူးဗျ။ ကျွန်တော် အဓိက ပြောချင်တာက ခင်ဗျား ယောက်ျား ကားအသစ်ကို စမ်းမောင်းရင်း ချောက်ထဲကျသွားတာ ပြောမလို့ပါ။

“ကဗျာ အလှဘွဲ့”

သူဌေးမ ဝဝကြီးတစ်ယောက် ဆင်းရဲသော လူငယ်လေး တစ်ယောက်အား လက်ထပ်ယူလိုက်၏။ ထိုသူငယ်မှာ သူမနဲ့ မယူခင်တည်းက ကဗျာရေးခြင်း ဝါသနာပါမှန်း သူမ သိ၏။ ထို့ကြောင့် သူ့အား မင်္ဂလာဦးညတွင် သူမ၏ အလှအတွက် ကဗျာစပ်ခိုင်းလေသည်။ ထိုသူငယ်မှာလည်း ကြိုးစားပမ်းစား စပ်ပေးရှာပါ၏။ ဌင်းကဗျာမှာ

“လိပ်ခါး ဖားဖင်

ဆင်ခန္ဓာ ဝက်ကိုယ်လုံး

“၀” ကမ္ဘာ အလှမယ်မို့

စဉ့်အိုးက “ရှုံး”

“ဒီ ဥပမာကို သိတယ်”

ဧည့်ခန်းတွင်ထိုင်ကာ အဖေနဲ့သား ဘဝအကြောင်းကို ဆွေးနွေးနေကြ၏။

အဖေ။ ။ ဘဝဆိုတာ တိုက်ပွဲပဲ သားရဲ့။ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်တိုက်ခြင်းဟာ ဘဝပေါ့။

သား။ ။ အင်း…ဟုတ်မယ်နော်။ အဲ့ဒါကြောင့် အဖေနဲ့ အမေ ခဏ…ခဏ ရန်ဖြစ်တာ။

“ဝိသာခါကို မှီချင်တယ်”

မိန်းမ။ ။ ယောက်ျားရေ…

ရာသီဥတုက ပူလိုက်တာ။ လူတစ်ကိုယ်လုံးလည်း ပူနေတာပဲ။

ယောက်ျား။ ။ မင်းကလည်း…ကွာ။

အိုက်တယ်လို့ ပြောစမ်းပါ။

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းသတဲ့။

မင်းက ပူတယ် ပူတယ်ပြောလိုက် ကလေးတစ်ယောက် မွေးလိုက်နဲ့

ခုတောင် ငါ ကလေး ကိုးယောက် အဖေ ဖြစ်နေပြီဟ။

မိန်းမ။ ။ အိုတော်…. ဘာများလဲလို့။

ရှင်နော်.. ကျွန်မ “ဝိသာခါ” ကို မမှီသေးဘူး ရှင့်။

“ကမ္ဘာကြီး ရွာဖြစ်သွားရင်”

ယောက်ျား။ ။ မိန်းမရေ..

ဒီဆောင်းပါးကို ကြည့်စမ်း။

ကမ္ဘာကြီးက ရွာတစ်ရွာ ဖြစ်သွားပြီတဲ့။

ကမ္ဘာ့ရှေ့ခြမ်းက အော်သံကို ကမ္ဘာ့ အနောက်ခြမ်းက စက္ကန့်အပိုင်းအခြားနဲ့တင်

ကြားနေရပြီတဲ့။

မိန်းမ။ ။ ဟင်… အဲ့ဒါမှ ဒုက္ခပဲ။

ကျွန်မ ခုနက အီးကျယ်ကျယ် ပေါက်လိုက်မိတယ်။

*** ကျွန်တော် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဟာသများကို ထွင်ပြီး ရေးကြည့် မိပါတယ်။ သူငယ်ချင်းတို့ ရယ်မော ပျှော်ရွှင်ရတယ်ဆိုရင် ကျွန်တော်လည်း ထပ်တူ ပျှော်ရွှင်ရမှာပါ။***

အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ…

စေပိုင်ထွဋ်(ပုသိမ်)

14 comments

  • water-melon

    April 8, 2012 at 7:00 pm

    မရယ်ရတာကြာပြီတော့
    စိတ်ကျဉ်းကျပ်နေတာ
    အခုအားရပါးရ ရယ်လိုက်ပါတယ်တော်
    ဟီး ဟီး ဟီး
    မှတ်ချက်။ ။အခြောက်ဂိုဏ်းဝင်များလည်း အားရပါးရရယ်တော်မူပါ။

    • စေပိုင်ထွဋ် (ပုသိမ်)

      April 8, 2012 at 7:17 pm

      အဟီး
      ကောင်းတယ်
      ဂိုဏ်းဝင်တွေကို ရှောက်သီးဆေး ကြော်ငြာရိုက်ဖို့ ကမ်းလှမ်း ပစ်မယ် ဟိဟိ

    • စေပိုင်ထွဋ် (ပုသိမ်)

      April 9, 2012 at 9:24 pm

      အဟဲ အသံထွက်ကို ယူလိုက်တာလေ

  • manawphyulay

    April 9, 2012 at 11:11 am

    အီးကျယ်ကျယ်ပေါက်ရင်တော့ ဒဏ်ငွေဆောင်ရမယ်မှတ်… ဒါပဲ…

  • kyeemite

    April 9, 2012 at 11:43 am

    ရယ်သောသူအသက်ရှည်၏တဲ့..
    ရယ်သွားပါသတော်..

    • စေပိုင်ထွဋ် (ပုသိမ်)

      April 9, 2012 at 9:18 pm

      ပါးစပ် ဟ ရယ်ပါက သွားပေါ်၏

      အဟီး

  • a me

    April 9, 2012 at 1:04 pm

    ရယ်ရပါတယ် ကို စေပိုင် ရယ် ဒီလောက်စဉ်းစားတက်တာပဲ တော်တော်ကြီးကိုပဲ တော်နေပါပြီ

    • စေပိုင်ထွဋ် (ပုသိမ်)

      April 9, 2012 at 9:26 pm

      လက်ခုပ်တီးရင်တော့ ကျွန်တော့် ကွေးအောင် ကချင်လာတယ်
      ကျေးဇူးပဲဗျာ

  • အရင့်ရောင်

    April 9, 2012 at 1:10 pm

    မရယ်ရလို့ ရယ်ရပါတယ်……

    • စေပိုင်ထွဋ် (ပုသိမ်)

      April 9, 2012 at 9:29 pm

      တွေးပြီးမှ ရယ်ရအောင် ရေးထားတဲ့ ဟာသမျိုးမို့ တုတ်တိုးအိုးပေါက် ဟာသမျိုးလို
      ဒီအတိုင်း ဖတ်လိုက်ရုံနဲ့ ရယ်ရမည် မဟုတ်ပါ
      ဝှက်ဖဲဆန်သော ဟာသများ သွပ်သွင်းထားခြင်း ဖြစ်သောကြောင့်
      ဟာသခံစားမှုနဲ့ စာဖတ်နာမှုအပေါ် မူတည်သည်ဟု ပြောလိုပါသည်။

Leave a Reply