Meeting Minutes တွေအတွက် အကောင်းဆုံး Microsoft OneNote

Kaung Myat HtutApril 15, 20121min1313
Microsoft One Note
Microsoft One Note

 

 

 

 

 

 

 

 

အစည်းအဝေးမှတ်တမ်းတင်ဖို့အတွက် software တွေအများကြီးရှိပါတယ်။ အခမဲ့ရနိုင်တဲ့ software၊ web-based၊ စသည့်ဖြင့်ပုံစံမျိုးစုံရှိပါတယ်။ ရှိတဲ့အထဲမှာမှ အများကြီးလေ့လာကြည့်တဲ့အခါမှာ အကောင်းဆုံးက Microsoft OneNote ဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ ထိပ်ဆုံး software ငါးခုထဲမှာမှ Microsoft OneNote ဟာစစ်တမ်းအရ ၄၅% ကကြိုက်နှစ်သက်ကြောင်းမဲပေးခဲ့ကြသည်။ ၎င်းဟာအစည်းအဝေးမှတ်တမ်းယူတာထက်ပိုပြီး များစွာလုပ်ဆောင်နိုင်ပါတယ်။ Desktop version ဆိုရင်တော့ Windows တစ်မျိုးတည်းမှာပဲအသုံးပြုနိုင်ပါတယ်။ အဓိကအားသာချက်ကတော့ လူတိုင်းနီးပါးက Microsoft Office တွေကိုသုံးနေကျဖြစ်လို့ ရင်းနှီးမှုရနေတာကြောင့်ဖြစ်ပါတယ်။

ဒုတိယနေရာမှာရှိနေတာက Web app ဖြစ်တဲ့ Minutes.io ဖြစ်ပြီး ၂၃% ကကြိုက်နှစ်သက်ပါတယ်။ တတိယနေရာက LessMeeting ကတော့ အခမဲ့ရနိုင်ပြီး ၁၂% ကြိုက်နှစ်သက်ပါတယ်။ နံပါတ်လေးနေရာမှာရှိနေတာကတော့ Meeting.gs ဖြစ်ပြီး ၆% အောက်မှာသာရှိပါတယ်။

စာရေးသူသည် PC World Myanmar နှင့် Auto Mobile PC Guide Magazine များတွင် ပင်တိုင်ရေးနေသော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။

3 comments

Leave a Reply