အိတ်ကပ်ထဲထည့်နိုင်တဲ့ Sony Tablet P

Kaung Myat HtutApril 15, 20123min1884

Sony Tablet P Specs
OS: Android 3.2.1
Screen: dual 5.5-inch TFT LCD
Processor and RAM: 1GHz dual-core Tegra 2 / 1GB RAM
Storage: 4GB+2GB (expandable via microSD)
Camera: Back: 5MP, Front: 0.3MP
Weight: 0.82 pounds
Battery: Li-Ion 3080 mAh
Price: $400 w/ 2yr contract, $550 w/o

Sony Tablet P 2
Sony Tablet P 2

အခုနောက်ဆုံးပေါ် iPad လို tablet တွေက အရွယ်အနည်းငယ်ကြီးတဲ့အတွက် အိတ်ကပ်ထဲထည့်လို့ မရပါဘူး။ ဒါကြောင့် Sony ကနေ အိတ်ကပ်ထဲ ထည့်ပြီး သယ်သွားနိုင်တဲ့အရွယ်ရှိတဲ့ Sony Tablet P အမည်ရှိတဲ့ Tablet တစ်ခုအသစ်ထုတ်လိုက်ပါတယ်။ Portable ဖြစ်တဲ့အပြင် Pocket-able လည်းဖြစ်ပါတယ်။ Play Station ကအသိအမှတ်ပြုသည့်အပြင် Sony Music, Sony Video စသည်များဖြင့်ပါတွဲဖက်အသုံးပြုနိုင်သည်။

Tablet P ဟာမျက်မှန်ထည့်တဲ့ဘူးပုံစံမျိုးဖြစ်ပါတယ်။ ဆလင်ဒါပုံရှိတဲ့ဘူးကို ပြားအောင်ဖိချထားသလိုမျိုးရှိပါတယ်။ အရင်ရှိပြီးဖြစ်တဲ့ Tablet တွေလို တစ်ဆက်တည်းမဟုတ်ဘဲ ၅.၅ လက်မအရွယ်ရှိတဲ့ Screen နှစ်ခြမ်းခွဲထားပါတယ်။ အတိအကျပြောရရင် Screen ဘေးကဘောင်တွေအပါအဝင် 5.125 လက်မရှည်ပြီး 4.94 လက်မကျယ်ပါတယ်။ လေးထောင့်စတုရန်းကျကျပုံစံဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ စတုရန်းပုံလေးထောင့်ရှိတဲ့ screen နဲ့သင်ရုပ်ရှင်ကြည့်ချင်မှာမဟုတ်ပါဘူး။ Screen နှစ်ခုစလုံးမှာ 1024×480 resolution ရပါတယ်။ Screen နှစ်ခုအကြားမှာ ချိတ်ဆက်ထားတဲ့ ပတ္တာခပ်ကြီးကြီးနှစ်ခုရှိပါတယ်။ ပြီးတော့လည်းကြားထဲမှာ screen လုံးဝမရှိပဲ ဘောင်သာရှိနေပါတယ်။ တစ်နည်းပြောရရင် screen ရဲ့အလယ်မှာ လက်မဝက်နီးပါရှိတဲ့အမည်းရောင်လိုင်းကြီးတစ်ခုကန့်လန့်ဖြတ်ရှိနေသလိုဖြစ်ပါတယ်။

Sony Tablet P 4
Sony Tablet P 4

Screen နှစ်ခုပါတဲ့အတွက် အားသာချက်များရှိပါတယ်။ Screen နှစ်ခုအစား တစ်ခုတည်းအနေနဲ့ ချဲ့ကြည့်နိုင်ပါတယ်၊ (အလယ်မှာတော့ လိုင်းတစ်ခုပါနေမှာပါ။) Screen နှစ်ခုကိုလည်း ခွဲသုံးနိုင်ပါတယ်။ ဥပမာ – Crash Bandicoot လို game မျိုးအတွက်ဆိုရင် Screen တစ်ခုက game ကိုပြနေမှာဖြစ်ပြီး နောက်တစ်ခုက Game Control ကိုပြနေမှာဖြစ်ပါတယ်။ စာအုပ်ပုံစံရှိနေတဲ့အတွက်လည်း ဒေါင်လိုက်ထောင်ထားပြီး စာဖတ်ရလွယ်ကူစေပါတယ်။

Sony Tablet P 3
Sony Tablet P 3

Tablet P ကိုထုတ်တဲ့အခါမှာ Sony က App 36 ခုကို Pre-Install အနေနဲ့ထည့်ပေးလိုက်ပါတယ်။ အခုထွက်ထွက်ချင်းတော့ နောက်ထပ် app ပေါင်း ၄ဝ ကျော်ကို Select App မှတဆင့် download ရယူနိုင်ပါတယ်။ Screen နှစ်ခုစလုံးကိုမသုံးချင်ရင်လည်း တစ်ခုကိုပိတ်ထားနိုင်ပါတယ်။
Ph network နဲ့သုံးမယ်ဆိုရင် US မှာတော့ HSPA+ ကိုအသုံးပြုထားတဲ့ 4G network မှာပါအသုံးပြုနိုင်ပါတယ်။ သီအိုရီအရတော့ download speed 21Mbps ရှိတယ်ဆိုပေမယ့် လက်တွေ့မှာတော့ အနည်းငယ်နှေးပါတယ်။ OS အနေနဲ့ Android 3.2 (Honeycomb) ကိုအသုံးပြုထားပါတယ်။

Sony Tablet P 1
Sony Tablet P 1

အားသာချက်
Sony Tablet P ရဲ့အားသာချက်ကတော့ ဘောင်းဘီအိတ်ကပ်ထဲကို ဖုန်းအကြီးစားတစ်ခုကဲ့သို့ ထည့်ပြီးသယ်သွားနိုင်ပါတယ်။ သိပ်ပြီးအဆင်ပြေပြေတော့ မဟုတ်ပါဘူး။ အပေါ်အကျင်္ ီအိတ်ထဲထည့်မှ ပိုအဆင်ပြေပါတယ်။ ၁၃ အောင်စသာလေးလို့သိပ်မသိသာပါဘူး။ Sony Music Unlimited, Video Unlimited စသည်တို့နှင့် ချိတ်ဆက်အသုံးပြုနိုင်သည့်အားသာချက်ရှိသည်။ Messaging နှင့် Gmail app တို့ပါဝင်သည်။ Screen နှစ်ခုအားသာချက်ကြောင့် screen တစ်ခုကစာတွေကိုပြနေပြီး ကျန်တဲ့ screen တစ်ခုက keyboard အဖြစ်ပြောင်းသွားတာကြောင့် လက်နဲ့စာရိုက်ဖို့အတွက် အဆင်ပြေစေပါတယ်။ Calendar app ကလည်းအထူးကောင်းမွန်ပါတယ်။ Battery ကဖြုတ်လဲနိုင်တာဖြစ်လို့ အပိုတစ်ခုဝယ်ပြီး ကြာကြာသုံးနိုင်ပါတယ်။

အားနည်းချက်
အားနည်းချက်အနေနဲ့စပြောရရင် Screen နှစ်ခုရှိနေတာပဲဖြစ်ပါတယ်။ အဓိက ကတော့ Screen နှစ်ခုအလယ်မှာရှိနေတဲ့ အမည်းရောင်လိုင်းကြီးဖြစ်ပါတယ်။ Screen နှစ်ခုရှိလို့ တစ်ခုမှာ video ကြည့်နေပြီး၊ ကျန်တစ်ခုမှာ အခြားအလုပ်လုပ်နေရရင်   ကောင်းမှာပေါ့လို့တွေးမိမှာပါ။ တကယ်တော့ မဟုတ်ပါဘူး။ Screen တစ်ခုမှာ app တစ်ခု run ထားပြီးကျန်တစ်ခုမှာ အခြား app တစ်ခု run လို့မရပါဘူး။ Video ကြည့်ဖို့အတွက်လည်းအဆင်မပြေပါဘူး။ Screen ကြီးကြီးရှိနေတဲ့ ဖုန်းမှာ ရုပ်ရှင်ကြည့်ရတာကမှ ပိုကောင်းပါသေးတယ်။ Resolution ကြီးကြီးပေးထားတယ်ဆိုပေမယ့် screen ဟာ အနည်းငယ်မှောင်ပါတယ်။

ခပ်စောင်းစောင်းကကြည့်ရင် သေသေချာချာမမြင်ရပါဘူး။ နေအလင်းရောင်အောက်မှာ လုံးဝမမြင်ရပါဘူး။
Tablet P ဟာ Game ကစားဖို့သိပ်မသင့်တော်ပါဘူး။ Screen နှစ်ခုရှိနေတဲ့အတွက် Tank Hero တို့လို game မျိုးတွေကစားရတာ အဆင်ပြေစေပေမယ့် touch screen ဟာတိကျမှုမရှိတဲ့အတွက် အဆင်မပြေဖြစ်ရပါတယ်။ Tablet တွေအပေါ်မှာ game ကစားရတယ်ဆိုတာ ငါးလက်မလောက်ရှိတဲ့ tablet မှာအပြည့်ကစားရတာဖြစ်ပါတယ်။ အခုလို တစ်ဝက်ခွဲထားတဲ့ tablet မျိုးမဟုတ်ပါဘူး။

PlayStation game အဟောင်းလေးတွေကစားရင် graphic ကသိပ်အဆင်မပြေတာကို တွေ့ရပါတယ်။ control အပိုင်းတွေမှာ အစက်အပြောက်တွေနဲ့ မသဲကွဲတာကိုတွေ့ရပါတယ်။ ဒါကိုတော့ game အဟောာင်းတွေဖြစ်နေလို့ခွင့်လွှတ်လို့ရပေမယ့် PS game တွေဟာ USD 6  ပေးရတဲ့ Pop game တွေမဟုတ်ပါဘူး။ ပြီးတော့လည်း high-quality HD game တွေကစားဖို့ဆိုတာ တော်တော်စဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Samurai Revenge တို့၊ Shadowgun တို့လို game တွေကို tablet မှာ screen ကြီးကြီးနဲ့ကစားရတာအဆင်ပြေပေမယ့် Sony Tablet P လို stretched လုပ်ထားတဲ့ screen မှာကစားရတာကတော့ ပျော်စရာမကောင်းပါဘူး။ Built-in ပါလာတဲ့ speaker ကလည်းအသံတိုးတိုးလေးပဲထွက်ပါတယ်။ အရွယ်သေးပြီး ထင်ထားသလောက် မကောင်းပါဘူး။

စွမ်းဆောင်ရည်ပိုင်းမှာလည်း အားရမှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ CPU အနေနဲ့ ၂၀၁၁ ကတည်းကထွက်ခဲ့တဲ့ tablet တွေမှာ အသုံးပြုထားတဲ့ 1GHz dual-core Tegra 2 ကိုပဲဆက်လက် အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ နောက်ဆုံးပေါ်မသုံးလို့ မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ screen နှစ်ခုကို ထိန်းနိုင်ဖို့ဆိုရင် ဒီ CPU နဲ့တင်မလုံလောက်ပါဘူး။ တစ်ဖက်ကကြည့်ရင် ဒါဟာ Sony ရဲ့ Third-party UI ကြောင့်လည်းဖြစ် နိုင်ပါတယ်။ Andriod tablet တွေမှာဖြစ်နေကျမဟုတ်တဲ့ ထစ်တာတွေ၊ lag ဖြစ်တာတွေတွေ့ရပါတယ်။ Battery စားနှုန်းနဲ့ပတ်သက်လို့ သာမန်သုံးစွဲမှုတွေမှာ အဆင်ပြေပါတယ်။ ဒါပေမယ့် ပေါ့ပါးတဲ့ game အသေးလေးတွေ ကစားမယ်ဆိုရင်တောင် ၂၄ နာရီမခံပါဘူး။ ဒါတောင် Gmail နဲ့ Calendar sync လုပ်တာလောက်ပဲရှိပါသေးတယ်။ Facebook, Twitter, RSS စတာတွေ အကုန်သုံးလိုက်မယ်ဆိုရင် မတွေးရဲစရာဖြစ်ပါတယ်။

Wi-Fi ဆွဲအားကလည်းသိပ်မကောင်းပါဘူး။ 4GB built-in storage ပဲပါပြီး ထပ်လိုချင်ပါက 2GB micro SD card ထည့်ပြီးအသုံးပြုနိုင်ပါတယ်။

အခုဝယ်သင့်ပါသလား?
အခုချက်ချင်းတော့ မဝယ်သင့်သေးပါဘူး။ USD 150 လောက်နဲ့ဝယ်လို့ရမယ်ဆိုရင်တောင် ကျွန်တော်ကန့်ကွက်ဦးမှာပါ။ US မှာ AT&T Data Contract (2 years) နဲ့ဆိုရင် USD 400 ဆိုတော့ ဈေးကြီးပါတယ်။ အလွတ်ဝယ်ချင်ပါက USD 550 နဲ့ဝယ်နို်င်ပါတယ်။ Sony က tablet လောကမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားထုတ်လုပ်ပေမယ့် ဖြစ်မလာသေးပါဘူး။ တကယ်တမ်းတော့ ဖုန်းလောက်တောင်မှ screen အရွယ်မရှိပါဘူး။ portable လည်းသိပ်မဖြစ်ပါဘူး။ ဖုန်းခေါ်ဆိုမှုလည်း မရပါဘူး။ Tablet လည်းကိုင်ချင်တယ်။

အိတ်ထဲထည့်လို့ရအောင်လည်း သေးချင်တယ်ဆိုရင်တော့ ရ လက်မအရွယ် tablet တွေဈေးကွက်ထဲမှာရှိပါတယ်။ ဒီလိုခေါက်လို့ရတဲ့ tablet တွေစွမ်းဆောင်ရည် မြင့်လာပြီး လူကြိုက်များလာတဲ့အခြေအနေရောက်မလာခင်အထိတော့ စောင့်ကြည့်ဖို့လိုအပ်ပါတယ်။

စာရေးသူဟာ PC World Myanmar နှင့် Auto Mobile PC Guide Magazine များတွင် ပင်တိုင်ရေးသားနေသော ဆောင်းပါးရှင်ဖြစ်သည်။

4 comments

  • ကိုရင်မောင်

    April 15, 2012 at 9:21 pm

    ခုလိုရှင်းပြပေးတာကျေးဇူးပါ….

  • kai

    April 16, 2012 at 2:14 pm

    ကြည့်ရတာ..
    အူကြောင်ကြောင်.. ဆိုနီပစ္စည်းလို့မှတ်ပါတယ်..။
    ဝယ်ဖို့.. .စိတ်မကူးပါ…။

    အယ်လ်အေက နွေဆို.. ပူတယ်လေ.
    ဆိုတော့.. တီရှပ်ဝတ်ကြတာမှာ.. ထည့်စရာအိပ်ကပ်က ရှိတာမဟုတ်…
    ဘောင်းဘီအိပ်ထဲထည့်လို့ရမှ.. ဖြစ်မှာ…

  • Kaung Myat Htut

    April 16, 2012 at 2:29 pm

    ဟုတ်ပါတယ်။ ဒါကြောင့် သိအောင်ပြောပြပြီး စာရဲ့အဆုံးနားမှာ မဝယ်ဖို့ပြောထားပါတယ်။
    ဒါနဲ့ ဒီစာရေးဖို့ပုံတွေရှာတုန်းကတော့ ကောင်မလေးငယ်ငယ်လေးတစ်ယောက်က ဂျင်းဘောင်းဘီ အတိုအပြတ်နောက်မှာထည့်ထားတာတွေ့လိုက်ရတယ်။ ကွန်မကောင်းလို့ မယူဖြစ်တာနဲ့ နောက်ရှာလို့မတွေ့တော့ဘူး။ အဲဒီပုံတင်ထားမိရင်တော့ စာဖတ်ဖြစ်မှာမဟုတ်ဘဲ ဝယ်ကြမှာသေချာတယ်။ 😀

Leave a Reply