ဆိုးရွားသော သတင်းဆိုးအတွက် တုံ့ပြန်မှုလေးပါ

ဝက်ပေါက်April 25, 20121min1175

ကျွန်တော် တစ်ခါမှ ပိုစ်မတင်ဖူးပါဘူး အမှားပါရင် သဘောထားကြီးပေးစေလိုပါတယ်

မေးထဲက ကူးယူဖော်ပြတာပါ Serene Lim လို့နာမည်ခေါ်တွင်တေသာ စင်္ကာပူ ထုတ် Today သတင်းစာမှ ဆောင်းပါးရှင် အမျိုးသမီးဟာ ကျွန်တော်တို့ အမိ မြန်မာပြည်  မှ ကျိုက်ထီးရိုး သို့ အပန်းဖြေ ရန် လွန်ခဲ့သော အောက်တိုဘာလ က သွားရောက် ခဲ့ရာမှ သူမ မကျေနပ်သော မြန်မာပြည်မှ မတိုးတက်သေးသော transport အကြောင်းကို ငြီးတွားရင်း မြန်မာပြည်ရဲ့ မတိုးတက်သေးသော အချက်တော်တော်များများကို ပြစ်တင် ရှုံချထားတာကို ပြန်လည် ဝေဖန်တောင်းပန်ခိုင်းထားသော သတင်းတစ်ရပ်ဖြစ်ပါတယ် စာရေးသူရဲ့ အာဘော်ကို ဖတ်ချင်ရင်တော့ http://www.todayonline.com/Travel/EDC120407-0000004/To-Myanmar-with-love မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်

ပြန်လည်တုံ့ပြန်ဝေဖန်ထားသော ကောင်မလေးရဲ့ အာဘော်ကတော့ http://www.youtube.com/watch?v=rfu4i1k0YOM&feature=related မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်

အားလုံးရဲ့သဘောထားလေးတွေကို မျော်လင့်နေပါတယ်

 

 

5 comments

  • ဝက်ပေါက်

    April 25, 2012 at 12:26 am

    အနော်တင်တဲ့ ပို့စ်မှာ ဘာလို့ ကြေငြာ pop-up ကြီး တက်နေတာလဲဟင်
    သိတဲ့သူရှိရင် ပြောပြပေးပါနော်

  • ဘမျိုး ဘိုးတူ

    April 25, 2012 at 12:31 am

    post တင်တဲ့ လူတိုင်းမှာ ဖြစ်တာပါ လူလေးရယ်
    အမောင်ဝက်ပေါက်မှ မဟုတ်ပါဘူးကွယ် ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 25, 2012 at 1:22 am

    ရွာကိုပြန်တဲ့ဖလိုက်

    ကော်နရှင် စုတ်တဲ့ ဒဏ်ကို မောင်ဂီ့ အလူးအလဲ ခံနေရပါသည်..
    သည်ရောက် တုန်းလေး တခုခု အမှတ်တရဖြစ်အောင်
    ရေးမည် ဆိုတော့လည်း ဘာရေးရမှန်းမသိ. …

    ဘဘဘလက်ကတော့ Red Ocean Strategy အကြောင်းရေးတဲ့ …
    ရည်ညွှန်းကိုးကား အလွန် အရှာပျင်းသော မောင်ဂီ့ တယောက်
    ကော် မကောင်းတာ လေး အကြောင်းပြပြီး ပေကပ်ကပ် လုပ်နေမိပါသည်…။

    ဒါ့ပုံတင် ဖို့ ကျပြန်တော့လည်း ..သိတဲ့အတိုင်း …
    (ဆာကူရာတွေ ရိုက်လာပြီး မိုးတွင်းလောက်ကျမှ တင်နိုင်တော့လည်း မုဒ် က ဘယ်လိုမှ မကောင်း)

    ဟီး .. ဘာလုပ်ရမှန်း မသိ မရေးဘဲလည်း မနေနိုင် သည်တော့ … နည်းနည်း လွဲတယ်ထင်တာလေး
    ရေးကြည့် သေးသပေါ့ဗျာ…

    ဂလိုပါ … အဂ္ဂမဟာ သုဝဏဘုမ္မိ လေဆိပ် ကြီးမှာ …ထွမ်ဇစ် စီးခဲ့တုန်းက ပေါ့…
    (အရင့်အရင် အခေါက်တွေတုန်းကလည်း ထူးမခြားနား ကြုံခဲ့ပါသေးတယ်..)
    ဒါပေမယ့် သတိမထားဖြစ်ခဲ့ .အမှုအမှတ်မဲ့ နေခဲ့ဖြစ်ပါတယ်…
    ခုကတော့ သိတယ်မလား ..သဂျီးမင်း ကြပ်ပေးထားတဲ့ CJ ပိုးလေးကဝင်နေလေတော့..
    ဘာလေးပဲဖြစ်ဖြစ် …စောင့်ကြည့် မှတ်တမ်းတင် ပြီးသကာလ ဖွ …အဲ့ လေ…
    ရေးသား ဖြစ်တယ်ပေါ့ဗျာ…

    တီဂျီ ဖလိုက်နဲ့ ဘန်ဂေါက် တူ ရန်ကုန် အစီးမှာ ခည …

    သများတို့ အမျိုးတွေ အများစု ပါတဲ့အဲယာဘက်စ် ကြီးပေါ်မှာပေါ့..
    သများနား ထိုင်တဲ့ အမျိုးသား တယောက်ခည …လဝက ဖောင်ကို
    လေယာဉ်အတက်မှာ စားပွဲလေး ခင်းပြီး ဖြည့်ပါသတဲ့…
    လှေယာဉ်မယ်..(တိန်. .အဲ့လာ ..တိုကိယိုမှာ ကျန်ခဲ့ဘီ) အဲ့လေ ..
    လေယာဉ်မယ်လေးက လေယာဉ်အတက်မို့ ခုံတွေ မတ်မတ်ထားပြီး စားပွဲမခင်းထားဖို့
    မပီကလာ ပီကလာ အင်းဂလိလို လာပြောလေရဲ့…
    ဒါကို
    ကိုယ့်ဆြာသမားက သူ့ကို မောင်ဂီ့တို့ရှေ့မှာ သူ့ကို လေယာဉ်မစီးဘူးတဲ့ တောသား ဆိုတဲ့ စတိုင်မျိုးရင့်တယ် ခံစား

    သွားသလား မသိ …
    အလွန် အင်မတန် စိတ်ထိခိယက်သွားပြီးသကာလ ..
    ရဒယ်လေ ..ဆိုတဲ့ ဗမာစာဂျီးကို ပီသကြည်မြစွာ ရွတ်ဖတ်ပြီးသကာလ..
    သူ့ ဘောင်းဘီပေါ်စာအုပ် ၃-၄အုပ်ခံပြီး ဆက်ရေးပါသတဲ့ ….
    ကိုယ့်ဆြာရယ် …၁နာရီလောက်ကြီး အမြင့်ပေ၃သောင်းရထောင်ပေါ်မှာ
    အားယားနေမယ့်ဥစ္စာ …အဲ့မှာ ဖြည့်ပါလားဗျာ…
    ဆေ့းဖတီး ဖာစ့် ဆိုတာလေးရယ်…. တာဝန်အရ ပြောရတာ ဆိုတဲ့
    ပရော်ဖက်ရှင်နယ်လဇင် လေးရယ်.. စည်းကမ်း ဆိုတဲ့ .. ကီးဝါ့ဒ် လေးရယ်ကို
    တွေးသင့်တယ် ထင်တာပဲ ….
    အင်းလေ ထားပါတော့ … တလွဲဆံပင်ကောင်းတာလေး..
    ဂလိုနဲ့ လေမြန်ဂျီး တက်သွားပြီးသကာလ….
    ယပက်လက် စလုံး တခွင် ပြဲပြဲစင် လှည့်လည် အပန်းဖြေပြီးသကာလ
    ပြန်လာကြတယ် ယူဆရတဲ့ အဖွဲ့ထဲက လူဂျီးတယောက် ..မိုးဒိုးမတ်တတ် နဲ့ ..
    လေယာဉ်ရှေ့နဲ့ နောက် ကူးလာခေါက်တုန့် နေပါသတဲ့…
    ဟင်. …..
    ကိုယ့်ဆြာတို့ …ဘတ်စ်စကား တိုးစီး မတ်တပ်စီးကြတော့ …ကိုယ့်ဆြာတို့ပဲ
    ဟို တိုင်ကြီး ၄လုံးကို မိုးမွှန်အောင် ဆဲကြပြီးတော့ … ဂုတော့ …
    ပကျွတ်. ..လှေယာဉ် (တယ် စွဲနေသကိုး) လေယာဉ်ကို လေယာဉ်လို စီးပါလား ကိုယ့်ဆြာတို့ …
    ဂလိုနဲ့ ..ထမင်းဗူးလေးတွေ ဝေတဲ့အချိန် ရောက်ပါလေရော..
    ညနေ၅နာရီခွဲလောက်ဆိုတော့ ..ဆာတယ်လဲမဟုတ် ..မဆာဘူးလည်း မဆိုနိုင်တဲ့
    အချိန်လောက်ကိုး ဗျ…
    ရွာကအမျိုးတွေ ဇာတိပြပါတော့တယ်… ဆစ်လခ် အဲ က ဘယ်လို … အဲအေးရှားက ဘယ်ညာ..
    တီဂျီက တော့ ခိုကြောင်း… အရသာမကောင်းကြောင်း … စသဖြင့် …နိုင်ဂျံဂါး လေကြောင်းလိုင်းတွေ
    ကို နှိုင်းယှဉ် ခွဲခြမ်း ပြောဆိုသံတွေ ..မိုးမွှန်ပါတော့တယ်..
    အသက် ၅ဝအရွယ် (အော်ဇီ)လို့မှတ်ရတဲ့ စုံတွဲ၂တွဲကတော့ …စားစရာရှိတာစားရင်း အေးဆေးပါပဲ ….
    ကျုပ်ကတော့ စားစရာရှိ စားပစ်လိုက် တာပါပဲ ….
    သားစိမ်းငါးစိမ်းတောင် ကျလိန်းလာခဲ့မှတော့ …
    အရသာ ဆိုတာ ..စဉ်းတောင် မစဉ်းစားမိပါဝူးဗျာ…
    ဟုတ် အမြင့်ပေ ၃သောင်းရထောင်မှာ … အီတာလီယာ ရွက်စရွန့်လေး
    ဖရန်စစ် စတန်းဒင်းဘားလေး မှ မပါဘဲဗျ….
    လက်တလော ဗိုက်ဆာမှုကို ဖြေရှင်းပေးတဲ့ အာဟာရ အတွက်တော့ …
    တီဂျီကို ကျေးကျေးပါ… (ဝန်ဆောင်မှုမကောင်းရင် နောင် ရွေးချယ်စရာပေါလာတဲ့အခါ…
    သူ့သဘောသူ ဆောင်မှာမို့ ..မဝေဖန်လိုပါ…) သည်းမခံနိုင်ရင် ကန်ပနီကို စာပို့ပါ…
    ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေအပေါ်မှာ
    မဲ့ပြတာ ..နားမလည်ပေမယ့် မကောင်းပြောတာမှန်း ခံစားမိနိုင်မယ့် တုန့်ပြန်မှုမျိုးလုပ်တာတော့
    ရိုင်းရာကျမယ် ထင်ပါကြောင်းဗျာ…
    ဂလိုနဲ့ …ဟို မဏ္ဍပ်ကြီး ..အဲ့လေ.. လေဆိပ်ကြီး ကို ဆိုက်ရောက်ပါတော့တယ.်.
    အဲ့သည့်မှာ ဇာတ်လမ်းကစတော့တာပါပဲ …
    ရွာကိုပြန်တဲ့ လက်ဆောင်တွေကို ဟန်းကယ်ရီတွေနဲ့ တနင့်တပိုးဝယ်ယူလာကြတဲ့
    ကိုယ့်ဆြာသမားများ ..လေယာဉ်ပေါ်မှာ ဟို လူ့ခေါင်းပေါ်က အံဆွဲ လွတ် ဟိုလူ့ခေါင်းပေါ်တင်
    သည်လူ့ခေါင်းပေါ်က အံဆွဲလွတ် သည်လူ့ခေါင်းပေါ်တင်… လက်ဆင့်တွေ ကမ်းကြ …ပြုတ်ကျကြ..
    ကောက်ထည့် …ပျံ့ကျဲ … ဟော ..ကျုပ်ခေါင်းပေါ် လက်တွေဝဲ..
    တိန်….သေပဟ …
    အဲ့သည်လိုလေးဒွေ ရှိပါကြောင်း ….
    ဒါတောင် ..တန်းမစီတာ စုပြုံတိုးတာတွေက …
    သိပြီးသားမို့ …သီးခြား မရေးချင်တော့ တာက တကြောင်း…ရယ်မို့
    အချုပ်ပြောရရင်တော့ ..ကျုပ်တို့ ရိုင်းသေးရဲ့ဗျာ….
    ပြင်ကြပါစို့ ….
    တော်သေးဘီ…
    ခင်တဲ့
    ဂီ
    http://myanmargazette.net/117576/creative-writing

  • water-melon

    April 25, 2012 at 6:53 am

    ဝက်ပေါက်တဲ့ ကင်ပြီး ထန်းရည်နဲ့မြည်းလိုက်ရင်ကောင်းမယ်
    နည်းတဲ့ဝက်ပေါက်ကြီးမဟုတ်ဘူး ဂလု ဂလု

  • htoosan

    April 25, 2012 at 9:48 am

    တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်ပါဘူး .. သူမြင်တာ သူရေးတာလို့ ဘဲ ခံစားမိပါတယ်။ ကျိုုက်ထီးရိုး ကားတွေက လည်း သူပြောသလိုပါဘဲ။
    တစ်ခုဘဲ ပြောစရာရှိတာ က သူ မစောင့်နိုင်ရင် ကားစီးလုံး ငှား လို့ ရပါတယ် ။ သူ့ ဂိုက်က မပြောပြဘူးလား ဆိုတာ တစ်ခု ။
    ကျန်တာက တော့ ကိုယ့် အမြင်နဲ့ ကိုယ် ။

Leave a Reply